Cryptocurrency ဟာ တခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ မတူညီတဲ့ Assets တစ်မျိုးဖြစ်ပေမယ့် Traditional ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းတွေနဲ့လည်း အကျုံးဝင်နေဆဲဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ Crypto Portfolio တစ်ခု ဖန်တီးနိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးအစားခွဲခြားခြင်းရဲ့ အရေးပါမှုကို သိရှိထားဖို့လိုအပ်ပါတယ်။ Stock ဈေးကွက်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက်ကတော့ Cryptocurrency ရင်းနှီးမြှုပ်နှံမှုတွေကို အမျိုးအစားခွဲခြားတာဟာ စိန်ခေါ်မှုအသစ်တွေကိုပေးစွမ်းနိုင်တဲ့အပြင် Cryptocurrency ဈေးကွက်ရဲ့အန္တရာယ်နဲ့ မတည်ငြိမ်မှုတွေကြောင့် ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှု Project ကောင်းတွေကို ရှာဖွေရခက်ခဲစေနိုင်ပါတယ်။


ဒါကြောင့် မိမိအနေနဲ့ ကိုယ့်ရဲ့ Crypto ရင်းနှီးမြှုပ်နှံမှုတွေကို တိုးတက်စေဖို့အတွက် ကောင်းမွန်တဲ့ Crypto Portfolio တစ်ခုရှိထားဖို့လိုအပ်သလို ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်ရောင်းတဲ့အခါမှာလည်း လိုအပ်သလို ပြန်လည်ထိန်းညှိတတ်ဖို့လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ Crypto Portfolio ဆိုတာက မတူညီတဲ့နယ်ပယ်အသီးသီးက Crypto အမျိုးအစားအများအပြားပါဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုအုပ်စုတစ်ခုကို ဆိုလိုတာဖြစ်ပြီးတော့ Crypto Portfolio လုပ်ရတာရဲ့ အဓိကရည်ရွယ်ချက်က မိမိရဲ့ Crypto Portfolio နဲ့ Investment Portfolio အကြား ငွေကြေးမျှတမှု‌ရှိအောင် ထိန်းသိမ်းနိုင်ဖို့အတွက် လုပ်ဆောင်ကြရတာဖြစ်ပါတယ်။


နောက်ပြီး Cryptocurrency ဟာ အန္တရာယ်များတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်မျိုးဖြစ်တာကြောင့် မိမိရင်းနှီးမြှုပ်နှံမှုစုစုပေါင်းရဲ့ အနည်းငယ်သော ရာခိုင်နှုန်းကိုသာ ရင်းနှီးသင့်တဲ့အပြင် မိမိ Crypto ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တန်ဖိုးမြင့်တက်လာခဲ့မယ်ဆိုရင်လည်း ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုစုစုပေါင်းက Crypto အပေါ် အလေးသာသွားတာမျိုး မဖြစ်ရ‌လေအောင်လို့ အချို့ Assets တွေကိုတော့ ပြန်ရောင်းထုတ်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။

Crypto Portfolio အမျိုးအစားများ


1. ဈေးကွက်မှာဦးဆောင်နေတဲ့ Crypto တွေကိုဝယ်ယူပါ


Crypto Portfolio ထဲက အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကတော့ ဈေးကွက်တန်ဖိုးအကြီးဆုံး Crypto တွေကြားမှာ မိမိရဲ့ရန်ပုံငွေတွေကို ခွဲဝေချထားတာဖြစ်ပြီး ဥပမာအားဖြင့် ကိုယ့်မှာ ဒေါ်လာ 100 ရှိတယ်ဆိုရင် Bitcoin မှာ ဒေါ်လာ 40၊ Ethereum မှာ ဒေါ်လာ 30 နဲ့ ကျန်တဲ့ ဒေါ်လာ 30 ကို တခြားဈေးကွက်တန်ဖိုးကြီးတဲ့ Crypto တစ်ခု (သို့) နှစ်ခုမှာ ခွဲဝေရင်းနှီးမြှုပ်နှံနိုင်ပါတယ်။ ဒီနည်းလမ်းက ဈေးကွက်မှာ သက်တမ်းရင့်ပြီးသား Crypto တွေကို အဓိကထားတာကြောင့် တခြားအသစ်ထွက်ရှိလာတဲ့ Crypto တွေထက် အန္တရာယ်နည်းနိုင်တယ်ဆိုပေမယ့် Crypto ဈေးကွက်က အမြဲတမ်းမတည်ငြိမ်နိုင်တာကိုတော့ သတိပြုရပါလိမ့်မယ်။


ပုံမှန်အားဖြင့် ဒီနည်းလမ်းက ဈေးကွက်မှာဦးဆောင်နေတဲ့ Crypto တွေကို ခွဲဝေရင်းနှီးမြှုပ်ရတာဆိုပေမယ့် USDT နဲ့ USDC တို့လို ဈေးကွက်မှာ ဦးဆောင်နေတဲ့ Stablecoin တွေကတော့ 1 ဒေါ်လာတန်ဖိုးကိုထိန်းသိမ်းပြီး တန်ဖိုးမြင့်တက်လာဖို့  ဒီဇိုင်းထုတ်ထားတာမဟုတ်တဲ့အတွက် မိမိအနေနဲ့ သူတို့ကိုကျော်ချင်ရင် ကျော်သွားလို့ရပါတယ်။


2. အသုံးပြုမှုမတူညီတဲ့ Crypto တွေကို အဓိကထားပါ


Crypto တွေမှာ အမျိုးမျိုးသော အသုံးပြုမှုတွေရှိတဲ့အတွက် မိမိအနေနဲ့ ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲဆိုတာကို သူတို့ရဲ့အသုံးပြုမှုအပေါ်မူတည်ပြီး ဆုံးဖြတ်လို့ရပါတယ်။


* Payments and Transfers - တချို့ Crypto တွေက ငွေပေးငွေယူအတွက် အဓိကအသုံးပြုလို့ရပါတယ်။ (eg. Bitcoin, Litecoin)


* Store of Value - တချို့ Crypto တွေက တန်ဖိုးကိုရေရှည်ထိန်းသိမ်းဖို့အတွက် သင့်တော်ပါတယ်။ (eg. Bitcoin)


* DeFi - တချို့ Crypto တွေက ဗဟိုချုပ်ကိုင်မှုမရှိတဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။ (eg. Ethereum, Aave)


* NFT - တချို့ Crypto တွေက Digital Assets တွေကို ကိုယ်စားပြုတဲ့ NFT တွေနဲ့ ဆက်စပ်နေပါတယ်။ (eg. Ethereum, Solana)


အခုလိုမတူညီတဲ့ Use Case အပေါ်လိုက်ပြီးတော့ Crypto အမျိုးအစားခွဲတွေအများကြီးရှိတဲ့အတွက် မိမိအ‌နေနဲ့ Use Case အမျိုးအစားအချို့ကိုရွေးချယ်ပြီး တစ်ခုချင်းစီအတွက်သင့်တော်တဲ့ Crypto တစ်ခု (သို့) နှစ်ခုမှာ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကိုယ့်ရဲ့Crypto Portfolio ကို တည်ဆောက်နိုင်ပါတယ်။


3. Smart contract blockchain network တွေမှာ ရင်းနှီးမြှုပ်နှံပါ


အအောင်မြင်ဆုံး Crypto Project အချို့က Smart contract တွေကို လုပ်ဆောင်နိုင်တဲ့ blockchain network တွေဖြစ်တဲ့အလျောက် blockchain တစ်ခုစီမှာ သူ့ရဲ့အားသာချက်နဲ့ အားနည်းချက်တွေရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံသူအချို့ကတော့ သူတို့ရဲ့ငွေတွေကို Crypto Project အများအပြားထဲမှာ ခွဲဝေရင်းနှီးမြှံ့ဖြစ်ကြပါတယ်။


4. Cryptocurrency ဆိုင်ရာ Stock ရှယ်ယာတွေကိုလေ့လာပါ


Digital Assets တွေနဲ့ပတ်သက်လာရင် Cryptocurrencies တွေက တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှုရွေးချယ်စရာ မဟုတ်ဘဲ မိမိအနေနဲ့ crypto, blockchain နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Cryptocurrency ဆိုင်ရာ Stock ရှယ်ယာတွေမှာလည်း ရင်းနှီးမြှုပ်နှံနိုင်တဲ့အတွက်  မိမိရဲ့ Crypto Portfolio ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။


5. တိုးတက်နိုင်ခြေရှိတဲ့ Crypto Token တွေမှာ ရင်းနှီးမြှုပ်နှံပါ


Crypto မှာ ရင်းနှီးမြှုပ်နှံရတာရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတစ်ခုက အလားအလာရှိတဲ့ သေးငယ်တဲ့ Project တွေမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး သေးငယ်တဲ့ Crypto project တွေက ကျရှုံးနိုင်ခြေပိုများပေမယ့် အကယ်လို့အောင်မြင်သွားခဲ့မယ်ဆိုရင်လည်း အတော်လေးအမြတ်အစွန်းရရှိနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ခင်မှာတော့ သေသေချာချာ သုတေသနပြုလုပ်ဖို့လိုအပ်ပြီး အထူးသဖြင့် သေးငယ်တဲ့ Crypto Projects တွေမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ လိမ်လည်ခံရနိုင်ခြေပိုများတာကြောင့် အမြဲတမ်းသတိထားဖို့အရေးကြီးပါတယ်။




ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာများ


ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဘယ် Coin တွေ ဝယ်ရမလဲဆိုတာကို အဓိကထားတဲ့အပြင်ကိုမှ မှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှု နည်းဗျူဟာကိုရွေးချယ်တာကလည်း မိမိရဲ့ Crypto Portfolio တည်‌ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။


1. Dollar-cost averaging - DCA

DCA နည်းဗျူဟာက Crypto ထဲကို ငွေအနည်းငယ်နဲ့ ပုံမှန်ရင်းနှီးမြှုပ်နှံတာကိုဆိုလိုတာဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ ငွေအများကြီးရင်းနှီးမြှုပ်နှံမယ့်အစား နေ့စဥ်၊ အပတ်စဥ် ဒါမှမဟုတ် လစဥ် ငွေအနည်းငယ်စီနဲ့ ဝယ်ယူတာမျိုးဖြစ်တဲ့အတွက် ဈေးနှုန်းတွေအတက်အကျရှိနေချိန်မှာ ပုံမှန်ဝယ်ယူသွားခြင်းအားဖြင့် မိမိရဲ့ ဝယ်ယူမှုပျမ်းမျှစျေးနှုန်းကိုချိန်ညှိပေးကာ ဈေးအများကြီးပေးပြီး ဝယ်ယူမိနိုင်တဲ့အန္တရာယ်ကို လျှော့နည်းစေပါတယ်။ တနည်းအားဖြင့် ဈေးနှုန်းတွေမြင့်တက်နေချိန်မှာ ဝယ်ယူမိမှာကိုစိုးရိမ်ပြီး ရင်းနှီးမြှုပ်နှံမှုကိုရပ်တန့်ထားမယ့်အစား DCA နည်းဗျူဟာကို အသုံးပြုခြင်းအားဖြင့် ရေရှည်မှာပိုကောင်းတဲ့ အကျိုးအမြတ်တွေရရှိနိုင်ပါတယ်။


2. Micro-investing

Micro-investing က DCA နဲ့ဆင်တူပေမယ့် DCA လိုမျိုး ငွေပမာဏမသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ သတ်မှတ်ထားတဲ့ ငွေပမာဏအနည်းငယ်နဲ့သာ ထပ်တလဲလဲဝယ်ယူတာဖြစ်တဲ့အတွက် ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်နှံမှုစတင်နိုင်မယ့် နည်းဗျူဟာတစ်ခုလို့ဆိုနိုင်ပါတယ်။ ဒီနည်းလမ်းက ငွေပမာဏအများကြီး မသုံးနိုင်သူတွေအတွက်အဆင်ပြေပြီး စည်းကမ်းရှိရှိနဲ့ ပုံမှန်ရင်းနှီးမြှုပ်နှံတဲ့အလေ့အထကို တည်ဆောက်ပေးနိုင်သလို ရင်းနှီးမြှုပ်နှံမှုပမာဏ သေးငယ်ပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုက တဖြည်းဖြည်းနဲ့ တိုးပွားလာနိုင်ပါလိမ့်မယ်။


3. Value investing


Value investing ဆိုတာက Crypto Project တစ်ခုရဲ့ အနာဂတ်မှာရရှိနိုင်မယ့် ဝင်ငွေကိုကြည့်ပြီး Project ရဲ့ တန်ဖိုးအမှန်ကိုသတ်မှတ်တဲ့နည်းလမ်းနဲ့ လက်ရှိမှာတန်ဖိုးနည်းနေတဲ့ project တွေကိုရှာဖွေကာ ရင်းနှီးမြှုပ်နှံတဲ့နည်းဗျူဟာဖြစ်တာကြောင့် ဈေးကွက်က လက်ရှိမှာတန်ဖိုးမပေးသေးပေမယ့် အနာဂတ်မှာတိုးတက်လာဖို့ အလားအလာရှိတဲ့ Project တွေကို ရွေးချယ်ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ရေရှည်မှာသိသာတဲ့ အကျိုးအမြတ်ကို ရရှိစေနိုင်ပါတယ်။


4. Growth investing


ဒီနည်းလမ်းကတော့ ရင်းနှီးမြှုပ်နှံသူတွေက အနာဂတ်မှာ တန်ဖိုးအများကြီးတက်လာနိုင်တဲ့ အလားအလာရှိတဲ့ Crypto Project တွေကို အဓိကထားတာဖြစ်ပြီး လက်ရှိမှာ ဝင်ငွေသိပ်မရှိသေးရင်တောင် အနာဂတ်မှာကြီးမားတဲ့ တန်ဖိုးတွေရရှိနိုင်မယ်လို့ ယူဆတဲ့ Project တွေကို ရှာဖွေကာ ရင်းနှီးမြှုပ်နှံတာကို ဆိုလိုတာဖြစ်ပါတယ်။


5. Technical analysis


Technical analysis ဆိုတာ ဈေးကွက်ရဲ့ အချက်အလက်တွေကိုလေ့လာပြီး အားသာချက်ရှိတဲ့အခြေအနေတွေကိုအသုံးချတာဖြစ်တဲ့အတွက် အရောင်းအဝယ်တိုင်းကို မှန်ကန်စွာမလုပ်ဆောင်နိုင်ပေမယ့် နည်းပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနဲ့ စီမံခန့်ခွဲမှုတို့သာ ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ Portfolio ကို တိုးပွားစေလာနိုင်ပါတယ်။


6. HODL

လူတွေအများဆုံးအသုံးပြုကြတဲ့ HODLing ဆိုတာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်က Coin တစ်ခုကိုဝယ်ယူပြီး ဈေးနှုန်းအတက်အကျ ဘယ်လိုပဲဖြစ်ပါစေ ရေရှည်ကိုင်ထားတာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီနည်းလမ်းက အားလုံးထဲမှာ အလွယ်ကူဆုံးနည်းဗျူဟာတွေထဲက တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ Coin တွေကို ရေရှည်ကိုင်ထားသူတွေအတွက်တော့ အအောင်မြင်ဆုံးနည်းဗျူဟာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။




Crypto Portfolio ရဲ့ အားသာချက်နဲ့ အားနည်းချက်


အခုလို Crypto Portfolio အမျိုးအစားတွေနဲ့ ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေကို သိရှိပြီးတဲ့‌နောက် Portfolio ရဲ့ အကြီးမားဆုံးအားသာချက်ကိုပြောရမယ်ဆိုရင်တော့ Crypto Portfolio က ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ အန္တရာယ်နည်းပါးတာဖြစ်တဲ့အတွက် မိမိမှာသာ ကောင်းမွန်တဲ့ Portfolio တစ်ခုသာ ရှိခဲ့မယ်ဆိုရင် Crypto တစ်ခုတည်းရဲ့အောင်မြင်မှုနဲ့ ကျရှုံးမှုအပေါ်မှာမူတည်ပြီး ငွေအများကြီးဆုံးရှုံးရတဲ့ကိစ္စမျိုးတွေ ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။


ဒါပေမယ့် တဖက်ကကြည့်ပြန်ရင်လည်း သင့်တော်တဲ့ Crypto ရှာဖွေတာတွေ၊ Assets ခွဲဝေမှုကိုဆုံးဖြတ်တာတွေနဲ့ Portfolio ကို ပြန်လည်ထိန်းညှိတာတွေက အချိန်ယူရတဲ့အပြင် ဈေးကွက်ကလည်း အလွန်မတည်ငြိမ်တဲ့အတွက် ကောင်းမွန်တဲ့ Crypto Ptorfolio ကနေတဆင့် အောင်မြင်မှုရမရဆိုတာကို အာမခံချက်မပေးနိုင်သလို အကျိုးအမြတ်ရမရဆိုတာကလည်း မသေချာလှပါဘူး။ အလှုပ်အခတ်ကြမ်းလှတဲ့ Crypto ပင်လယ်ကြီးမှာ အလှုပ်ကြမ်းတိုင်း ဆုံးရှုံးမှုနည်းအောင်လို့သာ လှေရဲ့ကိုယ်ထည်ကို ခိုင်ခံ့အောင်လုပ်တာဖြစ်တဲ့အတွက် မုန်တိုင်းကြမ်းလာရင်တောင် လှေမနစ်ဘူးဆိုပြီးတော့ မိမိရဲ့ပိုင်ဆိုင်မှုတွေကို Crypto ထဲအကုန်ထည့်ပြီး ရင်းနှီးမြှုပ်နှံတာမျိုးတော့ လုံးဝမပြုလုပ်သင့်ပါဘူး။


အချုပ်ဆိုရရင် မျှတတဲ့ Crypto Portfolio တစ်ခုတည်ဆောက်ဖို့ဆိုတာက ထင်ထားသလို ခက်ခဲနေတာမျိုးမဟုတ်ဘဲ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုရည်မှန်းချက်တွေ၊ မိမိခံနိုင်ရည်ရှိတဲ့ အဆင့်နဲ့ကိုက်ညီမယ့် မတူညီတဲ့ရင်းနှီးမြှုပ်နှံမှုနည်းဗျူဟာတွေကိုသာ သေချာလေ့လာပြီး လက်တွေ့ကျကျအသုံးချနိုင်မယ် အသုံးချတတ်မယ်ဆိုရင် ကောင်းမွန်တဲ့ Crypto Portfolio နဲ့ ရေရှည်မှာအောင်မြင်တဲ့ အကျိုးအမြတ်တွေကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။




Binance Account ဖွင့်ရန်