HODLer Airdrop ထပ်လာပါပြီ။ ဒီတခါမှာတော့ Web3 gaming platform တခုဖြစ်တဲ့ Nexpace project ကို မိတ်ဆက်လာတာပါ။ တောင်ကိုရီးယားအခြေစိုက် gaming universe တခုဖြစ်တဲ့ MapleStory Universe ကို ချဲ့ထွင်ဖို့ ရည်ရွယ်တာလည်းဖြစ်သလို MMORPG (Massively multiplayer online game) မှာ NFT အခြေပြု feature တွေ ထည့်သွင်းပြီး cross-application asset တွေ သုံးလို့ရနိုင်ဖို့ ရည်ရွယ်ပါတယ်။ အခုလက်ရှိမှာ MapleStory ဟာ 190 million အထိ player တွေရှိနေတာကြောင့် Nexpace ဟာလည်း MapleStory ရဲ့ အရှိန်ကို ယူပြီး အောင်မြင်လာနိုင်ပါတယ်။
.
Nexpace ဟာ MapleStory ကို ဦးတည်တယ်ဆိုပေမယ့် Nexpace ပေါ်မှာ content တွေနဲ့ game တွေတင်လို့ရနိုင်ဖို့ Synergy App တွေ၊ on-chain နဲ့ off-chain data တွေကို အလွယ်တကူ သုံးလို့ရနိုင်ဖို့ MSU Builder တွေပါဝင်မှာဖြစ်သလို MapleStory game ထဲမှာလည်း gas fees မပေးရတဲ့ transaction တွေနဲ့ blockchain အခြေပြု item ownership တွေအတွက် feature တွေ ထည့်သွင်းသွားမှာပါ။
နောက်ပိုင်းမှာတော့ Nexpace ထဲက NFT တွေကို တခြား application တွေမှာ အသုံးပြုလို့ရနိုင်အောင် ဖန်တီးသွားမှာဖြစ်ကြောင်းလည်း ဆိုထားတာကြောင့် decentralized gaming platform တခုဖြစ်လာနိုင်ပါတယ်။
.
$NXPC ကတော့ Nexpace ရဲ့ native token ဖြစ်ပြီး NFT တွေဖန်တီးတဲ့နေရာမှာ၊ Synergy app development တွေမှာ၊ governance ပိုင်းတွေမှာနဲ့ ecosystem ထဲက contributor တွေအတွက် ဆုပေးတာ၊ ငွေပေးချေတာတွေမှာ အသုံးပြုလို့ရနိုင်မှာပါ။
.
NXPC ရဲ့ total supply ကတော့ 1 billion သာ ရှိတာကြောင့် အတော်နည်းတဲ့ပမာဏဖြစ်ပြီး Binance မှာ list ပြီးနောက် circulating supply ကတော့ 169.04 million ရှိလာမှာပါ။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ $BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု NXPC အတွက် airdrop တွက်ပုံကတော့ May လ 6 ရက်နေ့ကနေ 9 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် $BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ NXPC မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက $BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။