#StrategyBTCPurchase
နေ့တိုင်းလိုလို တက်နေပါတယ်။ နေ့တိုင်းလိုလို New ATH ကိုတင်နေပါတယ်။ အခုအတိုင်းဆိုရင် 150K ကိုရောက်သွားနိုင်ပါတယ်။ ဒီနေ့ 123K ကိုတင်ထားပါပြီ။ Aug 1st အခွန်ကိစ္စတွေ စတင်အသက်ဝင်လာရင်တော့ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။အဲဒီရက်မတိုင်ခင်လည်း 150K ကိုဆွဲတင်ကောင်း ဆွဲတင်နိုင်ပါတယ်။ Trump ရဲ့အကြံကို မှန်းဆရခက်ပါတယ်။ သူတက်လာပြီးတာနဲ့ 100K အောက်ကို ဆွဲချခဲ့ပါတယ်။ အဲဒီအချိန်မှာ လိုသလောက်ဝယ်ထားပြီး ဖြစ်လောက်ပါပြီ။ တကယ်သာ 150K ရောက်လာပြီဆိုရင် 50K အမြတ်နဲ့ တခုခုကို ပေးချေတာလုပ်လို့ရပြီပေါ့။ 100K ချေးပြီး 1BTC ဝယ်ထားခဲ့ရင် 100K ဆပ်ပြီးတာတောင်မှ 50K အသားတင်ကျန်ခဲ့တာမျိုးပေါ့။ သူတို့တွေရဲ့ ကစားကွက်တွေကြားထဲမှာ crypto trader အငယ်လေးတွေက ပါးပါးနပ်နပ်ရှိပါမှ ကိုယ့်ငွေလေး မဆုံးရှုံးပဲ အမြတ်ရမှာပါ။ မဟုတ်ရင်တော့ အမြဲပဲ အလှူပေးနေရပါလိမ့်မယ်။