2021 Bull Market နောက်ပိုင်းမှာ အကြောင်းမျိုးစုံနဲ့ ဈေးတွေ ထိုးကျခဲ့ပြီးနောက် 2023 ခုနှစ်ကစလို့ bull market ပြန်လာနိုင်အောင် တနည်းအားဖြင့် crypto ဈေးကွက် နလန်ပြန်ထူလာအောင်၊ Bitcoin ကို လပေါ်ပို့မယ့် ဒုံးပျံကို လောင်စာဖြည့်ပေးခဲ့တဲ့ အရာတခုရှိပါတယ်။ Exchange-Traded Fund ဆိုတဲ့ ETF တွေပါ။
.
$ trillion တန်ကြေးရှိ asset တွေကို စီမံခန့်ခွဲနေတဲ့ Black Rock လိုမျိုး လုပ်ငန်းစုကြီးတွေက Bitcoin ETF ဝန်ဆောင်မှုပေးဖို့ US SEC (Securities and Exchange Commission) ဆီမှာ လျှောက်ထားလိုက်ကြောင်း သတင်းထွက်လာချိန်တည်းက Bitcoin ဈေးတွေ ပြန်ထိုးတက်လာခဲ့ပြီး bull market အတွက် မျှော်လင့်ချက်တစ်ရပ်ဖြစ်စေခဲ့ပါတယ်။
.
ဒါဆိုရင် ဒီလောက်အထိ လွှမ်းမိုးမှုကြီးခဲ့တဲ့
ETF တွေဆိုတာ ဘာတွေလဲ?
- ETF ဝန်ဆောင်မှုပေးချင်တဲ့ လုပ်ငန်းစုတခုဟာ ETF ဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ကို သက်ဆိုင်ရာ အစိုးရ agency ဆီမှာ ခွင့်ပြုချက်တောင်းပြီး မှတ်ပုံတင်ရပါတယ်။
- သတ်မှတ်ချက််တွေနဲ့ ကိုက်ညီလို့ ခွင့်ပြုချက်ရတဲ့အခါမှာ ဒီလုပ်ငန်းစုဖက်ကနေ ငွေကြေးတစ်ရပ်စိုက်ထုတ်ပြီး သူ ဝန်ဆောင်မှုပေးချင်တဲ့ cryptocurrency (ဥပမာ Bitcoin) ကို ဝယ်ကိုင်လိုက်ပါတယ်။
- ဒီ crypto တွေကိုလည်း ကြားခံ platform တခုခုမှာ လုံလုံခြုံခြုံ သိမ်းဆည်းထားလိုက်ပါတယ်။ (Black Rock ကတော့ US အခြေစိုက် crypto exchange ဖြစ်တဲ့ Coinbase ရဲ့ Custody service ကို အသုံးပြု သိမ်းဆည်းပါတယ်။)
- သိမ်းဆည်းထားတဲ့ crypto တွေရဲ့ ပမာဏပေါ်မူတည်ပြီး ETF ရှယ်ယာတခု ထုတ်၊ NYSE (New York Stock Exchange) တို့၊ Nasdaq တို့လိုမျိုး stock exchange တွေပေါ်မှာ list လုပ်လိုက်ပါတယ်။
- ဒီအဆင့်တွေပြီးတဲ့နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ ဒီရှယ်ယာတွေကို အခြား stock ရှယ်ယာတွေကို အရောင်းအဝယ်လုပ်သလိုမျိုးပဲ အရောင်းအဝယ်လုပ်လို့ရနိုင်ပါပြီ။
- ETF ဝန်ဆောင်မှုပေးသူတွေဟာ ETF တွေအပေါ်ကနေ 0.2% လောက်ကနေ 1% လောက်အထိ တနှစ်စာ annual fees ပြန်ယူပါတယ်။ သူတို့ရဲ့ ETF ရှယ်ယာတွေကို လူများများဝယ်လေ၊ သူတို့အတွက် အကျိုးအမြတ်များများထွက်လေဖြစ်ပြီး သက်ဆိုင်ရာ crypto ရဲ့ ဈေးတက်ခြင်း၊ ကျခြင်းက ဒီ fees တွေအပေါ်မှာ အကျိုးသက်ရောက်မှုမရှိပါဘူး။
- ETF ရှယ်ယာရဲ့ ဈေးကိုတော့ ETF ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းက ဝယ်ကိုင်ထားတဲ့ စုစုပေါင်း BTC ကို ဈေးကွက်ထဲမှာ ထုတ်ထားတဲ့ စုစုပေါင်း ရှယ်ယာအရေအတွက်နဲ့ ပြန်စားပြီး သတ်မှတ်တယ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။ ဥပမာ BlackRock ဝယ်ကိုင်ထားတဲ့ BTC က $1 billion ဖိုး ရှိတယ်၊ ဈေးကွက်ထဲမှာ BlackRock ရဲ့ Bitcoin ETF ရှယ်ယာပမာဏက 10 million ရှိတယ်ဆိုရင် သူ့ရဲ့ ETF ရှယ်ယာဈေးက $100 ဖြစ်မှာပါ။
.
ဒီနေရာမှာ မေးစရာရှိတာကတော့ Bitcoin လိုမျိုး crypto တွေကို CEX (crypto exchange) တွေမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနေရဲ့သားနဲ့ ဘာလို့ fees တွေ ပေးပြီး ETF ရှယ်ယာတွေကို ဝယ်ကိုင်ကြမှာလဲဆိုတာပါပဲ။
ETF ကိုဘာလို့ ဝယ်ကြတာလဲ?
ETF ဝယ်ကိုင်ကြသူတွေအများစုဟာ သမားရိုးကျ စီးပွားရေးနယ်ပယ်ထဲမှာ ရှိနေကြသူတွေများပါတယ်။ Bitcoin လိုမျိုး cryptocurrency တခုခုရဲ့ ရှေ့အလားအလာကိုလည်း ယုံကြည်တယ်၊ ဒါပေမယ့် cryptocurrency တွေကို ကိုယ်တိုင်ဝယ်ကိုင်တဲ့အခါမှာ သိထားရမယ့် ရှုပ်ထွေးပွေလီနည်းပညာပိုင်းဆိုင်ရာတွေကိုလည်း မလေ့လာချင်ဘူးဆိုရင် သူတို့အတွက် ETF ရှယ်ယာတွေဟာ ရွေးချယ်စရာတခုဖြစ်လာစေပါတယ်။
ဒါ့အပြင် ETF တွေကို အစိုးရဥပဒေအောက်ကနေ တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာကြောင့် အဖွဲ့အစည်းကြီးတွေ၊ လုပ်ငန်းစုကြီးတွေအနေနဲ့ Bitcoin ဝယ်ကိုင်ထားချင်တယ်ဆိုရင်လည်း ETF ရှယ်ယာတွေကို ဝယ်လိုက်တာက ဥပဒေကြောင်းအရ လုံခြုံမှုရှိစေပါတယ်။
.
မကောင်းတဲ့အချက်တွေကတော့ crypto ETF တွေနဲ့ပတ်သက်လို့ ဥပဒေအပြောင်းအလဲတွေ ရှိလာနိုင်တာတွေ၊ ETF အတွက် crypto တွေကို ထိန်းသိမ်းပေးထားတဲ့ custodian platform တွေ hack ခံလိုက်ရတာ၊ ဒေဝါလီခံရတာမျိုး ရှိလာတဲ့အခါ ETF ကိုပါ လာထိခိုက်နိုင်တာမျိုးတွေ၊ နှစ်နဲ့ချီပြီး ရေရှည်ကိုင်ထားတဲ့အခါ fees တွေ အများကြီးပိလာနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါ့အပြင် ETF တွေရဲ့ ဈေးတွေဟာ up to date ဖြစ်မနေဘဲ သူတို့ပြန်တွက်ချက်တဲ့အချက်အလက်တွေကြောင့် data နောက်ကျနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
.
ETF တွေကို ထုတ်ရောင်းအားများတဲ့အခါမျိုးမှာလည်း ETF ရှယ်ယာတွေကို ပိုက်ဆံပြန်မထုတ်ပေးတော့ဘဲ ယာယီရပ်ဆိုင်းထားလိုက်တာမျိုးတွေ ရှိတတ်တာကြောင့် ဒီလိုရပ်နားလိုက်ချိန်တွေမှာ ကိုယ်ဝယ်ထားတဲ့ ETF ရှယ်ယာတွေ တန်ဖိုးကျသွားနိုင်တာဟာလည်း သတိထားရမယ့်အချက်တခုဖြစ်ပါတယ်။
.
ဒါပေမယ့်လည်း Black Rock လိုမျိုး $ trillion တန် အဖွဲ့အစည်းကြီးတခုက Bitcoin ETF ဝန်ဆောင်မှုတွေ စပေးတော့မယ့်အကြောင်း ကြေငြာလိုက်တဲ့အခါ Bull Market ဖြစ်လာစေဖို့ လောင်စာဖြစ်လာစေခဲ့တဲ့အကြောင်းရင်းတွေကလည်း ခိုင်ခိုင်မာမာ ရှိနေပြန်ပါတယ်။
.
ပထမတချက်ကတော့ crypto ETF ဝန်ဆောင်မှုပေးမယ့် လုပ်ငန်းစု - crypto ETF issuer တွေဟာ ETF လည်ပတ်နိုင်ဖို့အတွက် crypto တွေကို အလုံးအရင်းနဲ့ ဝယ်လေ့ရှိပါတယ်။ ဒီလို အလုံးအရင်းနဲ့ ဝယ်တဲ့အခါ ဝယ်လိုအားတွေများလာပြီး ဈေးတွေပြန်တက်လာနိုင်တာကတော့ ပထမဆုံးအကြောင်းအရင်းပါ။
.
ဒုတိယတချက်ကတော့ ပုံမှန်ဆိုရင် cryptocurrency တွေကို ထိတွေ့ဖို့ လက်တွန့်တတ်ကြတဲ့ သမားရိုးကျ အဖွဲ့အစည်းကြီးတွေ၊ လုပ်ငန်းစုကြီးတွေအနေနဲ့ အစိုးရတရားဝင်ခွင့်ပြုထားတဲ့ crypto ETF ရှယ်ယာတွေကို ဝယ်ကိုင်ထားလိုက်ရင် crypto ဝယ်ကိုင်ထားလိုက်တာနဲ့အတူတူနီးပါး ဖြစ်သွားတာကြောင့် ဒီလိုဝယ်ကိုင်တာတွေ များလာတဲ့အခါ လူသုံးပိုများ၊ လူသိပိုများလာနိုင်ပါတယ်။
.
နောက်တချက်ကတော့ spot Bitcoin ETF တွေ သတင်းထွက်လာချိန်မှာ crypto နဲ့ပတ်သက်လို့ အဓိကအာဏာရှိတဲ့ US SEC ဟာ LUNA ecosystem ပြိုလဲမှုတွေ၊ FTX exchange ဒေဝါလီခံသွားရမှုတွေနဲ့ ပတ်သက်ပြီး crypto နယ်ပယ်ကို ကောင်းကောင်းကြီး တင်းကြပ်နေချိန်ပါ။
ဒီလိုအချိန်မျိုးမှာ spot Bitcoin ETF တွေကို ခွင့်ပြုပေးလိုက်တာကြောင့် Bitcoin ကို အသိအမှတ်ပြုလိုက်တဲ့သဘော သက်ရောက်သွားသလို Bitcoin ဝယ်ကိုင်သူတွေအတွက်လည်း ယုံကြည်ချက်ပိုရှိသွားစေပါတယ်။
.
ရင်းနှီးမြှုပ်နှံသူများတဲ့ US လိုမျိုး ဈေးကွက်တွေမှာ ETF ရှိထားတဲ့ crypto တွေအနေနဲ့ liquidity ပိုများလာပြီး ရောင်းအားများ၊ ဝယ်အားများလာတာတွေဟာလည်း သက်ဆိုင်ရာ crypto ရဲ့ ဈေးကို သက်ရောက်မှု နည်းသွားစေပါတယ်။
ဆိုးကျိုးကကော ဘာတွေဖြစ်မလဲ?
ETF issuer တွေကနေ crypto တွေ ဝယ်တဲ့အခါ $ billion နဲ့ချီပြီး အလုံးအရင်း ဝယ်ပစ်တတ်ကြတာကြောင့် crypto supply အများစုဟာ သူတို့ဆီမှာပဲ ရှိနေပြီး ဈေးကစားခံရတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ETF issuer တခုက လုပ်ငန်းအခြေအနေမကောင်းလို့ ကိုင်ထားတဲ့ crypto တွေ ထုတ်ရောင်းနေရပြီဆိုရင်လည်း သက်ဆိုင်ရာ crypto ရဲ့ ဈေးအပေါ် အကျိုးသက်ရောက်မှုရှိပြန်ပါတယ်။
.
ETF တွေနဲ့ သက်ဆိုင်ရာ crypto တွေအကြား အပြန်အလှန်အကျိုးသက်ရောက်မှုတွေကို အခုလက်ရှိ ဈေးကွက်ထဲ ရောက်နေပြီးသား Bitcoin နဲ့ Ethereum ETF တွေကို ကြည့်ပြီး လေ့လာလို့ရနိုင်ပါတယ်။
မကြာခင်မှာလည်း SOL၊ XRP နဲ့ BNB တို့လို altcoin တွေကို ETF ထုတ်ဖို့ စိတ်ဝင်စားနေကြတဲ့ လုပ်ငန်းစုတွေ ရှိနေပြီဖြစ်လို့ ဒီ ETF တွေရဲ့ ပုံစံဟာလည်း Bitcoin နဲ့ Ethereum ETF တွေလိုမျိုးပဲ ဖြစ်လာနိုင်ပြီး ဈေးတက်ဖို့ တွန်းအားတခု ဖြစ်လာနိုင်ပါတယ်။
.
ETF issuer တွေကလည်း ETF တွေရဲ့ AUM (Assets Under Management) fees တွေကနေ အကျိုးအမြတ်ရသလို crypto တခုရဲ့ ETF ကို ဝန်ဆောင်မှုစောစောပေးနိုင်ပြီး လူသုံးများလေလေ၊ သူတို့အတွက် အကျိုးအမြတ်ရော၊ လူသိများမှုပါ မြင့်တက်လေဖြစ်လို့ ETF ဝန်ဆောင်မှုပေးဖို့ကို အပြိုင်အဆိုင်ဖြစ်တတ်ကြတာကြောင့် crypto industry ဟာ နောက်ပိုင်းမှာ အပြိုင်အဆိုင် ပိုကြမ်းသထက်ကြမ်းတဲ့ဈေးကွက်ကြီးတခု ဖြစ်လာဦးမယ်လို့ ယူဆနိုင်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL