April မှာ Trump ရဲ့ Tariff တွေကြောင့် Crypto အပါအဝင် တခြား Stock တွေပါ ဈေးကျသွားတာ အားလုံးလည်းသိမှာပါ။ အမြတ်များများရဖို့တိုတာ ဈေးကျနေတဲ့အချိန် ဝယ်ရင် အကောင်းဆုံးပါပဲ။ ဘယ် Token တွေကို ဝယ်ထားသင့်? ဘာလို့ ဒီ Token တွေလဲ? ဆိုတာကို အားလုံးနားလည်အောင် ပြောပြပေးမှာမလို့ ဆက်ဖတ်စေချင်ပါတယ်။
တစ်ခုရှိတာက ဒီ Crypto တွေက Memecoin တွေလို အခုပဲ ၅ ဆတက်၊ အခုပဲ သုညဖြစ်မဲ့ ဘာမှအသုံးမဝင်တဲ့ Coin တွေမဟုတ်ပါဘူး။ ဒါပေမဲ့ Crypto သဘာဝအရ သူတို့မှာလည်း Risk ရှိလို့ မျက်စိစုံမှိတ် ယုံကြည်ပြီး မဝယ်စေချင်ပါဘူးခင်ဗျာ။ ဒါဆိုရင် ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ပထမဆုံး Token နာမည်က…
၁။ $KAITO
KAITO ကို Binance အသုံးပြုတဲ့သူတော်တော်များများ Binance HODLer Program ကနေသိလိမ့်မယ်ထင်ပါတယ်။ Airdrop တော်တော်များများလို ထွက်ပြီးတာနဲ့ ဈေးတန်းကျတဲ့ Token မဟုတ်လို့ ပိုပြီးသတိထားမိသွားတယ်။
$KAITO ဆိုတာက Kaito AI ရဲ့ Token ပါ။ Kaito AI က Crypto သမားတွေအတွက် ChatGPT လိုပါပဲ။ ကိုယ်မသိတာတဲ့ Web3 အကြောင်းအရာတွေကို မေးလို့ရတဲ့ AI ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ “Yaps” Program ကနေ X ပေါ်မှာ သူတို့ကို Mention ပြီး Post တင်တာနဲ့ $KAITO တွေကို Reward ပြန်ပေးတတ််လို့ ပြီးခဲ့တဲ့လက တော်တော်ရေပန်းစားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ Co-Founder ကပါ သူ့အိတ်ထဲက အမေရိကန်ဒေါ်လာ 1.5 သန်း ကို KAITO ထဲထည့်ထားတာမလို့ Team ကိုယုံကြည်လို့ရမယ်ယူဆပါတယ်။ AI ခေတ်ဆိုတော့ AI + Crypto Project တွေစိတ်ဝင်စားရင် Kaito ကိုစောင့်ကြည့်သင့်ပါတယ်။
Kaito ဈေးကြည့်ချင်ရင် ဒီ Link မှာကြည့်လို့ရပါတယ်ဗျ။ 👇🏻
Link: http://www.binance.com/en/price/kaito
၂။ $ZEC
AI Coin ပြောပြီးတော့ ဒီတစ်ခါ Privacy လုံခြုံရေးနဲ့ဆိုင်တာပြောပြချင်ပါတယ်။ သူကတော့ Zcash လို့ခေါ်တဲ့ $ZEC ပါပဲ။ Crypto အကြောင်းနည်းနည်းပါးပါးသိရင် Blockchain နည်းပညာနဲ့ဆို ဘယ်သူက ဘယ်သူ့ကို ဘယ် Network သုံးပြီး ငွေဘယ်လောက်ပို့လိုက်လဲကို Public မှာပေါ်နေမှာပါ။ ဒါတွေကို ပို့တဲ့သူနဲ့ လက်ခံတဲ့သူပဲသိအောင်လို့ Zcash က zk-SNACKs လို့ခေါ်တဲ့နည်းပညာနဲ့လုပ်ပေးပါတယ်။
ပြီးတော့ $ZEC ကအခုမှပေါ်တဲ့ Token မဟုတ်ပါဘူး။ 2016 တုန်းက $ZEC တစ်ခုကို $6,000 နည်းပါးဖြစ်ဖူးပါတယ်။ လက်ရှိမှာ $50 အောက်ဖြစ်နေတုန်းပါပဲ။ သူ့နောက်မှာ Dragonfly Capital လို နာမည်ကြီး Investor တွေလည်းရှိပါတယ်။ နောင်တစ်ချိန် Privacy Coin တွေခေတ်ပြန်ထလာရင် $ZEC ဈေးထိုးတက်နိုင်မှာပါ။
$ZEC ကိုရဲ့လက်ရှိဈေးကြည့်ချင်ရင်… 👇🏻
Link: http://www.binance.com/en/price/zcash
၃။ $LINK
Market ကြီးတစ်ခုလုံးနီနေရင်တောင် ဈေးတစ်ခါတစ်လေတက်နေတတ်တဲ့ LINK ကို Crypto နယ်ပယ်ကလူဆို သိပါလိမ့်မယ်။ Ethereum Killer လို့လည်း အရင်ကခေါ်ကြပါတယ်။ ဘာလို့လဲဆိုရင် Ethereum လိုမျိုး Blockchain တွေက တကယ့်လောကရဲ့ ဒေတာတွေ မသိပါဘူး။ ဥပမာ– Stock လက်ရှိဈေးတို့၊ ရွေးကောက်ပွဲ ရလာဒ်တို့ပေါ့။
အဲ့ဒီဒေတာတွေကို Chainlink က Oracles လို့ခေါ်တဲ့နည်းပညာတွေသုံးပြီး Smart Contract တွေဆီပို့ပေးပါတယ်။ အခုခေတ် DeFi App တွေ၊ Web3 Game တွေမှာ လက်ရှိဒေတာတွေနဲ့ မှန်ကန်နေတာ Chainlink ရဲ့ကျေးဇူးမကင်းပါဘူး။ ရေရှည် Crypto ဝယ်စုချင်တာဆိုရင်တော့ LINK က ဝယ်သင့်တဲ့ထဲပါပါတယ်။
ဒီ Link မှာဈေးကြည့်နိုင်ပါတယ်။
Link: http://www.binance.com/en/price/chainlink
၄။ $XRP
အမေရိကမှာ ဟိုးးး ပင်စင်စားအဖိုးတွေကစပြီး Crypto စလုပ်တဲ့ကလေးတွေကအစသိတာ $XRP ပါပဲ။ အထူးသဖြင့် Trump နဲ့အစိုးရအဖွဲ့တွေက ခဏခဏကြေညာနေလို့ ဈေးခုန်ခုန်တက်တာလည်း သူပါပဲ။ 2020 လောက်က SEC ရဲ့တရားစွဲတာခံခဲ့ရတဲ့ သူ့ရဲ့ Ripple ကုမ္ပဏီ ပြန်နလန်ထောင်နိုင်လို့ 2024 November ကနေအခုထိဆို ဈေး ၆ ဆ တောင်တက်ခဲ့ပါတယ်။
XRP က Trading လုပ်ဖို့သီးသန့်မဟုတ်ပါဘူး။ သူ့ကို ဘဏ်တွေ၊ ငွေပေးချေရေးလုပ်ငန်းရှင်တွေအတွက် ဖန်တီးထားတာဖြစ်ပါတယ်။ နိုင်ငံတစ်ခုကနေတစ်ခုကို ငွေတွေမြန်မြန်နဲ့ မှန်မှန်ရွှေ့နိုင်ဖို့ Ripple ရဲ့ XRP က လုပ်ပေးပါတယ်။ ဒါ့ကြောင့်လည်း အစိုးရအဖွဲ့တွေ၊ ဘဏ်တွေလိုမျိုစ နောက်ခံတောင့်တဲ့ Investor တွေရှိနေတော့ Long-Term အတွက်ဆို စဉ်းစားကြည့်သင့်ပါတယ်။
XRP ရဲ့လက်ရှိဈေး 👇🏻
Link: http://www.binance.com/en/price/xrp
၅။ $BTC
ဒီစာရင်းထဲ အရမ်းကို Basic အဖြစ်ဆုံး Coin လို့ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ Bitcoin က Crypto ရဲ့အသက်လို့ဆိုရင်မမှားပါဘူး။ ဒါ့ကြောင့်လည်း သူ့ကို ဒစ်ဂျစ်တယ်ရွှေလို့ သမှုတ်တာပေါ့။ Bull Market မှာမနှစ်ရဲ့ November လောက်ကစလို့ ဒီနှစ် February လောက်အထိကို သတင်းတွေထဲ နာမည်ကျော်နေပြီး ဈေးတက်ခဲ့တာ BTC ပါပဲ။
အထူးသဖြင့် အခုလို $80K ဝန်းကျင်ဖြစ်နေရင် Dollar-Cost Averaging နည်းနဲ့ ခွဲခွဲပြီးဝယ်ထားတာမမှားပါဘူး။ Bitcoin $100K ကျော်မှ လူတွေကပြေးဝယ်ချင်ကြတာပါ။ အခုလိုဈေးကျနေရင် သူများထက် ခြေ ၃၊ ၄ လှမ်းသာတဲ့ ဘဏ်တွေ၊ Institution တွေက ဒေါ်လာသန်းချီဝယ်ဝယ်နေကြပါတယ်။ ဥပမာ– Michael Saylor နဲ့ Blackrock ပေါ့ဗျ။
BTC ကိုလည်း ဒီမှာဈေးကြည့်လို့ရပါတယ်ဗျ။
Link: http://www.binance.com/en/price/bitcoin
ဒါတွေကတော့ Hype ပဲမဟုတ်ပဲ၊ ကိုယ်တိုင်သေချာ Research လုပ်ထားရင်း အကြိုက်တွေ့တဲ့ Cryptocurrency 5 မျိုးဖြစ်ပါတယ်။ မဝယ်ခင်မှာ ကိုယ်တိုင်လည်း လေ့လာပြီးမှ ဆုံးဖြတ်ချက်ချဖို့တိုက်တွန်းချင်ပါတယ်ဗျ။
🔹 အမြဲတမ်းလိုလို ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် ကိုယ်တိုင် သေချာစဉ်းစားပြီးမှ ပြုလုပ်သင့်ပါတယ်။ ဘာမဆို ဝယ်ဖို့ ရောင်းဖို့ အကြံမပေးပါဘူးခင်ဗျာ။ Not Financial Advice. DYOR!
Binance Account မရှိသေးရင် အကောင့်ဖွင့်ရန် Link:
https://accounts.binance.info/en/register?ref=HKGNEVE8
Binance Referral Code: HKGNEVE8
ကျွန်တော်ပေးတဲ့ လင့်ကနေ အကောင့်ဖွင့်ထားရင် နောက်လုပ်မယ့် Exclusive Campaign တွေဝင် Join နိုင်မှာဖြစ်သလို Trade တိုင်းလည်း Life Time Discount 20% ရဦးမှာဖြစ်ပါတယ်ခင်ဗျာ။
#Binance #Top5Cryptos