Token Unlock နဲ့ Trading ဘယ်လိုပတ်သက်နေလဲ

Crypto trading တွေ စလုပ်ပြီဆိုရင် FA (Fundamental Analysis) အတွက် သတင်းတွေ လိုက်ရှာဖတ်၊ အချက်အလက်တွေ လိုက်ရှာကြရပါတယ်။ ဒီလို သတင်းတွေ လိုက်ဖတ်၊ အချက်အလက်တွေရှာကြတဲ့အခါ crypto token unlock တွေအကြောင်းကို တကွေ့မဟုတ်တကွေ့တော့ တွေ့ကြရလေ့ရှိပါတယ်။
.
များသောအားဖြင့် X နဲ့ Telegram တို့လို social platform တွေမှာ အများဆုံး တွေ့ရလေ့ရှိပြီး ဘယ် token ကတော့ ဘယ်အချိန်မှာ ဘယ်လောက်ပမာဏ unlock ဖြစ်ပြီး ဈေးကွက်ထဲ ဝင်လာတော့မယ်၊ ဈေးကွက်အလှုပ်အခတ် သတိထားကြပါ ဆိုပြီး သတိပေးတတ်ကြလေ့ရှိပါတယ်။ Myan Crypto page မှာလည်း အလျဉ်းသင့်သလို ဘယ် token တွေ ဘယ်အချိန်မှာ unlock ဖြစ်လာမယ်ဆိုပြီး တင်လေ့ရှိပါတယ်။
.
ဒီလိုမျိုး token unlock တွေ ဖြစ်လာတဲ့အခါ အတော်များများမှာလည်း သက်ဆိုင်ရာ crypto တွေ ဈေးကျတတ်လေ့ရှိပြီး unlock မလာခင်တည်းက ကြိုကျနေတာမျိုးတွေပါ ရှိတတ်ပါတယ်။ ဒါကြောင့် trader တွေဟာ token unlock တွေ လာဖို့ ရှိတယ်ဆိုရင် ပုံမှန်ထက်ပိုသတိထားပြီး trade ကြလေ့ရှိပါတယ်။

ဒါဆိုရင် token unlock တွေဆိုတာ ဘာကိုပြောတာလဲ?

Crypto Project အတော်များများဟာ သူတို့ရဲ့ token တွေကို supply တခုသတ်မှတ်ပြီး ထုတ်ကြလေ့ရှိပါတယ်။ ဥပမာ ABC token ကို အများဆုံး total supply အဖြစ် 1 billion ထုတ်မယ်ဆိုရင် ဈေးကွက်ထဲ စဝင်ဝင်ချင်းမှာ 200 million လောက်ပဲ ထုတ်ပေးလိုက်ပြီး ကျန်တဲ့ token တွေကို 6 တလတခါပဲဖြစ်ဖြစ်၊ 1 နှစ်တခါပဲဖြစ်ဖြစ် အချိန်တခု၊ ပမာဏတခုသတ်မှတ်ပြီး ဈေးကွက်ထဲ ဖြည်းဖြည်းချင်း ထည့်ပေးသွားတာမျိုးပါ။
.
အချို့ project တွေကတော့ team အတွက် ထုတ်သုံးမယ့် token တွေ၊ အကြံပေးတွေ၊ contributor တွေကို ထုတ်ပေးမယ့် token တွေကိုလည်း token unlock ကနေတဆင့် ထုတ်ပေးတတ်ကြပါတယ်။ ဒီ process ကြီးတခုလုံးကို vesting အဖြစ် အတော်များများသိကြပြီး ဈေးကွက်ထဲ token တွေ ဝင်လာတာကိုတော့ token unlock ဖြစ်တယ်လို့ ဆိုတတ်ကြပါတယ်။
.
Token unlock တွေဖြစ်လာတဲ့အခါ ဈေးကွက်ကို အကျိုးသက်ရောက်မှုရှိတတ်ပြီး အများအားဖြင့်တော့ ဈေးကျတတ်ပါတယ်။ အကြောင်းကတော့ ဈေးကွက်ထဲကို token အသစ်တွေ ဝင်လာတာကြောင့် supply ပိုများလာတာကြောင့်ဖြစ်သလို token တွေကို team ဒါမှမဟုတ် contributor တွေဆီ ထုတ်ပေးလိုက်တဲ့အခါ ဒီလူတွေကလည်း token တွေကို သူတို့အကျိုးအမြတ်အတွက် ထုတ်ရောင်းတတ်ကြတာကြောင့် supply ကလည်း များလာ၊ ရောင်းအားကလည်း များလာတာကြောင့်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။
.
နောက်တချက်ကတော့ လန့်ပြီး ကြိုရောင်းတတ်ကြလို့ ဈေးတွေကျတာလည်း ပါပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ supply တွေများလာတာ၊ token ရတဲ့လူတွေကနေ ထုတ်ရောင်းလာမှာတွေကို ကြိုတင်စိုးရိမ်ပြီးတော့ ဈေးမကျခင်၊ မြတ်နေတုန်းမှာ ကြိုရောင်းထားပြီး ဈေးကျမှ ပြန်ဝယ်မယ်ဆိုတဲ့အကြံနဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒီလိုအကြောင်းအရင်းတွေရှိတာကိုမှ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ သက်ဆိုင်ရာ project နဲ့ ပတ်သက်တဲ့ သတင်းဆိုးတခုခုပါ ထွက်လာခဲ့ရင်တော့ အနီချောင်းကြီးတွေ ထိုးဆင်းတတ်တာမျိုးတွေလည်း ခဏခဏကြုံရတတ်ပါတယ်။
.
ဒါပေမယ့်လည်း ဒီလိုဈေးထိုးကျတာမျိုးတွေဟာ token unlock တိုင်းတော့ ဖြစ်နေတာမဟုတ်ဘဲ အခြေအနေ၊ အချိန်အခါတွေ တိုက်ဆိုင်သွားမှသာ ဖြစ်တတ်တာကြောင့် token unlock လာမယ်ဆိုတိုင်းလည်း အရမ်းကြီးစိုးရိမ်နေဖို့ မလိုပါဘူး။
အခုလိုမျိုး ဈေးတွေ ထိုးတက်နေချိန်မှာ token unlock ဖြစ်လာခဲ့မယ်ဆိုရင် ဈေးကျရင်တောင် ရာခိုင်နှုန်းအသေးလေးတခုပဲကျမှာဖြစ်ပြီး မကြာခင် ပြန်တက်လာတာမျိုးတွေ တွေ့ရပါတယ်။
.
ဥပမာ TRUMP token ဆိုရင် 2025 ခုနှစ် April လ 18 ရက်နေ့တုန်းက TRUMP token 40 million unlock ဖြစ်လာခဲ့ပါတယ်။ ဒီပမာဏဟာ total supply ရဲ့ 20% ဖြစ်ပေမယ့် TRUMP ဈေးဟာ မဆိုစလောက်လေးပဲကျသွားခဲ့ပြီး 19 ရက်နေ့မှာဆိုရင် ဈေးတွေ ပြန်ထောင်တက်လာတဲ့အထိကို ဖြစ်ခဲ့ပါတယ်။ Bitcoin ကလည်း တက်နေပြီး ပြင်ပစီးပွားရေးသတင်းအခြေအနေတွေကလည်း ကောင်းနေတဲ့အခါမှာ ရောင်းအားထက် ဝယ်အားကပိုများနေတာကြောင့် အများထင်သလို မကျသွားခဲ့တာလည်းဖြစ်နိုင်ပါတယ်။ နောက်တချက်ကတော့ ထိပ်ဆုံး TRUMP token holder တွေကို Trump နဲ့ ညစာစားခွင့်ပြုမယ့် event ကြောင့်လည်း TRUMP token တွေ ဈေးထိုးတက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးတွေ ဘယ်လောက်ပဲပြန်တက်တက် TRUMP ဈေးကတော့ အမြင့်ဆုံးတက်ခဲ့တဲ့ဈေး $70 ကို ပြန်ရောက်နိုင်ဖို့ အတော်ကြီး အလှမ်းဝေးနေဆဲဖြစ်နေပါတယ်။
.
နောက်ထပ် ဥပမာတခုကတော့ Altlayer ရဲ့ ALT ပါ။ April လ 25 ရက်နေ့မှာ 300 million ALT ကို ဈေးကွက်ထဲ unlock လုပ်ခဲ့ပေမယ့် crypto ဈေးတွေ ပြန်တက်နေချိန်ဖြစ်တာကြောင့် unlock အပြီး 2 ရက်အတွင်းမှာတင် 28% အထိ ဈေးတွေ ထိုးတက်သွားခဲ့ပါတယ်။ အခြားဥပမာတွေအနေနဲ့ PLUME နဲ့ SCR (Scroll) တို့ဟာလည်း token unlock တွေရှိခဲ့ပေမယ့် TRUMP နဲ့ ALT တို့နည်းတူပဲ အကျနည်းနည်း၊ အတက်များများဖြစ်ခဲ့တာပါ။
.
ဒါကြောင့် token unlock တွေလာမယ်ဆိုတိုင်း ကြောက်နေဖို့မလိုသလို အထူးသဖြင့် crypto ဈေးကွက်ကြီးတခုလုံးက အတက်ဖက်ကိုသွားနေတဲ့ trend ဖြစ်နေပြီဆိုရင် ဈေးကျဖို့ထက် တက်ဖို့ ရာခိုင်နှုန်းပိုများနိုင်ပါတယ်။
.
ဒါပေမယ့်လည်း အကျ trend ဖက်သွားနေတဲ့အခါမျိုးတွေမှာဆိုရင်တော့ လေတိုက်ရင်တောင် ဈေးကွက်ကပြိုဆင်းချင်နေတာကြောင့် token unlock တွေကို သတိထားစောင့်ကြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် ကိုယ် အမြဲ trade နေတဲ့ token က unlock event တွေလာတော့မယ်ဆိုရင် ပိုပြီးတော့တောင် စောင့်ကြည့်သင့်ပြီး ကြိုတင်ပြင်ဆင်တာမျိုးတွေ လုပ်သင့်ပါတယ်။

ဘယ်လိုတွေစောင့်ကြည့်လို့ ရမလဲ?

Token unlock တွေကို စောင့်ကြည့်ဖို့အတွက်ကတော့ CryptoRank၊ DropsTab၊ Tokenomist၊ TokenUnlocks.co နဲ့ Bitquery Docs တို့လို website မျိုးတွေကနေ စောင့်ကြည့်နိုင်ပါတယ်။ ဒီ website တွေထဲ ဝင်ကြည့်လိုက်တဲ့အခါ token တွေရဲ့ unlock event တွေကို ရက်အလိုက်စီပေးထားတာကို တွေ့ရမှာဖြစ်ပြီး ဘယ်လောက်ပမာဏ unlock ဖြစ်လာမယ်၊ ဘယ်အကြောင်းအရာအတွက် unlock ဖြစ်လာမယ်ဆိုတာတွေကို တခါတည်းဖော်ပြပေးထားတာ တွေ့ရမှာပါ။
.
ဥပမာ Team အတွက် token တွေ unlock ပေးလိုက်တာမျိုးတွေဆိုရင် team ဖက်ကနေ ထုတ်ရောင်းဖို့ ရာခိုင်နှုန်းများပါတယ်။ အကြောင်းကတော့ ဒီ token ရောင်းရငွေတွေကိုမှ project ရဲ့ development team က အကျိုးအမြတ်ပြန်ခွဲဝေယူကြရမှာပါ။
ဒါကြောင့် project တွေမှာ team အတွက် ယူထားတဲ့ supply % က အရမ်းများနေတယ်ဆိုရင် ရေရှည်အတွက် မကောင်းဘူးလို့ဆိုကြတာလည်း ဖြစ်ပါတယ်။
.
တကယ်လို့ token unlock တာဟာ ရင်းနှီးမြှုပ်နှံထားသူ စီးပွားရေးလုပ်ငန်းကြီးတွေကို အကျိုးအမြတ် ပြန်ခွဲပေးဖို့ ရှိတယ်ဆိုရင်တော့ ပြန်ရောင်းနိုင်ခြေ အလယ်အလတ်ကနေ ရာခိုင်နှုန်းများများအထိ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံထားသူတွေအနေနဲ့ သူတို့ရဲ့ ဝေစု token တွေကို ရေရှည်အတွက် ကိုင်ထားပြီး ဈေးတက်မှ ထုတ်ရောင်းမယ်ဆိုတာမျိုးလည်း ရှိနိုင်သလို ချက်ချင်းထုတ်ရောင်းပြီး အကျိုးအမြတ်ယူလိုက်တာမျိုးလည်း ရှိနိုင်တာကြောင့်ပါပဲ။
.
တဖန် airdrop တွေအတွက် token unlock ပေးလိုက်တာဆိုရင်တော့ ရောင်းအားတက်လာဖို့က သေချာသလောက်ပါပဲ။ Airdrop hunter တွေအနေနဲ့ token ရရင် ကိုင်ထားဖို့ထက် ထုတ်ရောင်းဖို့ အားသန်တတ်ကြသလို ဒီလိုထုတ်ရောင်းဖို့အတွက်ကိုပဲ ရက်ရှည်လများ ဒုက္ခခံပြီး task တွေ၊ mission တွေ လိုက်လုပ်ထားရတာဖြစ်လို့ airdrop အတွက် token unlock တာဆိုရင်တော့ ဝယ်အားထက် ရောင်းအားကို ပိုမျှော်လင့်ထားသင့်ပါတယ်။
.
ဒီလိုမျိုး token unlock တွေကို ထွက်လာခါနီးမှ လေ့လာကြည့်တာဟာ Futures trader လိုမျိုးတွေအတွက်တော့ အဆင်ပြေပေမယ့် project တခုရဲ့ token တခုကို ရေရှည်ဝယ်စုထားချင်သူတွေကတော့ token unlock တွေဖြစ်တော့မှ ဈေးကျရင်ကျတယ်လို့ မှတ်တာမျိုးထက် ကိုယ်ရေရှည်ဝယ်ကိုင်ထားမယ့် token ရဲ့ နောက်ကွယ်က project အကြောင်း ကြိုတင်လေ့လာထားသင့်ပြီး tokenomics နဲ့ vesting schedule ကိုလည်း သေချာဖတ်သင့်ပါတယ်။ ဒါမှသာ ဘယ်သူတွေကို ဘယ်လောက်ပေးထားပြီး ဘယ်အချိန်တွေမှာ token ဘယ်လောက် ဈေးကွက်ထဲဝင်လာမယ်ဆိုတာကို သိနိုင်မှာပါ။
.
တချို့ project တွေကတော့ ဈေးကွက်အခြေအနေမကောင်းလို့ပဲဖြစ်ဖြစ်၊ development ပိုင်း ဒါမှမဟုတ် partnership ပိုင်းတွေမှာ ပြဿနာတခုခုရှိလို့ပဲဖြစ်ဖြစ် vesting schedule ကို ပြင်ဆင်တာမျိုးတွေရှိတတ်ပြီး token unlock တွေကို ရှေ့တိုး၊ နောက်ဆုတ်တာမျိုးတွေ ရှိတတ်ပေမယ့် အနည်းစုမှာသာ ဖြစ်လေ့ရှိတာမျိုးပါ။
.
အချုပ်ဆိုရရင်တော့ token unlock တွေဟာ သက်ဆိုင်ရာ token ရဲ့ ဈေးကို လွှမ်းမိုးမှုရှိတဲ့ event တွေဖြစ်တာကြောင့် Futures trader တွေလိုမျိုး ဈေးကွက်ကို အမြဲစောင့်ကြည့်နေကြရသူတွေအတွက် ယူတတ်ရင်ယူတတ်သလို အခွင့်အလမ်းတွေ ဖန်တီးပေးနေတာဖြစ်သလို တခါတလေမှာလည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့် token unlock တွေကို သေချာစောင့်ကြည့်သင့်ပြီး ကိုယ့်ရဲ့ trade setup တွေကိုလည်း risk management ပိုင်းတွေ ထည့်သွင်းစဉ်းစားပြီး လိုက်လျောညီထွေပြင်ဆင်တာမျိုးတွေ လုပ်သင့်ပါတယ်။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL