Alt coin တွေထဲမှာ ETH ပြီးရင် တတိယနေရာကိုရောက်လာတာက XRP ပါ။ သူ့ရဲ့ 24hr ဈေးအတက်က 0.10 % ဝန်းကျင်ပြနေပါတယ်။ ဒါတောင် ခုညမှ ပြန်တက်တာပါ။ တနေ့လုံး တအိအိကျနေခဲ့တာပါ။ ကိုယ်တွေဆီမှာတော့ အာဇာနည်နေ့ပေါ့။ စိတ်မကောင်းဖြစ်ရတဲ့နေ့ပေါ့။ အာဇာနည်တွေနေတဲ့ တိုင်းပြည်တဲ့လေ။ နောက်ထပ် အာဇာနည်တွေ ဘယ်လောက်များ ပေးဆပ်ရဦးမှာလဲ။ ကမ္ဘာ့ဈေးကွက်အနေနဲ့ကတော့ weekend မို့ဈေးတွေ ကျတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
အရင်တပတ်ကတည်းက XRP ကတရှိန်ထိုး တက်ခဲ့တာပါ။ ၇ ရက်အတွင်း တက်နှုန်းက 26.56% ရှိခဲ့ပါတယ်။ ရက် ၃၀ အတွင်းတက်နှုန်းက 59.55% ထိကိုရောက်ခဲ့တာပါ။ ဒါဟာ Alt season ရဲ့ ရှေ့ပြေး အချက်ပြမှုတခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် market cap က သူ့အထက်က အဆင့် ၂ ဖြစ်တဲ့ ETH ရဲ့ market cap ရဲ့ တဝက်ဖြစ်တဲ့ 203.70 B ပဲရှိသေးပြီး ဆရာကြီးဖြစ်တဲ့ BTC ထက် ၁၀ ဆကျော် နည်းနေပါသေးတယ်။ တနည်းအားဖြင့်တော့ XRP ဟာအများကြီး ကြီးထွားဖို့ အခွင့်အရေးတွေ ရှိသေးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ market dominance က 5.2% ရှိနေပါတယ်။ လွန်ခဲ့တဲ့ June လလယ်လောက်က 2 $ မပြည့်တဲ့ဈေးကနေ ပြီးခဲ့တဲ့ရက်က 3.5 $ ကျော်ထိ ရောက်လာခဲ့ပါတယ်။ သူရဲ့ ATH 3.841 $ ကိုရောက်ပါတော့မယ်။ BTC ကို New ATH 150k မှန်းထားကြသလို XRP ကိုလည်း New ATH 4.5 $ ကိုမှန်းထားကြပါတယ်။ BTC တချက် pump ပြီးမှ alt season ရောက်မယ်လို့လည်း ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် trader များအနေနဲ့ကတော့ မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အခွင့်အရေးကို အရယူကြရမှာ ဖြစ်ပါတယ်။