Launchpool
HODLer Airdrop ပြီးရင် ကပ်ပါလာနေကျ Launchpool လေးလာပါပြီ။ ဒီတခါကတော့ Huma Finance ဆိုတဲ့ ဗဟိုချုပ်ကိုင်မှုမဲ့ PayFi (Payment Finance) protocol တခုဖြစ်ပြီး ပုံမှန်ဘဏ္ဍာရေးစနစ်နဲ့ ဗဟိုချုပ်ကိုင်မှုမဲ့ဘဏ္ဍာရေးစနစ်တို့ကြား ပေါင်းကူးတံတားတခုလို ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ Solana blockchain ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး transaction မြန်မြန်၊ fees တန်တန်ဖြစ်နေတဲ့အချက်ကို ယူထားတာလည်းဖြစ်ပါတယ်။
.
Huma ရဲ့ အဓိက feature တွေအနေနဲ့ကတော့ ငွေပေးချေမှုနဲ့သက်ဆိုင်သမျှအရာအားလုံးလို့ ဆိုရမှာပါပဲ။
ပုံမှန် ငွေပေးချေမှုစနစ်နဲ့ DeFi ငွေပေးချေမှုကြားမှာ card နဲ့ ငွေပေးချေမှုတွေပါ လုပ်လို့ရနိုင်မှာဖြစ်သလို smart contract တွေကနေတဆင့် ငွေပေးချေမှုတွေပါ လုပ်လို့ရနိုင်မှာပါ။
.
ဒါ့အပြင် စီးပွားရေးလုပ်ငန်းတွေအတွက် အဓိကထားတဲ့ လုပ်ငန်းသုံး tool တွေလည်း ဖန်တီးထားသလို အပြင်က ချေးငွေလုပ်ငန်းတွေလိုပဲ နယ်စပ်ဖြတ်ကျော် ငွေချေးတာ၊ လစာအပေါ်မူတည်ပြီး ငွေချေးပေးတာ၊ တက်သစ်စဈေးကွက်တွေ၊ လုပ်ငန်းတွေအတွက် အသေးစားချေးငွေထုတ်ပေးတာလိုမျိုးတွေကို Huma ကတဆင့် လုပ်လို့ရနိုင်မှာပါ။
Funding
Huma ရဲ့ funding အနေနဲ့ကတော့ Circle Ventures၊ HashKey၊ ParaFi တို့လိုလုပ်ငန်းစုတွေဆီကနေ $46 million အထိ funding ရထားပါတယ်။
HUMA ကတော့ Huma Protocol ရဲ့ native token ဖြစ်ပြီး supply ကတော့ 10 billion အထိရှိပါတယ်။ Binance မှာ list ပြီးနောက် circulating supply ကတော့ 1.7 billion ကျော်ရှိလာမှာပါ။
.
Binance Launchpool အတွက်ကိုကတော့ total supply ထဲကနေ 2.5% ပေးသွားမှာဖြစ်ပြီး Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 212,500,000 HUMA အထိ ပါဝင်ပြီး FDUSD pool ထဲမှာတော့ 12,500,000 HUMA နဲ့ USDC pool ထဲမှာတော့ 12,500,000 HUMA စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင် BNB ပမာဏများရင်များသလို တနာရီကို 295,138 HUMA အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ တနာရီကို 17,361 HUMA နဲ့ USDC နဲ့ farm ရင်တော့ 34,722, HUMA အထိ အများဆုံးရနိုင်ပါတယ်။ May လ 23 ရက်နေ့ မနက် 6 နာရီခွဲကနေ 26 ရက်နေ့ မနက် 6 နာရီခွဲအထိ farm လို့ရနိုင်မှာဖြစ်ပြီး 26 ရက်ည ၇ နာရီခွဲမှာတော့ Binance Spot ထဲမှာ HUMA ကို စတင် trade လို့ရနိုင်မှာပါ။
.
Huma ဟာ အပြင်လောကက ငွေချေးလုပ်ငန်းတွေကို blockchain ပေါ်တင်လာမှာဖြစ်လို့ စိတ်ဝင်စားစရာ project တခုဖြစ်ပြီး အနာဂတ်မှာ အသုံးဝင်လာနိုင်တဲ့ project တခုလည်းဖြစ်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL