2025 ခုနှစ်ရဲ့ Crypto လောကမှာ လူပြောအများဆုံးနဲ့ အငြင်းပွားဖွယ်ရာအကောင်းဆုံး Project တစ်ခုကိုပြပါဆိုရင်တော့ Pi Network ကို ချန်ထားခဲ့လို့ရမှာမဟုတ်ပါဘူး။ Bitcoin လိုမျိုး အစောပိုင်း Cryptocurrency တွေရဲ့ စွမ်းအင်သုံးစွဲမှုကြီးမားတာတွေနဲ့ ချမ်းသာကြွယ်ဝမှုတွေက လူနည်းစုလက်ထဲမှာတင်စုပုံနေတဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့အတွက် 2019 ခုနှစ်မှာ Stanford တက္ကသိုလ်က PhD ပညာရှင်တွေက သာမန်လူတိုင်းသုံးစွဲနိုင်တဲ့ ဗဟိုချုပ်ကိုင်မှုမဲ့ Digital ငွေကြေးတစ်ခုကိုဖန်တီးဖို့ရည်မှန်းချက်နဲ့ Pi Network က ပွဲထွက်လာခဲ့သလို ဖုန်းနဲ့ 'Mining' လုပ်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ဆန်းသစ်တဲ့ Token ဖြန့်ဝေမှုစနစ်ကြောင့်လည်း ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူ သန်း 60 ကျော် (Pioneers) ကို စုစည်းနိုင်ခဲ့တာကြောင့် Crypto လောကမှာ အကြီးမားဆုံးနဲ့ အားအကောင်းဆုံး Community တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။

Pi Network ရဲ့ အခြေခံအုတ်မြစ်နဲ့ နည်းပညာ


Pi Network ရဲ့ အဓိကရည်မှန်းချက်ကတော့ သာမန်လူတွေအတွက် ငွေကြေးစနစ်တစ်ခုဖန်တီးပေးဖို့ပါပဲ။ သူတို့ရဲ့ Whitepaper မှာဆိုရင် ဘဏ်တွေလို ကြားခံအဖွဲ့အစည်းတွေက တန်ဖိုးအများစု ဘယ်လိုရယူထားသလဲဆိုတာကို ဝေဖန်ထားသလို Bitcoin ရဲ့ အားနည်းချက်တွေကိုပါ ထောက်ပြထားကိုတွေ့ရှိရမှာပါ။ Pi ရဲ့ အဓိကနည်းပညာကတော့ 'Mobile Mining' ပါ။ ဒါပေမဲ့ ဒီ 'Mining' ဆိုတာ Bitcoin လို ကွန်ပျူတာစွမ်းအားအများကြီးသုံးပြီး တွက်ချက်ရတဲ့ Proof-of-Work (PoW) လိုမျိုးမဟုတ်ဘဲ သုံးစွဲသူတွေအနေနဲ့ 24 နာရီတစ်ခါ App ထဲက ခလုတ်တစ်ခုကိုနှိပ်ပြီး Network မှာ သူတို့အသက်ဝင်နေကြောင်း သက်သေပြရုံနဲ့ Pi Coin တွေရရှိနိုင်တဲ့ Token ဖြန့်ဝေမှုစနစ်တစ်ခုသာဖြစ်ပါတယ်။ နောက်ကွယ်မှာတော့ စွမ်းအင်အသုံးနည်းတဲ့ 'Stellar Consensus Protocol (SCP)' ကို အခြေခံထားတာကြောင့် battery စားသက်သာပြီး လူတိုင်းပါဝင်နိုင်အောင် ဒီဇိုင်းဆွဲထားတာပါ။


ကမ္ဘာနှစ်ခုအကြားက ပဋိပက္ခ- Enclosed Mainnet နဲ့ IOU ဈေးကွက်

Pi Network ရဲ့ အရှုပ်ထွေးဆုံးအချက်ကတော့ သူ့ရဲ့လက်ရှိအခြေအနေပါပဲ။ Pi Core Team ရဲ့ တရားဝင်ကြေညာချက်အရ Pi Network ဟာ 'Enclosed Mainnet' အဆင့်မှာပဲရှိနေသေးတဲ့အတွက် ဒါဟာ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတဲ့ 'တံတိုင်းခတ်ထားတဲ့ဥယျာဉ် (Walled Garden)' တစ်ခုဖြစ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒီအဆင့်မှာ တကယ့် Pi Coin အစစ်တွေကို တခြား Crypto တွေ ဒါမှမဟုတ် ဒေါ်လာလို ပိုက်ဆံအစစ်တွေနဲ့ လဲလှယ်ရောင်းဝယ်လို့ရနိုင်ဦးမှာမဟုတ်ပါဘူး။

ဒါပေမဲ့ တစ်ဖက်မှာလည်း OKX, Bitget, Gate.io တို့လို Exchange တွေမှာ 'PI' ဆိုတဲ့ Ticker နဲ့ အရောင်းအဝယ်လုပ်နေကြတာကို တွေ့နေကြရမှာပါ။ ဒါတွေက အမှန်တော့ တကယ့် Pi Coin အစစ်တွေမဟုတ်ဘဲ IOU (I Owe You) Token လို့ခေါ်တဲ့ 'အကြွေးမှတ်တမ်း' သက်သက်သာဖြစ်တဲ့အတွက် အဆိုပါ Token တွေရဲ့ ဆိုလိုရင်းအရ တကယ့် Pi Coin တွေ ဈေးကွက်ထဲရောက်လာတဲ့အခါ 'မင်းကိုငါတစ်ခုပြန်ပေးမယ်' ဆိုတဲ့ ကတိတစ်ခုအဖြစ် အပြန်အလှန်အရောင်းအဝယ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ Pi Core Team က ဒီ IOU အရောင်းအဝယ်တွေကို လုံးဝတရားမဝင်ကြောင်းနဲ့ သူတို့နဲ့မသက်ဆိုင်ကြောင်း အကြိမ်ကြိမ်ကြေညာထားပေမယ့် ဒီကမ္ဘာနှစ်ခုရဲ့ကွဲလွဲမှုက သုံးစွဲသူအများအပြားကို အလွန်စိတ်ရှုပ်ထွေးစေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် အထူးသတိထားဖို့လိုအပ်ပါတယ်။

Pioneer တို့ရဲ့ အကြီးမားဆုံးစိန်ခေါ်မှု - KYC Bottleneck

သုံးစွဲသူတစ်ယောက်က သူတူးထားတဲ့ Pi Coin တွေကို Mainnet ပေါ်လွှဲပြောင်းပြီး အသုံးပြုနိုင်ဖို့အတွက် မဖြစ်မနေ 'Know Your Customer (KYC)' ဆိုတဲ့ စစ်ဆေးမှုလုပ်ငန်းစဉ်ကို ပြီးမြောက်အောင်လုပ်ဆောင်ရပြီးတော့ ဒါဟာ အကောင့်တုတွေနဲ့ Pi Coin တွေ မတရားသဖြင့်စုဆောင်းတာမျိုးကို တားဆီးဖို့နဲ့ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီ KYC လုပ်ငန်းစဉ်က Project တစ်ခုလုံးရဲ့ အကြီးမားဆုံး Bottleneck တစ်ခုဖြစ်နေပြီးတော့ သုံးစွဲသူ သန်းပေါင်းများစွာရဲ့ KYC တွေအနေနဲ့ 'Review in Progress' ဆိုတဲ့အဆင့်မှာတင် လပေါင်းများစွာ တစ်ခါတစ်ရံ နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းနေခဲ့ရတဲ့အတွက် Community ကြားမှာတော့ အလွန်ကြီးမားတဲ့ စိတ်ပျက်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။


Community ရဲ့ယုံကြည်မှုနဲ့ ဝေဖန်မှုများ


Pi Network ရဲ့ Community က အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ နေရာတစ်ခုလို့ဆိုရမှာပါ။ အကြောင်းကတော့ Project အပေါ်မှာ အလွန်အမင်းယုံကြည်သက်ဝင်သူတွေရှိနေပြီး သူတို့က Global Consensus Value (GCV) ဆိုတဲ့ တန်ဖိုးတစ်ခုအဖြစ် Pi တစ် coin ရဲ့တန်ဖိုးကို သင်္ချာကိန်းသေ π (3.14159) ကိုအခြေခံကာ ဒေါ်လာ 314,159 ဖြစ်သင့်တယ်ဆိုတဲ့ ယုံကြည်မှုကို ကိုင်စွဲထားလျက်ရှိကြပါတယ်။ ဒါဟာ စီးပွားရေးအရ လုံးဝမဖြစ်နိုင်တဲ့ တန်ဖိုးတစ်ခုဖြစ်တယ်ဆိုပေမယ့် ဒီအချက်က Community ရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကိုပြသနေတဲ့ အစွမ်းထက်တဲ့လက္ခဏာတစ်ခုလို့တော့ ဆိုရမှာဖြစ်ပါတယ်။


ဒါပေမယ့် တစ်ဖက်မှာလည်း Pi Network အနေနဲ့ လူသစ်ခေါ်လေလေ Mining Rate တိုးလေလေဖြစ်တဲ့အတွက် သူ့ရဲ့တိုးတက်မှုပုံစံက MLM (Multi-Level Marketing) နဲ့တူတယ်လို့ ဝေဖန်ခံနေရပြီးတော့ Project ရဲ့ တကယ့်ရည်ရွယ်ချက်က Crypto ဖန်တီးဖို့မဟုတ်ဘဲ KYC ကနေတစ်ဆင့် သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို စုဆောင်းနေတာဖြစ်သလို Decentralized လို့ကြွေးကြော်ထားပေမယ့် Network ရဲ့ အဓိက Node တွေကိုတော့ Core Team ကပဲ ထိန်းချုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Project အပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်လျက်ရှိနေကြပါတယ်။

* Pi2Day 2025 က ဘာကြောင့်အရေးကြီးတာလဲ?



2025 ခုနှစ် ဇူလိုင်လကုန်ဆုံးတော့မယ့်အချိန်အခါတုန်းက ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Pi Network သုံးစွဲသူ Pioneers သန်း 60 ကျော်တို့ရဲ့ မျက်လုံးတွေအားလုံးက နှစ်စဉ် ဇွန်လ 28 ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ 'Pi2Day' ဆိုတဲ့ အထူးအစီအစဉ် တစ်ခုတည်းကိုပဲ စုပြုံရောက်ရှိနေခဲ့ကြပါတယ်။ အဆိုပါနေ့က Pi Core Team ကနေ Project ရဲ့ အရေးကြီးတဲ့ Update တွေ၊ Feature အသစ်တွေနဲ့ အနာဂတ်အစီအစဉ်တွေကို တရားဝင်ချပြလေ့ရှိတဲ့ နေ့တစ်နေ့ဖြစ်တာကြောင့် Pi Community တစ်ခုလုံးအတွက်ကတော့ မျှော်လင့်ချက်တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့လို့တောင်မှ ဆိုနိုင်ပါတယ်။ အတိတ်သမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း Pi Core Team အနေနဲ့ အရေးကြီးတဲ့နေ့တွေမှာ အဓိကကျတဲ့ ပြောင်းလဲမှုတွေကို ချပြလေ့ရှိခဲ့တာကြောင့် ဒီနှစ်ရဲ့ Pi2Day ကတော့ အရင်နှစ်တွေကထက်တောင်မှ ပိုပြီးအရေးပါနေခဲ့တာပဲဖြစ်ပါတယ်။

2025 Pi2Day မှာ Pioneers တွေ မျှော်လင့်ခဲ့တဲ့ အဓိကအချက် 5 ချက်


ဒီနှစ်ရဲ့ Pi2Day မှာတော့ Community က အရင်နှစ်တွေကထက် ပိုမိုကြီးမားတဲ့ မျှော်လင့်ချက်တွေထားရှိခဲ့ပြီးတော့ အထူးသဖြင့် အောက်မှာဖော်ပြထားတဲ့ အဓိကအချက် 5 ချက်က လူပြောအများဆုံးနဲ့ စောင့်ကြည့်အခံရဆုံး အကြောင်းအရာတွေ ဖြစ်ခဲ့ပါတယ်။


1. Open Mainnet အတွက် တိကျပြတ်သားတဲ့ Roadmap: လက်ရှိ 'Enclosed Mainnet' ကနေ အပြင်လောကနဲ့ချိတ်ဆက်အရောင်းအဝယ်လုပ်နိုင်မယ့် Open Mainnet ကို ဘယ်တော့ကူးပြောင်းမလဲဆိုတဲ့ တိကျတဲ့အချိန်ဇယား။


2. ဒုတိယအသုတ် KYC အတည်ပြုမှု: တရုတ်၊ အာဖရိကနဲ့ လက်တင်အမေရိကတို့လို နိုင်ငံတွေက သုံးစွဲသူ သန်းပေါင်းများစွာအတွက် KYC အခွင့်အရေးတွေဖွင့်ပေးခြင်း။


3. Exchange ကြီးတွေမှာ List လုပ်မယ့်မယ့်သတင်း: Binance ဒါမှမဟုတ် HTX တို့လို ထိပ်တန်း Exchange တွေမှာ စာရင်းဝင်နိုင်ခြေနဲ့ပတ်သက်တဲ့ သဲလွန်စများ။


4. လက်တွေ့အသုံးတည့်မယ့် dApp အသစ်များ: ဖုန်းဘေလ်ဖြည့်တာ၊ ဈေးဝယ်တာတွေလို လက်တွေ့ဘဝမှာ အသုံးဝင်တဲ့ Application အသစ်တွေ ပွဲထွက်လာခြင်း။


5. AI နည်းပညာ ပေါင်းစပ်မှု: Project ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ Generative AI နည်းပညာကို Pi Ecosystem ထဲသို့ ထည့်သွင်းမယ့်အစီအစဉ်။

Pi2Day 2025 မှာ တကယ်ဘာတွေဖြစ်ခဲ့တာလဲ?


သုံးစွဲသူတွေ မျှော်လင့်ထားတဲ့အချက်တွေအားလုံး တစ်ပြိုင်နက်တည်းဖြစ်မလာခဲ့ပေမယ့် Pi Core Team ကတော့ အရေးကြီးတဲ့ တိုးတက်မှုအချို့ကိုချပြခဲ့ပြီး အနာဂတ်အတွက် လမ်းကြောင်းကို ပိုမိုရှင်းလင်းစေခဲ့ပါတယ်။


1. Open Mainnet Roadmap (အခြေအနေအရပ်ရပ်)


လူတွေမျှော်လင့်ထားသလို Open Mainnet ဘယ်နေ့ဖွင့်မယ်ဆိုတဲ့ တိကျတဲ့ရက်စွဲကို ကြေညာခဲ့ခြင်းမရှိခဲ့ပေမဲ့ အဲဒီအစား Open Mainnet ကို ကူးပြောင်းဖို့အတွက် မဖြစ်မနေပြည့်မီရမယ့် အဓိကအခြေအနေ (Conditions) 3 ရပ်ကို တရားဝင်ချပြခဲ့ပါတယ်-


(a) KYC နဲ့ Migration: KYC အောင်မြင်ပြီး Mainnet သို့ပြောင်းရွှေ့ပြီးသား သုံးစွဲသူအနည်းဆုံး 15 သန်းရှိရပါမယ်။


(b) Ecosystem Utility: Pi Browser ထဲမှာ အရည်အသွေးမြင့်ပြီး လက်တွေ့အသုံးတည့်တဲ့ dApp အနည်းဆုံး 100 ရှိရပါမယ်။


(c) နည်းပညာပိုင်းဆိုင်ရာ အသင့်ဖြစ်မှု: Network ရဲ့ တည်ငြိမ်မှု၊ လုံခြုံရေးနဲ့ အတိုင်းအတာချဲ့ထွင်နိုင်မှု (Scalability) တို့က ပွင့်လင်းတဲ့ဈေးကွက်အတွက် အပြည့်အဝအသင့်ဖြစ်နေရပါမယ်။


ဒီကြေညာချက်တွေကြောင့် Open Mainnet ကို စောင့်ဆိုင်းနေဆဲဖြစ်ပေမယ့် ဘယ်လိုအချက်တွေပြည့်မီမှ ဖွင့်မယ်ဆိုတာကိုတော့ သုံးစွဲသူတွေ တိတိကျကျသိရှိသွားခဲ့ရပါတယ်။


2. KYC နဲ့ AI ပေါင်းစပ်မှု


မျှော်လင့်ထားတဲ့အတိုင်း ဒုတိယအသုတ် KYC (Second KYC Wave) ကို စတင်ကြောင်းကြေညာခဲ့ပြီး အထူးသဖြင့် အာရှ၊ အာဖရိက လက်တင်အမေရိကလို ဒေသတွေက သုံးစွဲသူတွေအတွက် KYC လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်စေမယ့် အစီအစဉ်တွေပါဝင်ခဲ့ပါတယ်။ အထူးခြားဆုံးကတော့ KYC စစ်ဆေးမှုတွေမှာ ပိုမိုတိကျမြန်ဆန်စေဖို့အတွက် AI နည်းပညာကို အသုံးပြုထားတဲ့ စနစ်သစ်တစ်ခုကိုပါ တစ်ပါတည်းမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။


3. Exchange Listing နဲ့ dApp အသစ်များ


Binance တို့လို Exchange ကြီးတွေမှာ စာရင်းဝင်မယ့်အကြောင်းကို တရားဝင်ကြေညာခဲ့ခြင်းမရှိခဲ့သလို Core Team အနေနဲ့လည်း သူတို့ရဲ့မူလစည်းမျဉ်းအတိုင်း Enclosed Mainnet ကာလအတွင်းမှာ ဘယ် Exchange နဲ့မှ ပူးပေါင်းဆောင်ရွက်မှာမဟုတ်တဲ့အကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။


ဒါပေမဲ့ dApp Ecosystem အတွက်တော့ 'Pi App Studio' ကို တရားဝင်မိတ်ဆက်ခဲ့ပြီး ဒါက Developer မဟုတ်တဲ့ သာမန်သုံးစွဲသူတွေတောင် AI အကူအညီနဲ့ ကိုယ်ပိုင် App တွေ အလွယ်တကူဖန်တီးနိုင်အောင် ပြုလုပ်ပေးတဲ့ Feature တစ်ခုဖြစ်တာကြောင့် Community ကြားမှာတော့ အလွန်စိတ်ဝင်စားမှုရရှိခဲ့ပါတယ်။


Community ရဲ့တုံ့ပြန်မှု


Pi2Day အပြီးမှာတော့ Community ရဲ့တုံ့ပြန်မှုက နှစ်မျိုးကွဲထွက်သွားခဲ့ပါတယ်။

1. စိတ်အားတက်ကြသူများ: KYC စနစ်သစ်၊ AI ပေါင်းစပ်မှုနဲ့ Open Mainnet အတွက် တိကျတဲ့ Condition တွေသိရတဲ့အတွက် Project ရဲ့ အနာဂတ်ကို ပိုပြီးယုံကြည်မှုရှိလာကြပါတယ်။


2. စိတ်ပျက်ကြသူများ: တိကျတဲ့ Open Mainnet ရက်စွဲကို မရရှိတဲ့အတွက် စိတ်ပျက်မှုတွေရှိခဲ့ပြီး စောင့်ဆိုင်းရဦးမယ်ဆိုတဲ့အသိကြောင့် IOU ဈေးကွက်မှာ ဈေးနှုန်းအနည်းငယ်အတက်အကျတွေဖြစ်စေခဲ့ပါတယ်။


အချုပ်အားဖြင့်ဆိုရရင် Pi2Day 2025 ဟာ လူတွေမျှော်လင့်ထားသလို 'Big Bang' ပွဲကြီးတစ်ခုမဟုတ်ခဲ့ပေမယ့်လည်း Project ရဲ့ ရှေ့ခရီးအတွက်ကတော့ ပိုမိုရှင်းလင်းတဲ့ လမ်းပြမြေပုံတစ်ခုကိုချပြနိုင်ခဲ့တဲ့ 'အရေးပါတဲ့ခြေလှမ်းတစ်ရပ်' ဖြစ်ခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။

Binance အကောင့်ဖွင့်ရန်