Binance Launchpool ပေါ်မှာ RedStone (RED) ဆိုတဲ့ Token ကို မိတ်ဆက်လာခဲ့ပါတယ်။ RedStone က DeFi community ကြားမှာ ရေပန်းစားနေတဲ့ Project တခုလည်းဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ EVM ရော၊ EVM မဟုတ်တဲ့ Blockchain တွေအများစုအတွက် ပြင်ပက system နဲ့ ပေါင်းကူးချိတ်ဆက်ပေးနိုင်မယ့် blockchain oracle တခုဖြစ်ပါတယ်။


RedStone က Defi applications တွေရဲ့ Function တွေ ချောချောမွေ့မွေ့ဖြစ်စေဖို့အတွက် လိုအပ်တဲ့ Data အချက်အလက်တွေကို တိတိကျကျ၊ မြန်မြန်ဆန်ဆန်နဲ့ customize data တွေကအစ ပေါင်းကူးပေးနိုင်မှာဖြစ်ပါတယ်။


RedStone မှာ ပါတဲ့ အဓိက Feature တွေက Blockchain 60 ကျော်အထိ support ပေးနိုင်တာကို တွေ့ရပါတယ်။ ဒီ support ပေးနိုင်တဲ့ Blockchain 60 ကျော်ထဲမှာ လူသုံးများတဲ့ Ethereum တို့၊ Polygon တို့၊ Avalanche တို့က အစပါဝင်ပါတယ်။ Developer တွေအတွက်လည်း Data တွေကို မတူညီတဲ့ Blockchain တွေကြားထဲမှာ Integrate လုပ်နိုင်အုံးမှာဖြစ်ပါတယ်။


လက်ရှိအချိန်မှာ Developer တွေ၊ ရင်းနှီးမြှုပ်နှံသူတွေအများကြီး ပါတဲ့ Community တခုလည်းရှိနေပြီဖြစ်ပါတယ်။ ဒီ Community က Project ရဲ့ Development တွေ၊ အောင်မြင်မှုတွေကို အဓိက ဦးဆောင်သွားနိုင်မယ်လို့လည်း ယုံကြည်နေကြတဲ့သူတွေရှိပါတယ်။
အခုလောလောဆယ်မှာ RedStone ရဲ့ RED token တွေကို Binance Launchpool ပေါ်မှာ ရယူလို့ရနေပါတယ်။ Farming ကာလက 2 ရက်ပဲ ရတာဖြစ်ပါတယ်။ BNB, USDC, FDUSD စတဲ့ Token သုံးမျိုးနဲ့ RED တွေကို Farm လို့ရပါတယ်။ Farming ကာလ ၂ ရက်ပြီးရင်တော့ Binance ရဲ့ Pre-Market မှာ RED token တွေကို စပြီး အရောင်းအဝယ်လုပ်နိုင်အုံးမှာဖြစ်ပါတယ်။
Binance Launchpool မှာ RED တွေရဖို့ဆိုရင်တော့
ကိုယ့်ရဲ့ Binance account က KYC အောင်ထားဖို့လိုပါတယ်။


ပြီးရင်တော့ Home page ထဲက More ကို နှိပ်ပြီး Launchpool ဆိုတဲ့ Icon လေးကို ရှာကြည့်ပါ။
ပြီးရင် RedStone ကို ရွေးပြီးတော့ ကိုယ် ထည့်ချင်တဲ့ Token ကို ရွေး Lock ဆိုတာလေးကိုနှိပ်ပြီး Farming စလုပ်လို့ရပါပြီ။


ရလာတဲ့ Reward Token တွေကို ကိုယ်တိုင် Claim လုပ်လို့ရသလို၊ မလုပ်ချင်ရင်လည်း Farming ကာလပြီးတာနဲ့ Spot Wallet ထဲကို ဝင်လာမှာဖြစ်ပါတယ်။

#RED #Launchpool #Binance #Burmesetrader #Burmese