#ETHBreakout3.5k
ETH ဟာ BTC ကျနေတာတောင်မှ ဆက်တိုက်တက်နေပါတယ်။ 3.5 K အထက်မှာပဲ တောက်လျောက်ရှိနေပြီး သူ့ရဲ့ အရင် ATH 4.1 K ကို တဖြည်းဖြည်းနီးစပ်လာနေပါပြီ။ New ATH ကိုတက်မယ့်အလားအလာတွေ မြင်နေရပါတယ်။ alt coin အတော်များများ ဈေးတွေ တရှိန်ထိုးတက်လာကြတဲ့အတွက် တချို့ trader တွေက ပြန်ကျတော့မယ် ဆိုပြီး short ကြပါတယ်။ ဒါပေမယ့် သူတို့တွေပဲ SL / liq ထိကြပြီး coin တွေကတော့ တက်မြဲတက်ဆဲ ပါပဲ။ Trump ရဲ့ stable coin နဲ့ပတ်သက်တဲ့ ဥပဒေဟာ ဒုတိယအကြိမ်မဲခွဲရာမှာ အောင်မြင်သွားတဲ့အတွက် လတ်တလောအားဖြင့် တက်နေပါဦးမယ်။ alt coin တွေရဲ့ ခေါင်းတွဲကြီး ဖြစ်တဲ့ ETH ကတော့ ရွှေရောင်တောက်ပ လို့နေပါတယ်။