သင်သာ ဈေးဝယ်စင်တာတစ်ခုကို ရောက်နေပြီး စင်တာထဲက အဓိကဆိုင်ကြီး (Bitcoin) တစ်ခုရှေ့မှာရပ်နေတဲ့အချိန် အဲဒီဆိုင်ကြီးမှာသာ လူတွေနဲ့စည်ကားနေခဲ့မယ်ဆိုရင် (Bitcoin Dominance မြင့်နေချိန်) အဆိုပါအခြေအနေအရ ဈေးဝယ်စင်တာတစ်ခုလုံးရဲ့ လူစိတ်ဝင်စားမှုကိုခန့်မှန်းနိုင်သလို ဘယ်ဆိုင်က လူကြိုက်များနေလဲဆိုတာကိုပါ သိနိုင်ပါလိမ့်မယ်။ အလားတူ Cryptocurrency လောကထဲ စတင်ခြေချမယ့်သူများအပါအဝင် အတွေ့အကြုံရင့်ကျက်တဲ့ရင်းနှီးမြှုပ်နှံသူများသည် Cryptocurrency ရင်းနှီးမြှုပ်နှံမှုမှာ အောင်မြင်နိုင်ဖို့ဆိုရင် Bitcoin Dominance အကြောင်းကိုသိထားဖို့ မဖြစ်မနေလိုအပ်သည်။ ဒီအညွှန်းကိန်းက ဈေးကွက်ရဲ့လားရာကို ခန့်မှန်းနိုင်တဲ့ သော့ချက်တစ်ခုဖြစ်ပြီး မိမိရဲ့ရင်းနှီးမြှုတ်နှံမှုများကို ဘယ်လိုကာကွယ်ရမလဲဆိုတာ လမ်းညွှန်ပေးနိုင်သည်။

Bitcoin Dominance (BTC.D) ဆိုတာဘာလဲ

Bitcoin Dominance (BTC.D) ဆိုသည်မှာ Cryptocurrency ဈေးကွက်တစ်ခုလုံးကို Bitcoin က ဘယ်လောက်ရာခိုင်နှုန်းအထိ လွှမ်းမိုးထားလဲဆိုတာပြသတဲ့ စံနှုန်းတစ်ခုဖြစ်ပြီး ဒီအချိုးကို Bitcoin ဈေးကွက်တန်ဖိုးကို Cryptocurrency အားလုံးရဲ့စုစုပေါင်းဈေးကွက်တန်ဖိုးနဲ့ ပိုင်းခြင်းဖြင့်တွက်ချက်ကာ (ဥပမာ Bitcoin ဈေးကွက်တန်ဖိုးက ဒေါ်လာ 600 billion ရှိပြီး စုစုပေါင်း Crypto ဈေးကွက်တန်ဖိုးက ဒေါ်လာ 1.5 Trillion ဖြစ်မယ်ဆိုရင် BTC.D က 40% ဖြစ်ပါလိမ့်မယ်) ရလဒ်ကို ရာခိုင်နှုန်းနဲ့ဖော်ပြသည်။ အဆိုပါအတိုင်းအတာကို Trader များ၊ လေ့လာသုံးသပ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများက Bitcoin နှင့် ဈေးကွက်တစ်ခုလုံးရဲ့ အခြေအနေကိုပြသတဲ့အညွှန်းကိန်းတစ်ခုအဖြစ် စောင့်ကြည့်လေ့ရှိကြသည်။ Bitcoin Dominance မြင့်မားသောအခါမှာ ပုံမှန်အားဖြင့် ဈေးကွက်တည်ငြိမ်သောအချိန်နှင့် နိုင်ငံရေးအခြေအနေကောင်းသောကာလများတွင် မြင့်တက်လေ့ရှိသည်။ ဆန့်ကျင်ဘက်အနေနှင့် အခြား Altcoins များအပေါ် စိတ်ဝင်စားမှုတိုးလာတာ ဒါမှမဟုတ် Risk ယူပြီး အမြတ်ရယူလိုသော အခြေအနေများတွင် Bitcoin Dominance ကျဆင်းလေ့ရှိတတ်သည်။



2025 မေလ အခြေအနေ


2025 ခုနှစ် မေလမှာတော့ Bitcoin Dominance ဟာ 2021 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လေးနှစ်တာအတွင်းအမြင့်ဆုံးဖြစ်တဲ့ 64% ကျော်အထိမြင့်တက်လာခဲ့သည်။ ဒီလိုမြင့်တက်လာတာကိုကြည့်ခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံသူများသည် Bitcoin ကိုပိုပြီးယုံကြည်ကာ ရင်းနှီးမြှုပ်နှံလာကြသည်။ သမိုင်းအရ BTC Dominance မြင့်တက်လာတာဟာ မတည်ငြိမ်တဲ့ Altcoins ထဲကငွေတွေ Bitcoin ဆီ ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး ဈေးကွက်အားမကောင်းဘဲ ကျဆင်းနေတဲ့အချိန်တွင် ရင်းနှီးမြှုပ်နှံသူများက အန္တရာယ်နည်းတယ်လို့ထင်တဲ့ Bitcoin တွင်သာ ရင်းနှီးမြှုပ်နှံလေ့ရှိသည်။ Altcoins ဈေးတွေ တက်လာဖို့ကတော့ လက်ရှိမှာမလွယ်ကူလှသေးပါဘူး။ အထူးသဖြင့် 2022-2023 ခုနှစ်က Terra Luna ပြိုလဲတာ၊ FTX ဒေဝါလီခံရတာ၊ Silvergate နဲ့ Silicon Valley Bank မအောင်မြင်တာများကြောင့် ရင်းနှီးမြှုပ်နှံသူများက Altcoins များကို အရင်ကထက်ပိုပြီး သံသယဝင်လာကြသည်။ Bitcoin Dominance မြင့်မားလာရတဲ့အတွက် Bitcoin ကို အဖွဲ့အစည်းကြီးများကလည်း လက်ခံလာကြသည်။ Bitcoin ၏အရေးပါမှုသည် အရင်ကထက်မြင့်တက်လာသည်။ Bitcoin Dominance သာ ဆက်လက်မြင့်တက်နေမယ်ဆိုရင်တော့ BTC.D အတွက် သမိုင်းဝင် resistance level ဖြစ်တဲ့ 71% အမှတ်ကို ပါ ပစ်မှတ်ထားလာနိုင်ပါသည်။

အခုလို Bitcoin Dominance မြင့်မားသောကာလများတွင် ရင်းနှီးမြှုပ်နှံသူများသည် မတည်ငြိမ်သော Altcoins များထက် မိမိတို့ရဲ့ Portfolio Strategy ထဲမှာ Bitcoin ကို ပိုပြီး ထည့်သွင်းစဉ်းစားသင့်သည်။ Bitcoin ကို Digital Gold ဟု တင်စားခေါ်ကြသည်။ စီးပွားရေးဆိုင်ရာအန္တရာယ်များနှင့် ငွေကြေးဖောင်းပွမှုဖိအားများဖြစ်ပေါ်လာတဲ့အခြေအနေများတွင် ကာကွယ်မှုတစ်ခုအဖြစ် စဉ်းစားနိုင်သည်။ ထို့အပြင် Bitcoin ၏အကန့်အသတ်ရှိသော ထုတ်လုပ်မှုပမာဏနှင့် အသစ်ထုတ်လုပ်မှုနှုန်းသည် သတ်မှတ်ထားသောအချိန်ကာလတစ်ခုရောက်တိုင်း တဖြည်းဖြည်းနည်းပါးသွားသည်။ အဆိုပါရှားပါးမှုကြောင့် ရေရှည်မှာတန်ဖိုးမြင့်လာစေပြီး အဖွဲ့အစည်းဆိုင်ရာယုံကြည်မှုနှင့် Bitcoin-based ETF များတွင် ငွေများစီးဝင်လာသည်။ Bitcoin ကို တည်ငြိမ်သော Crypto Assets တစ်ခုအဖြစ် ပိုမိုခိုင်မာလာစေသည်။

ဒီလိုမျိုး Bitcoin မှာကောင်းတဲ့အချက်တွေအများကြီးရှိနေတယ်ဆိုပေမယ့် မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေနဲ့ မဖြစ်ရေအောင် Bitcoin Dominance မြင့်မားတဲ့ကာလများတွင် မိမိရဲ့ Portfolio Strategy ထဲမှာ ရင်းနှီးမြှုပ်နှံမှုများကို မျှတစွာခွဲဝေထားသင့်သလို ခွဲဝေချထားတဲ့နေရာမှာလည်း Altcoins အကုန်လုံးကို မရွေးချယ်ဘဲ စုပုံဝယ်ယူတာထက် အရည်အသွေးကောင်းမွန်ပြီး အခြေခံအားကောင်းတဲ့ projects များမှာသာ ရင်းနှီးမြှုပ်နှံသင့်သည်။ ထို့အပြင် Crypto ဈေးကွက်သည် ရင့်ကျက်လာပြီဖြစ်သောကြောင့် ရှိရှိသမျှအရာအားလုံးတန်ဖိုးတက်တဲ့အချိန်ကာလသည် ကုန်ဆုံးသွားပြီဖြစ်ပါသည်။ မိမိအနေနှင့် အမှန်တကယ်အသုံးဝင်ပြီး strong community engagement ရှိသော Altcoins projects များကိုသာ ဦးစားပေးရွေးချယ်ရမည်။ နောက်ပြီး Stablecoins များသည် ငွေကြေးကိုထိန်းသိမ်းရုံသာမက DeFi Platform များတွင် ငွေချေးခြင်းဖြင့် ဝင်ငွေရရှိစေနိုင်သော ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ်ပါ လုပ်ဆောင်လာသည်။ Bitcoin Dominance မြင့်မားပြီး Altcoins စွမ်းဆောင်ရည်မကောင်းတဲ့ကာလများတွင် Stablecoins များက မိမိရဲ့ငွေကြေးအရင်းအနှီးကို ထိန်းသိမ်းနိုင်မယ့်အပြင် အကျိုးအမြတ်များကိုလည်း ရရှိလာနိုင်ပါသည်။

တဆက်တည်းမှာပဲ Bitcoin Dominance များနေသောအချိန် Altcoin ဈေးနှုန်းများသည်အတက်အကျမြန်သောကြောင့် မိမိငွေများမဆုံးရှုံးရရန် ကာကွယ်ဖို့ ခိုင်မာသော risk management strategies များလုပ်ထားဖို့ အရေးကြီးသည်။ အန္တရာယ်များနေသောအချိန်တွင် Altcoin များကို ရောင်းဝယ်သောအခါ မိမိအနေနှင့် Stop-Loss Order ဆိုသော နည်းလမ်းကို အသုံးပြုသင့်သည်။ Stop-Loss Order ဆိုသည်မှာ Altcoin တစ်ခုဝယ်ထားသောအချိန်မှာ ဈေးနှုန်းဘယ်လောက်အထိကျရင် အလိုအလျောက်ရောင်းချပေးရန် ကြိုတင်သတ်မှတ်ထားသော အမိန့်တစ်ခုဖြစ်သည်။ သတ်မှတ်ထားသောအဆင့်အထိ ဈေးနှုန်းကျဆင်းသွားရင်တောင်မှ အလိုအလျောက်ရောင်းချပေးမည်ဖြစ်၍ ဆုံးရှုံးမှုအများကြီးရှိတော့မှာမဟုတ်ပါ။ Altcoin တွင် Stop-Loss သတ်မှတ်ခြင်းအပြင် Bitcoin Dominance ဇယားကို စဥ်ဆက်မပြတ်စောင့်ကြည့်ခြင်းသည် ဈေးကွက်အခြေအနေကိုနားလည်ပြီး လက်ရှိဈေးကွက်လားရာနှင့် ဈေးကွက်ရဲ့အားကောင်းမှုတွေပြောင်းလဲသွားခြင်းကို သိရှိနိုင်မည်ဖြစ်သည်။ ဈးတက်နေသော်လည်း အားပျော့လာတဲ့လက္ခဏာ (bearish divergence) များ၊ ဈေးတက်နေသောလမ်းကြောင်းအထိ ရောက်လာမှုများ၊ ဈေးတက်နေသောလမ်းကြောင်းကနေ ဖောက်ထွက်သွားမှုများ ဖြစ်လာပါက ဈေးနှုန်းများပြောင်းပြန်လှန်သွားနိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများကလည်း Bitcoin ကနေ Altcoin များဆီ ပြန်သွားနိုင်ပါသည်။ ဒီဇယားကို ပုံမှန်ကြည့်ခြင်းအားဖြင့် နောက်တစ်ကြိမ် Altcoin ဈေးတက်မယ့် Altseason ကို ကြိုတင်သိရှိခန့်မှန်းနိုင်ပါသည်။

Cryptocurrency market သည် ငွေကြေးစီးဆင်းမှုအစဉ်လိုက်ဖြစ်ပေါ်နေသော စက်ဝန်းအတိုင်း လည်ပတ်လေ့ရှိပြီး ရင်းနှီးမြှုပ်နှံသူများသည် ပုံမှန်အားဖြင့် Bitcoin တွင် စတင်ရင်းနှီးမြှုပ်နှံကြကာ Ethereum တို့လို market cap များသော Altcoin များတွင်လည်း ရင်းနှီးမြှုပ်နှံကြသည်။ အဲ့ဒီနောက် market cap အလယ်အလတ်ရှိသော project များတွင်လည်း ရင်းနှီးမြှုပ်နှံကြပြီး အန္တရာယ်ပိုယူလိုသော ဆန္ဒတွေပြင်းထန်လာတဲ့အခါ market cap နည်းသော Altcoin များတွင်လည်း ရင်းနှီးမြှုပ်နှံလေ့ရှိကြသည်။ Bitcoin တန်ဖိုးတည်ငြိမ်လာတဲ့အခါ သို့မဟုတ် ကြီးထွားမှုနှုန်းနှေးကွေးသွားတဲ့အခါတွင် ရင်းနှီးမြှုပ်နှံသူများသည် အခြားသော Assets များတွင် ပိုမိုမြင့်မားသော အကျိုးအမြတ်တွေရရှိဖို့ ရှာဖွေတတ်ကြပြီး အဲ့ဒီအတွက် Altcoin ဈေးကွက်မြင့်တက်လာစေသော "Domino Effect" တစ်ခုကို ဖြစ်ပေါ်လာစေသည်။ Altcoin Season တစ်ခု ဖြစ်ပေါ်လာဖို့ဆိုရင် Altcoin များသည် Bitcoin ထက် သတ်မှတ်ကာလတစ်ခု (ပုံမှန်အားဖြင့် ရက် 90) အတွင်း စွမ်းဆောင်ရည်သာလွန်မှုရှိရမည်။ တရားဝင်အသိအမှတ်ပြုခံရဖို့ Bitcoin Dominance 54% အောက်ကို ကျဆင်းသွားတာ၊ Bitcoin ဈေးနှုန်းတည်ငြိမ်သွားတာ၊ ဈေးကွတ်ရဲ့ လှုံ့ဆော်မှု မြင့်တက်လာတဲ့အခါနှင့် DeFi သို့မဟုတ် AI တို့လို လမ်းကြောင်းသစ်များ ပေါ်ပေါက်လာတဲ့အခါမျိုးမှသာ Altcoin Season စတင်လေ့ရှိသည်။


ဒီလို Bitcoin Dominance စက်ဝန်းနှင့်အညီ ရင်းနှီးမြှုပ်နှံမှုပုံစံများကိုပြောင်းလဲတာက ဈေးကွက်မသေချာမရေရာဖြစ်နေတဲ့အချိန် ဒါမှမဟုတ် Bitcoin Dominance အရမ်းများနေတဲ့အချိန်တွင် မိမိရဲ့ငွေများကို မဆုံးရှုံးအောင် ကာကွယ်ဖို့နှင့် Altcoin များဈေးပြန်တက်လာနိုင်တဲ့ Altcoin Season အတွက် ကြိုတင်ပြင်ဆင်ထားပြီး အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်ဖို့ အခုလိုရင်းနှီးမြှုပ်နှံမှုပုံစံများပြောင်းလဲကြသည်။ ထို့အပြင် မိမိအနေနှင့် Altcoin များ ဝယ်ယူထားသောအခါတွင် ဈေးနှုန်းဘယ်လောက်အထိ တက်လာရင် အမြတ်ထုတ်ချင်သည်ကို ကြိုတင်ဆုံးဖြတ်ထားဖို့လိုအပ်ပြီး အမြတ်ထုတ်ပြီးတဲ့နောက်ပိုင်း ဒါမှမဟုတ် ဈေးကွက်ပြန်ကျလာတဲ့အခါတွင် ဈေးကောင်းကောင်းနဲ့ပြန်ဝယ်နိုင်ဖို့အတွက် USDT, USDC လိုမျိုး ဈေးနှုန်းတည်ငြိမ်သော Stablecoin များကို သိမ်းထားကာ နောက်တစ်ကြိမ်ဈေးတက်လာမယ့် အခွင့်အရေးကို ရယူနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်သည်။

လာမယ့် Altcoin Season သည် အရင်လို Altcoin အားလုံးတရစပ်ဈေးတက်မှာမဟုတ်တော့ဘဲ အရည်အသွေးကောင်းမွန်သော တကယ်အသုံးဝင်သော projects များသာ စျေးတက်နိုင်မည်။ ရင်းနှီးမြှုပ်နှံသူများသည် Bitcoin Dominance ကျဆင်းလာတဲ့အခါတိုင်း ဘယ်လို Altcoin များတွင် မျက်စိမှိတ်ရင်းနှီးမြှုပ်နှံသင့်မည်၊ ဘာအတွက်အသုံးပြုနိုင်လဲ (Use Case)၊ ဘယ်လောက်တိုးတက်နေပြီလဲ (Active Development)၊ သူတို့ရဲ့ Token စနစ်သည် ရေရှည်မှာအဆင်ပြေနိုင်မလား (Healthy Tokenomics) စတာတွေကို သေချာကြည့်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်သည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေးအခြေအနေများနှင့် Cryptocurrency နှင့်ပတ်သက်သော အစိုးရ၏စည်းမျဉ်းစည်းကမ်းများသည် Bitcoin Dominance နှင့် Altcoin များ၏ ဈေးနှုန်းအပေါ် သက်ရောက်မှုများရှိနိုင်သောကြောင့် မိမိအနေနှင့် On-Chain အချက်အလက်များအပါအဝင် Bitcoin Dominance ဇယားများကိုသာမက ကျယ်ပြန့်သောစီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်များကိုပါ အဆက်မပြတ်လေ့လာစောင့်ကြည့်ရမည်။ Bitcoin Dominance စက်ဝန်းနှင့်အညီ မိမိရဲ့ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျပြုပြင်ပြောင်းလဲပြီး အမြတ်အစွန်းရရှိအောင် စီမံခန့်ခွဲရမည်။



Binance Account ဖွင့်ရန်