Head and Shoulders ပုံစံ ကတော့ အရမ်း classic ဖြစ်တဲ့ bearish reversal pattern တစ်ခုပါ။ ဒီ chart မှာ head and shoulders ပုံစံပေါ်လာပြီး neckline ကို breakout လုပ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလို breakout မဖြစ်တာက bullish momentum မရှိတော့တာ၊ sellers တွေ control လုပ်နေပြီဆိုတာကိုပြသပါတယ်။
Breakout မအောင်မြင်ခြင်း က bearish signal အနေနဲ့ အားသာပါတယ်။ ဒီ pattern ပြီးရင် downtrend momentum ပိုတက်နိုင်ပါတယ်။
Downtrend momentum အတွက် indicator တွေ
EMA တွေ (5, 10, 20, 100) အောက်ကို price ပိတ်မယ်ဆိုရင် bearish momentum ပိုသိသာလာပါလိမ့်မယ်။
RSI ကလည်း အပေါ်ကနေ အောက်ကိုဆင်းနေပြီး selling pressure ပိုများလာတာကိုပြသပါတယ်။
Volume ကလည်း အနီရောင် candle တွေမှာ တိုးလာတာကြောင့် bearish sentiment ပိုကောင်းနေပြီဖြစ်ပါတယ်။
Downside target တွေ
ပထမဆုံး support က 5,378 အနီးမှာရှိပါတယ်။
ဒီ support က မခံနိုင်ရင် 5,000 အနီး (psychological support နဲ့ အရင် consolidation zone) ကို ရောက်နိုင်ပါတယ်။
Neckline နဲ့ 5,378 support မခံနိုင်ရင် downtrend momentum ပိုကြီးလာနိုင်ပြီး 5,000 အထိ ဆင်းနိုင်ပါတယ်။ Daily chart ပေါ်မှာ EMA တွေအောက်ကို ပိတ်ပြီး volume တိုးလာရင် bearish trend ဆက်လက်ဖြစ်နိုင်ပါတယ်။