စည်းကြပ်ခွန် (Tariffs)
စည်းကြပ်ခွန်မင်းတြားကြီး Trump ကတော့ ကုန်သွယ်ရေးစစ်ပွဲကို ဝေဖန်မှုတွေကြားထဲကနေပဲ အရှိန်ဆက်မြှင့်လာနေပါတယ်။ စည်းကြပ်ခွန်တွေကြောင့် တရက်ကို $2 billion အမြတ်ထွက်နေကြောင်း ကြွေးကြော်ထားသလို တရုတ်နိုင်ငံကိုလည်း စည်းကြပ်ခွန် 104% အထိ တိုးမြှင့်ကောက်ခံမယ့် သမ္မတအမိန့်ကို လောလောလတ်လတ် လက်မှတ်ထိုး ထုတ်ပြန်ထားခဲ့တာပါ။
.
ဒါ့အပြင် “တရုတ်ဟာ America ကို ဘယ်ကရော ညာကပါ နွှာထားတာ များပြီ၊ အခုတော့ America က ပြန်နွှာရမယ့်အလှည့်ပဲ” လို့လည်း Trump က ဆိုထားသလို အိမ်ဖြူတော် press secretary ဖြစ်တဲ့ Karoline Leavitt ကပါ “US ကို အခြားနိုင်ငံတွေက လိုအပ်နေသလောက် US ကတော့ အခြားနိုင်ငံတွေကို မလိုအပ်ပါဘူး” လို့ ထုတ်ပြောခဲ့ပါတယ်။
ဒါကြောင့် Trump လက်ထက် US ဟာ အရင်က ကရုဏာရှင် US ပုံစံမျိုး လုံးဝမဟုတ်တော့သလို အတော်များများခန့်မှန်းထားခဲ့ကြသလိုပဲ ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့ စီးပွားရေးသမား US ဖြစ်လာနေပါပြီ။
.
တရုတ်နဲ့ Trump
လောလောဆယ်မှာ နိုင်ငံအတော်များများက စည်းကြပ်ခွန်ကိစ္စတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းဖို့ စီစဉ်နေကြပေမယ့် တရုတ်ကတော့ ညှိနှိုင်းဖို့ထက် ပြန်တိုက်ဖို့ကို အားပိုသန်ပုံရတာကြောင့် ကြားထဲက မျက်ကလူးဆန်ပြာဖြစ်နေကြရတာတော့ US ပြင်ပ အထူးသဖြင့် တရုတ်နိုင်ငံမှာ လုပ်ငန်းတွေ၊ စက်ရုံတွေ အခြေစိုက်ထားကြတဲ့ stock ဈေးကွက်တွေပါပဲ။
.
Stock ဈေးကွက်နဲ့အတူ သိသိသာသာကြီး လိုက်ပြိုဆင်းနေတာကတော့ crypto ဈေးကွက်ဖြစ်ပြီး Bitcoin ကပါ ရှေ့ဆုံးကနေ ဦးဆောင်ပြီးပြေးဆင်းနေတာကို တွေ့ရမှာပါ။ Fun fact တခုအနေနဲ့ပြောရရင် 2024 ရွေးကောက်ပွဲမှာ Trump နိုင်ပြီးနောက် တက်ထားသမျှဈေးတွေအကုန်လုံးနီးပါး ပြန်ကျသွားခဲ့ပါပြီ။
.
Trump ရွေးကောက်ပွဲနိုင်ပြီးနောက် November လ 6 ရက်နေ့မှာ Bitcoin ဈေးဟာ $69k ကနေ တောက်လျှောက်ထိုးတက်ခဲ့ပြီး All Time High ဈေး $109k အထိရောက်ခဲ့ပေမယ့် စည်းကြပ်ခွန်ကိစ္စတွေ ဖြစ်လာအပြီးမှာတော့ Bitcoin ဈေးဟာ တောက်လျှောက်ပြန်ထိုးဆင်းခဲ့ပြီး အခုဆိုရင် $74k အထိ ပြန်ရောက်နေပါပြီ။ စည်းကြပ်ခွန်ကိစ္စတွေ တင်းမာနေသေးသရွေ့တော့ ဈေးပြန်တက်ဖို့ထက် ကျဖို့က များနေပေမယ့်လည်း stock ဈေးကွက်ထဲက liquidity တွေဟာ crypto ဈေးကွက်ဖက်ကို စီးဆင်းလာနိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေတာကြောင့် ဘာတွေ ဆက်ဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ကြရဦးမှာပါ။
.
အခုချိန်ကတော့ Trump တယောက် ဆေးခါးကြီးတိုက်နေချိန်ဖြစ်တာကြောင့် အကုန်လုံးက ပြိုဆင်းနေကြတာကိုပဲ တွေ့ရမှာဖြစ်ပြီး ဘယ်အထိ ဆက်သွားမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရင်း ကိုယ့်ရဲ့ portfolio ကို သေချာပြင်ဆင်ရမယ့်အချိန်လည်း ဖြစ်တာကြောင့် ဒီ https://youtu.be/fPJr5h3RlQM မှာ လေ့လာရင်း ပြင်ဆင်နိုင်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL