Binance ရဲ့ Launchpool ပေါ်မှာ NIL ဆိုတဲ့ Token တခုကို ယူလို့ရနေပါတယ်။

NIL ဆိုတာကတော့ Nillion ရဲ့ Native Token တခုဖြစ်ပါတယ်။ Nillion ဆိုတာက Private Data တွေနဲ့ပတ်သက်တဲ့ Decentralized Network တခုဖြစ်ပါတယ်။ Nillion ပေါ်မှာ ဥပမာ AI model Training တွေ၊ ကျန်းမာရေးနဲ့ပက်သက်တဲ့ အချက်အလက်တွေကို တွက်ချက်အဖြေရှာနိုင်မယ်၊ Data တွေကို လုံလုံခြုံခြုံသိမ်းထားနိုင်မယ့် ပုံစံဖြစ်ပါတယ်။

လက်ရှိအချိန်မှာ NIL ရဲ့ Total Supply က 1 Billion NIL Tokens ရှိနေမှာဖြစ်ပါတယ်။ Binance ရဲ့ launchpool အတွက် Total supply ရဲ့ 3.5% ကို ခွဲဝေရရှိထားပါတယ်။ Project Team ကတော့ 20% ခွဲတမ်းယူထားသလို၊ Community အတွက် 16.5 % ခွဲပေးထားတာကို တွေ့ရပါတယ်။

Binance ရဲ့ Launchpool မှာတော့ BNB, FDUSD, USDC စတဲ့ Token တွေကို သုံးပြီး NIL Token တွေရယူနိုင်ပါတယ်။ Launchpool အတွက်ရတဲ့ ပမာဏထဲက 80% ကိုတော့ BNB Pools အတွက်ခွဲထားပြီး ကျန်တဲ့ 20% ကိုတော့ USDC နဲ့ FDUSD Pool တွေအတွက် 10% စီ ရရှိမှာဖြစ်ပါတယ်။  

Binance Launchpool မှာ ပါဝင်ဖို့အတွက်ဆိုရင်တော့

ကိုယ့်ရဲ့ Binance account က KYC အောင်ထားဖို့လိုပါတယ်။

ပြီးရင်တော့ Home page ထဲက More ကို နှိပ်ပြီး Launchpool ဆိုတဲ့ Icon လေးကို ရှာကြည့်ပါ။

ပြီးရင် Nillion ကို ရွေးပြီးတော့ ကိုယ် ထည့်ချင်တဲ့ Token ကို ရွေး Lock ဆိုတာလေးကိုနှိပ်ပြီး Farming စလုပ်လို့ရပါပြီ။


ရလာတဲ့ Reward Token တွေကို ကိုယ်တိုင် Claim လုပ်လို့ရသလို၊ မလုပ်ချင်ရင်လည်း Farming ကာလပြီးတာနဲ့ Spot Wallet ထဲကို ဝင်လာမှာဖြစ်ပါတယ်။

#BinanceLaunchPool🔥 #BNB #FDUSD #USDC #nillion