Bhutan မှာ BinancePay နဲ့ ငွေရှင်းလို့ရနေပါပြီ။
နိုင်ငံခြားခရီးသွားတွေကို အဓိကရည်ရွယ်ဖန်တီးထားတဲ့ ဒီငွေပေးချေမှုစနစ်သစ်ကို BInancePay နဲ့ DK Bank တို့ ပူးပေါင်း ဖန်တီးထားတာဖြစ်ပြီး လေယာဉ်လက်မှတ်တွေ၊ hotel ငှားတာတွေ၊ tour guide ငှားတာတွေနဲ့ အခြား ခရီးသွားဝန်ဆောင်မှုတွေကို BinancePay ကနေတဆင့် Bitcoin၊ USDC နဲ့ BNB တို့အပါအဝင် crypto အမျိုးအစားပေါင်း 100 ကျော်နဲ့ ပေးချေနိုင်ပါပြီ။
.
ဒီစနစ်ဟာ မြို့နေလူထုအပြင် credit card တွေ သုံးဖို့ လက်လှမ်းမမှီနိုင်တဲ့ ကျေးလက်ဒေသတွေက စီးပွားရေးလုပ်ငန်းငယ်တွေ၊ အနုပညာရှင်တွေအတွက်ကိုပါ အထူးတလည်ရည်ရွယ်ထားပြီး သူတို့ဆီမှာ ကုန်ပစ္စည်းတွေ၊ အနုပညာလက်ရာတွေ ဝယ်ယူအားပေးတဲ့အခါ BinancePay ကနေတဆင့် အလွယ်တကူ ငွေပေးချေလို့ရနိုင်တော့မှာပါ။
Binance နဲ့ Bhutan ခရီးသွားဌာနတို့ကတော့ ဒီစနစ်ဟာ ကမ္ဘာမှာ ပထမဆုံး နိုင်ငံတော်အဆင့် ခရီးသွားငွေပေးချေရာမှာ crypto အသုံးပြုလို့ရနိုင်တဲ့စနစ်ဖြစ်ကြောင်း ဆိုထားကြပါတယ်။
.
ဒါပေမယ့်လည်း Bhutan ဟာ သူတို့ရဲ့ သဘာဝအလှတရားတွေ၊ အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ခရီးသွားလုပ်ငန်းကို ကြီးမလာအောင် ကန့်သတ်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် ဒီလိုမျိုး ခရီးသွားလုပ်ငန်း အခြေပြု crypto နဲ့ ငွေပေးချေမှုလက်ခံတဲ့စနစ်ဟာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။
.
ဘာတွေဆက်ဖြစ်နိုင်မလဲ?
တခုရှိတာကတော့ Bhutan အစိုးရဟာ အခုနောက်ပိုင်းမှာ crypto ကို အတော်လေးအားပေးလာသလို 2019 ခုနှစ်တည်းက Bitcoin တွေကို လူမသိသူမသိ ကြိတ်တူးနေခဲ့တဲ့ ရာဇဝင်တွေလည်း ရှိခဲ့ဖူးတာကြောင့် ရုတ်တရက်ထုတ်ပြမယ့် ဝှက်ဖဲတွေလည်း ရှိနေနိုင်ပါတယ်။ လောလောဆယ်မှာတော့ Bhutan ဟာ 13,029 BTC အထိ ပိုင်ဆိုင်ထားပြီး ကမ္ဘာမှာ Bitcoin ပိုင်ဆိုင်မှုအများဆုံး ပဉ္စမမြောက်နိုင်ငံအဖြစ် El Salvador နိုင်ငံအထက်မှာ ရပ်တည်နေပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL