Token Launch

Binance ဟာ ဒီနှစ်ပိုင်းတွေမှာ အပြောင်းအလဲတွေ အတော်များများလုပ်လာတာကို တွေ့ရပါတယ်။ Binance ပေါ်ကနေ တဆင့် token launch တာနဲ့ပတ်သက်လို့ အရင်က Launchpad နဲ့ Launchpool သာရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ Megadrop နဲ့ HODLer Airdrop တို့လို platform အသစ်တွေပါ ထွက်လာနိုင်ခဲ့ပါတယ်။
.
အရင်တုန်းကတော့ Binance ပေါ်ကနေ token launch လုပ်မယ့် project တွေဟာ Binance Listing team နဲ့ပဲ ညှိနှိုင်းမှုတွေလုပ်ပြီး အဆင်ပြေရင် Binance ပေါ်မှာ တင်ခွင့်ရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ Binance ပေါ်မှာ တင်ခွင့်ရဖို့အတွက်ကို user voting နဲ့သွားတော့မှာဖြစ်ပါတယ်။ Main account ထဲမှာ 0.01 BNB ရှိသူတိုင်းဟာ Binance ပေါ်မှာ ဘယ် project ရဲ့ token တင်ခွင့်ရှိမယ်ဆိုတာကို မဲပေးရွေးချယ်လို့ရနိုင်မှာဖြစ်သလို Binance ပေါ်ကနေ ဘယ် token ကို ဖယ်ချချင်တယ်ဆိုတာကိုလည်း မဲပေးရွေးချယ်လို့ရနိုင်တော့မှာပါ။
.
Binance အနေနဲ့ ဈေးကွက်ထဲမှာ နာမည်ကြီးနေတဲ့ project တွေပဲဖြစ်ဖြစ်၊ Binance ပေါ်မှာတင်ဖို့ လာပြောထားတဲ့ project တွေကိုပဲဖြစ်ဖြစ် voting pool ထဲကို ထည့်ပေးသွားမှာဖြစ်ပြီး ဒီထဲကနေမှ ဘယ် project ရဲ့ token ကို Binance ပေါ်မှာ list လုပ်စေချင်တယ်ဆိုတာကို user တွေက ရွေးချယ်ပေးရမှာပါ။
သတ်မှတ်ထားတဲ့ မဲပမာဏ ပြည့်မှီတဲ့ ဒါမှမဟုတ် ကျော်လွန်တဲ့ project တွေကို list လုပ်ပေးသွားမှာဖြစ်ပြီး မဲပေးတဲ့စနစ်တခုလုံးက ဘယ်လိုအလုပ်လုပ်သွားမယ်ဆိုတာကိုတော့ အသေးစိတ်ထပ်ကြေငြာသွားဖို့ ရှိပါတယ်။
.
User တွေဖက်ကတင် မဟုတ်ဘဲ ကိုယ့်ရဲ့ token ကို Binance ပေါ်မှာတင်ချင်တဲ့ project တွေအနေနဲ့လည်း online form အချိန်မရွေးတင်လို့ရနိုင်ပြီး ကိုယ့်ရဲ့ project က ရေရှည်တိုးတက်ဖို့ အလားအလာရှိတယ်၊ ဆန်းသစ်တီထွင်နည်းပညာနဲ့ အခြေခံကောင်းကောင်းရှိတယ်၊ community အားတောင့်တယ်၊ ကိုယ့်ရဲ့ နယ်ပယ်ထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ ရေရှည်အမြင်ရှိတယ် ဆိုရင် form တင်ထားပြီး Binance ဖက်က အကြောင်းပြန်တာကို စောင့်လို့ရနိုင်ပါတယ်။
.
Binance Listing Team ဖက်က ဒီ form တွေကို review လုပ်ပြီးနောက် Binance မှာ list ဖို့ အဆင်ပြေတယ်ဆိုရင် အကြောင်းပြန်ပေးမှာဖြစ်ပြီး Launchpool၊ Megadrop၊ HODLer Airdrop တို့ထဲက တခုခုမှာ ဘယ်လိုပုံစံနဲ့ list လို့ရနိုင်မယ်ဆိုတာကို အကြံပြုပေးမှာပါ။

နောက်တခုကတော့ Binance Wallet ထဲက Observation Zone ပါ။


Project အသစ်တွေ၊ နာမည်ကြီးနေတဲ့ project တွေကို Observation zone ထဲမှာ ထည့်ပေးထားမှာဖြစ်ပြီး Binance team ဖက်ကနေလည်း ဒီ project တွေရဲ့ အခြေအနေကို အဆက်မပြတ်စောင့်ကြည့်နေမှာဖြစ်သလို Binance Wallet ကိုသုံးပြီး token launch လုပ်ထားတဲ့ project တွေကတော့ ဒီ zone ထဲကို အလိုလိုရောက်နေမှာလည်း ဖြစ်ပါတယ်။
.
Zone ထဲက project တခုခုက အခြေအနေကောင်းတယ်ဆိုရင်တော့ Binance ပေါ်မှာ list ဖို့အတွက် အခွင့်အရေးရှိလာနိုင်တာကြောင့် project တွေအနေနဲ့ လုပ်ပြနိုင်ရင် လုပ်ပြနိုင်သလောက် list ဖို့အတွက် အခွင့်အရေးများလေပါပဲ။
.
နောက်ဆုံးတချက်ကတော့ Binance ဟာ market maker တွေ ဈေးကစားတာတွေကို လက်ပိုက်ကြည့်နေတော့မှာမဟုတ်ကြောင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။
.
GoPlus နဲ့ MyShell project တို့ဟာ market maker တခုတည်းနဲ့ အလုပ်တွဲလုပ်ခဲ့တာကို တွေ့ရပြီး ဒီ market maker ဟာ Binance ပေါ်မှာ “လုပ်ထုံးနဲ့မညီတဲ့” လုပ်ရပ်တွေလုပ်ခဲ့ကြောင်း Binance ဖက်က ထုတ်ပြောလာပါတယ်။ ဖြစ်စဉ်အတိအကျကိုတော့ ထုတ်မပြောထားပေမယ့် ဒီကိစ္စကြောင့် market maker ရသွားခဲ့တဲ့ အမြတ်အစွန်းတွေကို ပြန်သိမ်းဆည်းလိုက်ပြီး ထိခိုက်သွားခဲ့သူတွေကို ပြန်လျော်ပေးသွားမယ့်အကြောင်း ကြေငြာထားပါတယ်။ Market maker ကိုလည်း Binance ပေါ်ကနေ ban ထားလိုက်ပြီဖြစ်သလို နောက်ထပ် project တွေရဲ့ market maker တွေအနေနဲ့လည်း Binance ရဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့ ပြောထားပါတယ်။
.
ဖြစ်နိုင်ချေရှိတာကတော့ အခု ban ခံလိုက်ရတဲ့ market maker ဟာ အဝယ်နဲ့အရောင်း order တွေကြားမှာ ကိုယ်ကျိုးရှာခဲ့တာဖြစ်နိုင်ပြီး ဈေးကွက်မတည်ငြိမ်အောင် တမင်လုပ်ခဲ့တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
.
သေချာတာတခုကတော့ ပြီးခဲ့တဲ့ Launchpool အချို့မှာ ဈေးကစားတာတွေ၊ ဈေးဆွဲတင်ဆွဲချလုပ်တာတွေ ရှိခဲ့ကြောင်း ဝေဖန်သံတွေ ထွက်လာခဲ့ပြီးနောက်မှာ Binance ဟာ ဘောင်ထဲကနေ လုပ်လို့ရနိုင်တာတွေ အကုန်လုံးကို တောက်လျှောက်လုပ်လာနေပြီး စည်းမျဉ်းဥပဒေတွေကို လိုက်နာပါတယ်၊ user တွေအတွက် တွေးပေးပါတယ်ဆိုတာကို သိအောင် သေချာလုပ်ပြလာနေတာပါပဲ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL