
Crypto industry အတွင်းမှာ blockchain တွေ၊ project တွေဟာ သူ့အားသန်ရာ လိုင်းနဲ့သူတွေရှိကြပါတယ်။ ဥပမာ - TON ဆိုရင် developer တွေအတွက် tool တွေ စုံစုံလင်လင်နဲ့ ကဏ္ဍအလိုက် mini-app တွေအပြည့်ရှိတဲ့ ecosystem ကြီးတခုကို တည်ဆောက်ထားနိုင်တာကြောင့် သူ့ရဲ့ အားသန်ရာလိုင်းဟာ Telegram mini-app တွေလို့ ဆိုနိုင်ပါတယ်။
တဖန် Avalanche တို့လို blockchain တွေဆိုရင်လည်း gaming ဖက်ကို အားသန်တဲ့ chain တွေဖြစ်သလို Axie Infinity တို့ဆိုရင်လည်း Metaverse တို့၊ gaming ပိုင်းတို့ဖက်ကို အားသန်တဲ့ chain တွေပါ။
.
အရှင်းဆုံးပြောရရင်တော့ အချို့သော blockchain တွေဟာ နယ်ပယ်တခုအတွက် သီးသန့်ဖန်တီးထားတဲ့ blockchain တွေဖြစ်သလို အချို့သော blockchain တွေကတော့ သူတို့ပေါ်မှာ လာတင်တဲ့ project တွေက သူတို့အားသန်ရာ နယ်ပယ်တခုကို ဖန်တီးပေးသွားတာပါ။
.
ဒီလို အမျိုးမျိုးကွဲပြားတဲ့ crypto နယ်ပယ်တွေထဲကမှ သူ့အထာနဲ့သူလေးသွားနေတဲ့ နယ်ပယ်တခုရှိပါတယ်။ RWA – Real World Assets ဆိုတဲ့ ပြင်ပလောကက အရာဝတ္ထုတွေကို token အသွင်ပြောင်းပြီး blockchain ပေါ်တင်တဲ့ နယ်ပယ်အမျိုးအစားတခုပါ။
.
RWA ဆိုတာဘာလဲ?
အပြင်ကပစ္စည်းတွေ blockchain ပေါ်တင်တယ်ဆိုတာကို အရင်ကလည်း ရင်းရင်းနှီးနှီးကြားဖူးကြမှာပါ။ NFT ဆိုတဲ့ Non-Fungible Token တွေမှာလည်း RWA Project တွေရှိပါတယ်။ ဥပမာ - အပြင်လောကက ပန်းချီကားကို NFT အဖြစ် အသွင်ပြောင်းပြီး သိမ်းဆည်းထားတာတို့၊ စာရွက်စာတမ်းတွေကို NFT အဖြစ် အသွင်ပြောင်းပြီး blockchain ပေါ် သိမ်းလိုက်တာတို့အပြင် အိမ်ကိုပါ NFT အဖြစ် ပြောင်းပြီး ရောင်းတာမျိုးတွေတောင် ရှိခဲ့ဖူးပါတယ်။
.
ဒါပေမယ့် RWA NFT တွေဟာ ပစ္စည်းအနည်းငယ်လောက်ကိုပဲ မှတ်တမ်းတင်တဲ့နေရာတွေမှာ ဒါမှမဟုတ် သိမ်းဆည်းတဲ့နေရာတွေမှာသာ အဆင်ပြေပြီး တကယ်တမ်း ပစ္စည်းတွေအများကြီးကို blockchain ပေါ်တင်၊ token အသွင်ပြောင်းပြီး အရောင်းအဝယ်လုပ်မယ်ဆိုတဲ့အပိုင်းတွေမှာကျ ဒီအပိုင်းကိုပဲ သီးသန့်သွားမယ့် project တွေလိုလာပါတယ်။
.
RWA ကို သီးသန့်အသားပေးထားတဲ့ blockchain တွေ၊ project ၅ ခု ဖြစ်တဲ့ Mantra်သ, ONDO, Quant, XDC, Maker တွေထဲမှာမှ ပထမဆုံး Project ဖြစ်တဲ့ Mantra Project အကြောင်းကို ပြောပြပေးသွားပါမယ်။
MANTRA ဆိုတာဘာလဲ
Mantra ဟာ RWA အတွက်ကို သီးသန့်တည်ဆောက်ထားတာဖြစ်သလို RWA နဲ့ပတ်သက်တဲ့ အရာအတော်များများကိုလည်း တနေရာတည်းမှာ သုံးလို့ရနိုင်အောင် ဖန်တီးပေးထားပါတယ်။
တဖန် Mantra blockchain ပေါ်မှာ ဖန်တီးလိုက်တဲ့ RWA token တွေကိုလည်း stake လုပ်တာတွေ၊ အချေးအငှားလုပ်တာတွေလုပ်လို့ရနိုင်အောင် စီစဉ်ပေးထားပါတယ်။
ဒါ့အပြင် Mantra blockchain ပေါ်မှာ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေရဲ့ user KYC data တွေကို NFT အဖြစ် အသွင်ပြောင်းသိမ်းဆည်းလို့ရနိုင်မယ့် Mantra DID (Digital Identity) module လိုမျိုးတွေလည်း ရှိသလို လုပ်ငန်းတွေအနေနဲ့ ကိုယ်ပိုင် token ထုတ်ချင်တယ်ဆိုရင်လည်း အဆင်သင့်ယူသုံးလို့ရနိုင်စေမယ့် solution တွေလည်း ဖန်တီးပေးထားပြီး ဖန်တီးလိုက်တဲ့ token တွေကို သက်ဆိုင်ရာ လုပ်ငန်းဖက်ကနေ အပြည့်အဝ ထိန်းချုပ်ခွင့်ရှိနေမှာပါ။
.
Mantra blockchain ဟာ အပြင်လောကက ပစ္စည်းတွေကို token အသွင်ပြောင်းရာမှာ အထူးပြု blockchain တခုဖြစ်တာကြောင့် ဥပဒေပိုင်းဆိုင်ရာတွေနဲ့ အစိုးရစည်းမျဉ်းစည်းကမ်းလိုက်နာရေးတွေကိုလည်း ဦးစားပေးထားပါတယ်။
ဥပမာ Mantra ပေါ်ကတဆင့် RWA token တွေ ဖန်တီးတော့မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန် ဥပဒေတွေ၊ မူဝါဒတွေကို ကူညီဖြေရှင်းပေးနိုင်မယ့် Mantra Guard လို feature မျိုးတွေလည်း ရှိတာကြောင့် ဘာတွေတော့လုပ်လို့ရတယ်၊ ဘာတွေတော့လုပ်လို့မရဘူးဆိုတာကို ကွဲကွဲပြားပြားသိနိုင်မှာပါ။
.
လောလောဆယ်မှာတော့ Mantra blockchain ဟာ Dubai အခြေစိုက် DAMAC Group နဲ့ပူးပေါင်းပြီး အရှေ့အလယ်ပိုင်းဒေသတွင်းက အပြင်လောကပစ္စည်းပေါင်း အနည်းဆုံး $1 billion ဖိုးကို RWA token တွေအဖြစ် အသွင်ပြောင်းနိုင်ဖို့ စီစဉ်နေပါတယ်။ အခုချိန်မှာတော့ DAMAC Group လက်အောက်မှာ ရှိတဲ့ အိမ်ခြံမြေတွေ၊ လုပ်ငန်းစုတွေနဲ့ Data Centre တွေရဲ့ မူပိုင်ခွင့်တွေကို token အဖြစ် အသွင်ပြောင်းဖို့ အဆင့်မှာပဲ ရှိနေပါသေးတယ်။
နောက်ထပ် partnership တခုကတော့ Dubai အခြေစိုက်ပဲဖြစ်တဲ့ MAG Property Management နဲ့ partnership ဖြစ်ပြီး Dubai က လူနေအိမ်ရာစီမံကိန်းတခုအပါအဝင် $500 million ဖိုးအိမ်ခြံမြေတွေကို RWA token တွေအဖြစ် အသွင်ပြောင်းဖို့ ရှိနေပါတယ်။
.
အိမ်ခြံမြေတွေကို token အဖြစ် အသွင်ပြောင်းလိုက်တာဟာ ဝယ်ယူရင်းနှီးမြှုပ်နှံရတာ ပိုလွယ်ကူ၊ ပိုလျင်မြန်သွားမှာဖြစ်သလို လူတိုင်းပါဝင်နိုင်တဲ့ ဈေးကွက်တခုလည်းဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် transaction တွေအားလုံးဟာ blockchain ပေါ်မှာ ရှိနေတာကြောင့် လိမ်လည်တာတွေလည်း လျော့နည်းသွားစေနိုင်ပါတယ်။
.
ဒါပေမယ့် ပြင်ပလောကမှာ ရှိနေတဲ့ ပိုင်ဆိုင်မှု asset တွေကို token အဖြစ် အသွင်ပြောင်းရာမှာတော့ ဘယ်ပုံစံကိုအခြေခံပြီး အသွင်ပြောင်းမလဲဆိုတဲ့အပေါ်မှာ ရှုပ်ထွေးမှုတွေရှိလာနိုင်ပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ဥပဒေတွေ၊ မူဝါဒတွေကလည်း မတူညီတာကြောင့် ဥပဒေကြောင်းအရ ရှုပ်ထွေးခက်ခဲမှုတွေ အတော်များနိုင်ပါတယ်။
.
ဒီလိုအခက်အခဲတွေ ရှိနေပေမယ့်လည်း 2024 နှစ်လယ်ပိုင်းလောက်ကစလို့ RWA ပိုင်းကို လူတွေ စိတ်ဝင်စားမှုများလာခဲ့ပြီး RWA blockchain တခုဖြစ်တဲ့ Mantra ရဲ့ native token $OM က ဒီအချက်ကို သက်သေပြနေပါတယ်။
.
2020 ခုနှစ်တည်းက စတင် launch လုပ်ခဲ့တဲ့ OM coin ဟာ MAG Property Management နဲ့ $500 million တန် partnership စာချုပ်ချုပ်ဆိုအပြီး 2024 ခုနှစ် July လမှာမှ $1 ကို ရောက်နိုင်ခဲ့ပါတယ်။ October လမှာ Mantra mainnet ထွက်လာခဲ့ပြီးနောက်မှာတော့ OM ရဲ့ ဈေးဟာတလအတွင်း $1.4 ကနေ $3.7 အထိ ရောက်သွားခဲ့သလို DAMAC Group နဲ့ $1 billion တန် ပူးပေါင်းမှုအပြီးမှာတော့ OM ရဲ့ ဈေးဟာ $3.5 ကနေ အမြင့်ဆုံးဈေး $8 အထိကို တောက်လျှောက်နီးပါး ထောင်တက်သွားခဲ့ပါတယ်။
.
OM ရဲ့ ဈေးကို ဆန်းစစ်ကြည့်မယ်ဆိုရင် OM ဟာ partnership တွေအပေါ်မှာ မှီတည်နေတဲ့ coin တခုဖြစ်သလို နောက်ထပ် RWA partnership တွေ ထပ်ရလေ၊ ဈေးအပေါ်သက်ရောက်မှု အများကြီးရှိလေဖြစ်လာဦးမှာပါ။
.
ဒါပေမယ့်လည်း RWA နယ်ပယ်ဟာ အခုမှ မြေစမ်းခရမ်းပျိုးတဲ့အဆင့်ပဲရှိသေးတာကြောင့် ခရမ်းသီးပင်က ဘယ်အထိကြီးထွားနိုင်မလဲ၊ ဘယ်လို အခက်အခဲတွေ ကြုံရပြီး ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို အတူတူ လေ့လာစောင့်ကြည့်ကြရဦးမှာဖြစ်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL