Binance က 18 ခုမြောက် HODLer Airdrop အနေနဲ့ Nexpace ဆိုတဲ့ Project အသစ်တစ်ခုကို မိတ်ဆက်လာပါတယ်။

NEXPACE ဆိုတာဘာလဲ?

ဂိမ်းဆော့တဲ့သူ တော်တော်များများက MapleStory ကို ဆော့ဖူးကြမယ်ထင်ပါတယ်။ အခု MapleStory ကနေ Nexpace ဆိုတဲ့ ပလက်ဖောင်းအသစ်တစ်ခုက MapleStory Universe ကို Blockchain နဲ့ ပေါင်းစပ်ပြီးတော့ ဆန်းသစ်တဲ့ ဂိမ်းကစားနည်းတွေ ယူဆောင်လာတယ်လို့ ဆိုထားပါတယ်။ ဒီအဲမှာ Game တွေထဲမှာရှိတဲ့ Item တွေ NFT တွေကို အရောင်းအဝယ်လုပ်လို့ရမယ့် NXPC Token တစ်ခုကိုလည်း မိတ်ဆက်ထားပါသေးတယ်။

What is NXPC?

NXPC ဆိုတာက MapleStory Universe ရဲ့ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒီ Token ကို သုံးပြီးတော့ ဂိမ်းထဲမှာ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေ ဝယ်လို့ရတယ်၊ NFT တွေ ဖန်တီးလို့ရတယ်၊ ဒါမှမဟုတ် တခြား Player တွေနဲ့ ပစ္စည်းတွေ အရောင်းအဝယ်လုပ်လို့ရပါတယ်။ ရိုးရိုးပြောရရင် NXPC က ဂိမ်းထဲမှာရှိတဲ့ ကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုတွေကို တကယ့်ပိုင်ရှင်အဖြစ် ပိုင်ဆိုင်ခွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ ဒါက Gamer တွေအတွက် ဆန်းသစ်တဲ့ ဂိမ်းကစားနည်းတစ်ခုလို့ဆိုရပါမယ်။

Why It’s a Game-Changer

ဂိမ်းထဲမှာ ရှားပါးတဲ့ Item တွေရှိပါတယ်။ ကိုယ်က အဲဒီရှားပါးတဲ့ Item တစ်ခုခုရလာတယ်ဆိုရင် NXPC Token နဲ့ အဲဒီ Item ကို NFT အဖြစ်ပြောင်းပြီး တခြား Player တွေနဲ့ အရောင်းအဝယ်လုပ်လို့ရပါတယ်၊ ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်လို့လည်းရပါတယ်။ ပြီးတော့ ဂိမ်းထဲမှာ အချိန်ကြာကြာ ကစားတာပဲဖြစ်ဖြစ်၊ အကြောင်းအရာတွေ ဖန်တီးတာပဲဖြစ်ဖြစ်၊ အဲဒါတွေအတွက် Token တွေ ရဖို့ အခွင့်အလမ်းရှိတွေလည်းရှိပါသေးတယ်။ အဲ့ဒီစနစ်က Avalanche ရဲ့ Henesys ဘလော့ချိန်းနဲ့ လုပ်ထားတာဆိုတော့ ငွေပေးငွေယူတွေက မြန်ဆန်ပြီး အချိန်ကုန်လည်းသက်သာပါတယ်။

How to Join

Binance အသုံးပြုတဲ့သူတွေဆိုရင် NXPC တိုကင်ကို HODLer Airdrop ကနေ ရဖို့ အခွင့်အလမ်းရှိပါတယ်။ HODLer Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြေငြာလေ့တော့ မရှိဘူး။ ဒါကြောင့် Binance Earn မှာ BNB ကို Flexible ဒါမှမဟုတ် Locked အနေနဲ့ ၂၀၂၅ မေလ ၆ ရက်ကနေ ၉ ရက်အတွင်း ထည့်ထားတဲ့သူတွေက Airdrop တွေရခဲ့ကြပါတယ်။ ညီကိုတို့ရော Airdrop ရခဲ့ရင် ဘယ်လောက်ရလဲဆိုတာ အောက်က ကွန်မန့်မှာ ရေးခဲ့ပေးပါဦး။

NEXPACE HODLer Airdrop

Nexpace ရဲ့ Native Token က NXPC ဖြစ်ပြီး Total Supply က 1 Billion ရှိပါတယ်။ HODLer Airdrop အတွက် 30 Million ကို Airdrop အဖြစ် ဖြန့်ဝေခဲ့ပါတယ်။ လက်ရှိ Circulating Supply က 169.04 Million ရှိပါတယ်။

ဒီ token က Governance token ဆိုတော့ community နဲ့သက်ဆိုင်တဲ့ နေရာတွေမှာ voting စနစ်နဲ့ ပါဝင်လို့ရပါတယ်။ အကျဉ်ချုပ်ပြောရရင် ဒီ Project က Game ဆော့နေနဲ့ ညီကိုတို့အတွက် အသုံးဝင်တဲ့ Project တစ်လို့ ဆိုရပါမယ်။

🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0

#BinanceHODLerNXPC #NXPC