အခုနောက်ပိုင်း လူပြောများလာတဲ့ "Real-World Assets (RWA) Coins" အကြောင်းလေး ပြောပြမယ်။

RWA Coins ဆိုတာက လက်တွေ့ကမ္ဘာမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို Blockchain ပေါ်မှာ ဒစ်ဂျစ်တယ် တိုကင်တွေအဖြစ် ပြောင်းလဲထားတာပါ။ ဥပမာ - အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ စတော့ရှယ်ယာ စတာတွေကို တိုကင်တွေအဖြစ် ပြောင်းပြီး ရောင်းဝယ်လို့ရအောင်လုပ်ထားတာပေါ့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် ပိုင်ဆိုင်မှုတွေကို အပိုင်းပိုင်းခွဲပြီး ရောင်းဝယ်လို့ရတော့ ပိုပြီးလွယ်ကူလာတယ်၊ ပွင့်လင်းမြင်သာမှုလည်းရှိလာတယ်၊ ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အခွင့်အရေးတွေပိုများလာတယ်ပေါ့။

အခုရက်ပိုင်း RWA Coins တွေ ဘာလို့ ရုတ်တရက် လူစိတ်ဝင်စားလာတာလဲဆိုတော့ အဓိက အကြောင်းအရင်း (၃) ချက်ရှိတယ်ဗျ။

၁။ အဖွဲ့အစည်းကြီးတွေရဲ့ လက်ခံအားပေးမှု

- ဘဏ်တွေ၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီကြီးတွေက Blockchain နည်းပညာကို အသုံးပြုပြီး ပိုင်ဆိုင်မှုတွေကို တိုကင်တွေအဖြစ် ပြောင်းလဲဖို့ စမ်းသပ်နေကြတယ်။ ဒါက လုပ်ငန်းတွေ ပိုမိုမြန်ဆန်လာဖို့နဲ့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်တွေ ပေါ်လာဖို့အတွက်ပါ။

၂။ အစိုးရရဲ့ စည်းမျဉ်းစည်းကမ်းများ

- အစိုးရတွေကလည်း Blockchain နဲ့ တိုကင်တွေအသုံးပြုပြီး ငွေကြေးစနစ်ထဲကို ပေါင်းစပ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်နေကြတယ်။ ဒါက ရင်းနှီးမြှုပ်နှံသူတွေအတွက် ယုံကြည်မှုပိုရစေတယ်။

၃။ စျေးကွက်ရဲ့ လိုအပ်ချက်

- ရင်းနှီးမြှုပ်နှံသူတွေကလည်း ရိုးရိုးပိုင်ဆိုင်မှုတွေရော ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေရော ရောနှောပြီး ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဒါကြောင့် RWA Coins တွေကို ပိုပြီးစိတ်ဝင်စားလာကြတာပါ။

၂၀၂၅ မှာ အတက်ကြမ်းနိုင်တဲ့ RWA Coins တွေကတော့...

 🔶 MANTRA (OM) - အိမ်ခြံမြေလုပ်ငန်းကို အဓိကထားပြီး တိုကင်တွေအဖြစ် ပြောင်းလဲပေးတဲ့ Blockchain Platform ပါ။ ၂၀၂၅ ဇန်နဝါရီမှာ ဒူဘိုင်းရဲ့ DAMAC Group နဲ့ ပူးပေါင်းပြီး ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို တိုကင်တွေအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။

 🔶 ONDO Finance - ငွေချေးစာချုပ်တွေ၊ ချေးငွေတွေကို တိုကင်တွေအဖြစ် ပြောင်းလဲပေးပြီး Blockchain ပေါ်မှာ ရောင်းဝယ်လို့ရအောင် လုပ်ပေးပါတယ်။ ဒါက ငွေကြေးဈေးကွက်ကို ပိုမိုမြန်ဆန်ပြီး လွယ်ကူစေပါတယ်။

 🔶 Quant (QNT) - Blockchain အမျိုးမျိုးနဲ့ ရိုးရိုးငွေကြေးစနစ်တွေကြားမှာ ချိတ်ဆက်ပေးတဲ့ နည်းပညာကို ပံ့ပိုးပေးပါတယ်။ ဒါက RWA တွေကို ဒစ်ဂျစ်တယ်စနစ်ထဲကို လွယ်လွယ်ကူကူ ပေါင်းစပ်နိုင်အောင် ကူညီပေးပါတယ်။

 🔶 XDC Network (XDC) - ရိုးရိုးငွေကြေးစနစ်နဲ့ Blockchain နည်းပညာကြားက ကွာဟချက်ကို ပေါင်းကူးပေးပါတယ်။ အိမ်ခြံမြေ၊ ကုန်ပစ္စည်းစတာတွေကို တိုကင်တွေအဖြစ် ပြောင်းလဲပေးပြီး အရောင်းအဝယ်ကို ပိုမိုမြန်ဆန်စေပါတယ်။

 🔶 Maker (MKR) - ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ငွေချေးစနစ်နဲ့ DAI Stablecoin တွေကြောင့် လူသိများပါတယ်။ RWA တွေကို သူတို့ရဲ့ Ecosystem ထဲကို ပေါင်းစပ်ဖို့ စမ်းသပ်နေပါတယ်။

Disclaimer ⚠️

Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို့ အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။  ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰

Binance မှာ Trading Fee 20% နဲ့ Campaign Rewards တွေရဖို့ အောက်က Referral Code နဲ့ Account ဖွင့်ထားလို့ရပါတယ်

Binance Referral Code: HKGNEVE8

(Or)

အကောင့်ဖွင့်ရန် Link: 

https://accounts.binance.info/en/register?ref=HKGNEVE8 

#rwa #MANTRA #creativevibes