Binance Wallet

Binance Wallet ပေါ်မှာ Alpha airdrop တွေ အတော်များများလုပ်လာကြတာကို အားလုံးသတိထားကြမိမှာပါ။ Alpha token တွေကို အဝယ် volume ရှိရုံ၊ ကိုယ့်ရဲ့ Binance account ထဲမှာ balance ရှိနေရုံနဲ့ point တွေရနေမှာဖြစ်ပြီး Binance ဖက်က သတ်မှတ်တဲ့ point ပမာဏနဲ့ ကိုယ့်ဆီက point ပမာဏကိုက်ညီတယ်ဆိုရင် airdrop ရနိုင်မှာပါ။

.
ဒါကြောင့် Binance Wallet ကနေတဆင့် Alpha token တွေကို အရောင်းအဝယ်လုပ်နှုန်းဟာ တောက်လျှောက်ထိုးတက်လာခဲ့ပါတယ်။ နှစ်စမှာတုန်းက swap လုပ်တဲ့ ဈေးကွက်မှာ OKX က 44.6% က ဦးဆောင်နိုင်ခဲ့ပြီး Metamask က 18.5% အထိရှိခဲ့တဲ့အချိန်မှာ Binance Wallet ရဲ့ ဈေးကွက်ဝေစုကတော့ 3.4% သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် Binance Alpha airdrop တွေ မိတ်ဆက်ပြီးချိန်မှာတော့ Binance Wallet ရဲ့ ဈေးကွက်ဝေစုဟာ 93% အထိကို ခုန်တက်လာခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာ zero to hero ဖြစ်သွားခဲ့တာပါပဲ။
.

Alpha Token

ဒီလောက်အထိ ထိုးတက်သွားခဲ့ရတဲ့ အကြောင်းရင်းကတော့ Alpha token တွေကို trade တဲ့အခါမှာ Binance exchange ထဲက ငွေနဲ့ပဲ trade လို့ရနိုင်တာ၊ airdrop ရနိုင်ဖို့အတွက် point တွေ မမှီမှီအောင် နေ့တိုင်း trade နေကြရတာ၊ Binance ရဲ့ user base ကလည်း အကြီးကြီးဖြစ်တာကြောင့် Alpha trade ကြသူတွေဟာလည်း အများကြီးဖြစ်လာတာ၊ ဒီလိုအကြောင်းရင်းတွေကြောင့် Alpha ဟာ ဈေးကွက်ထဲမှာ ဆရာကြီးဖြစ်လာခဲ့ပုံပါပဲ။
.
ဒါပေမယ့်လည်း Binance Alpha airdrop တွေနဲ့ပတ်သက်လို့ ဝေဖန်သံတွေကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Point စနစ်နဲ့သွားတာဖြစ်ပြီး နေ့တိုင်း trade နေရတာဖြစ်လို့ fees တွေကုန်နေရတဲ့အပြင် point မမှီလို့ airdrop ပြန်မရတဲ့အခါ နစ်နာမှုတွေရှိကြောင်း၊ project တွေရဲ့ airdrop တွေအတွက် ရည်ရွယ်ထားတဲ့ allocation ပမာဏအတော်များများဟာ ပုံမှန် airdrop ပုံစံတွေထက် Binance Alpha airdrop ထဲကိုပဲ စီးဝင်သွားကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။

Airdrop

ပုံမှန် airdrop တွေမှာဆိုရင် bug တွေစစ်ပေးရတာ၊ community အင်အားတောင့်လာအောင် refer တွေခေါ်ပေးရတာ၊ testnet တွေ စမ်းသပ်ပေးရတာမျိုးတွေရှိပေမယ့် ဒီလို user တွေအတွက် ပုံမှန် airdrop ပေးတာမျိုးမှာ ဝေစုနည်းသွားပြီး Alpha ကနေတဆင့်ပဲ airdrop ပေးတဲ့ project မျိုးတွေရှိလာတာကြောင့် project စတည်းက အမာခံပါဝင်လာခဲ့တဲ့ user တွေအတွက် နစ်နာကြောင်း ဝေဖန်မှုတွေရှိနေသလို Alpha ကို သပိတ်မှောက်ဖို့အတွက် တောင်းဆိုမှုတွေအထိပါ ရှိလာနေပါတယ်။
.
ဒါပေမယ့်လည်း ပုံမှန် airdrop တွေမှာ ရမှန်းမသိ၊ မရမှန်းမသိ ခန့်မှန်းလို့မရဘဲ “airdrop ဆိုတာ နတ်ကြီးပါတယ်” လို့ ပြောရတဲ့အထိ ဖြစ်နေတာကြောင့်လည်း အချို့ user တွေက Alpha airdrop ကို ပိုပြီးအားသန်လာနေကြတာကိုလည်း တွေ့ရပါတယ်။ Point တွေ များနိုင်သမျှ များများယူထားရုံနဲ့ airdrop အတွက် မျှော်မှန်းလို့ရနိုင်ပြီး အနည်းဆုံး 10$ ကနေ 100$ ကျော်အထိ ရနိုင်တယ်ဆိုတာဟာ Binance user တွေအတွက်ရော၊ airdrop hunter တွေအတွက်ပါ မျက်စိကျစရာဖြစ်လာစေခဲ့တာကြောင့် Alpha ဟာ ဈေးကွက်ထဲမှာ ရွှေထီးဆက်ဆောင်းနေနိုင်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL