အမေရိကန် SEC ရဲ့ Crypto Task Force က February လအစောပိုင်းမှာ Cryptocurrency နဲ့ ဘဏ္ဍာရေးကဏ္ဍများမှ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံကာ Digital Assets အပေါ်  သက်ရောက်နေတဲ့ စည်းမျဥ်းစည်းကမ်းဆိုင်ရာ ပြဿနာများကို ဆွေးနွေးခဲ့ပါတယ်။


အဆိုပါဆွေးနွေးပွဲတွေမှာ အဓိကအကြောင်းအရာတွေဖြစ်တဲ့ Digital Assets နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းများ၊ Staking ရဲ့သဘောသဘာဝ၊ ETPs အတွက် ရှင်းလင်းတဲ့လမ်းညွှန်ချက်များ စတဲ့အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။

-

SEC Website ရဲ့မှတ်တမ်းတွေအရ Crypto Task Force က February 4 ရက်နေ့မှာ Industry Lobby Group တစ်ခုဖြစ်တဲ့ Blockchain Association နဲ့တွေ့ဆုံခဲ့ပြီး အဆိုပါ Lobby အဖွဲ့က Crpto Task Force အား Digital Asset Industry ကို သက်ရောက်နေတဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဦးစားပေးအချက် 6 ချက်ကို အကြံပြုခဲ့ပါတယ်။


အဆိုပါအကြံပြုချက်ထဲမှာ စည်းမျဉ်းစည်းကမ်းအခြေခံမူဝါဒများချမှတ်ခြင်းအပြင် ETP စံနှုန်းများကို တူညီအောင်သတ်မှတ်ဖို့နဲ့ Protocol Staking ကို Security အဖြစ်မသတ်မှတ်ဖို့ စတဲ့အချက်တွေပါဝင်ပြီး အထူးသဖြင့် အရင်အုပ်ချုပ်ရေးလက်ထက်က ဥပဒေအယူအဆအမှားတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပါတယ်။


နောက်ပြီး February 5 ရက်နေ့မှာ Jito Labs နဲ့ Multicoin Capital မှ ကိုယ်စားလှယ်တွေက Crypto Task Force နဲ့တွေ့ဆုံကာ ETPs မှာ Staking ထည့်သွင်းနိုင်ခြင်းရှိမရှိကို ဆွေးနွေးခဲ့ကြပြီး Staking ဟာ Proof-of-Stake Token တွေရဲ့True Nature ဖြစ်တာကြောင့် ETH နဲ့ SOL ETPs အတွက် Staking ကို ပြန်လည်စဉ်းစားပေးဖို့ SEC ကိုတိုက်တွန်းခဲ့ပါတယ်။


ပြီးတော့ February 5 ရက်နေ့မှာပဲ Task Force က Andreessen Horowitz ရဲ့ ငွေကြေးစီမံခန့်ခွဲမှုအဖွဲ့ AH Capital Management နဲ့ တွေ့ဆုံကာ Token အမျိုးအစားခွဲခြင်း၊ ထုတ်ဝေမှုနဲ့ စျေးကွက်အပေါ် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

-

SEC ရဲ့ သီးခြားမှတ်တမ်းစာ‌စောင်အရ Crypto Task Force က February 6 ရက်နေ့မှာ Nasdaq ကိုယ်စားလှယ်များနဲ့တွေ့ဆုံခဲ့ကာ Digital Assets တွေကို ရှယ်ယာဈေးကွက်တွေနဲ့အတူရောင်းဝယ်ခွင့်ပြုဖို့တောင်းဆိုခဲ့ပြီး Nasdaq ကိုယ်စားလှယ်‌တွေအဆိုအရ Securities မဟုတ်သော Digital Assets များကို ရှယ်ယာများနဲ့ ရောပြီးရောင်းဝယ်ခြင်းအားဖြင့် စည်းမျဉ်းတွေကို ပိုမိုတည်ငြိမ်စေမယ်လို့ဆိုပါတယ်။


နောက်ဆုံးအနေနဲ့ February 7 ရက်နေ့မှာ Sullivan & Cromwell ကုမ္ပဏီက Colin D. Lloyd နဲ့ Task Force တွေ့ဆုံကာ Blockchain နည်းပညာနဲ့ Securities ဥပဒေဆိုင်ရာ အကြောင်းအရာများကိုဆွေးနွှေးခဲ့ပါတယ်။


အခုလို SEC ရဲ့ Crypto Task Force ဆွေးနွေးပွဲတွေက Digital Assets စျေးကွက်အတွက် ပိုမိုရှင်းလင်းတဲ့စည်းမျဉ်းများ ပေါ်ထွက်လာနိုင်မယ့် အလားအလာကိုဖော်ပြနေပြီး Staking, ETPs နဲ့ ဈေးကွက်စည်းမျဉ်းဆိုင်ရာ ဆွေးနွေးမှုတွေကြောင့် လာမယ့်လတွေမှာ တိကျတဲ့မူဝါဒတွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Binance Account ဖွင့်ရန်