အိန္ဒိယနဲ့ပါကစ္စတန်အကြားစစ်ပွဲဖြစ်ပွားခြင်းကြောင့် Cryptocurrency (ဒီဂျစ်တယ်ငွေကြေး) ရဲ့ဖြစ်​ပေါ်လာနိုင်တဲ့ အနာဂတ်ကိုခန့်မှန်းကြည့်တာပါ။သေချာပေါက်မဟုတ်ပင်မယ့်  အားလုံး သတိထားလို့ရအောင်ပါ။

ဖြစ်လာနိုင်တာ တွေကတော့

၁။ ဈေးကွက် အတက်အကျများပြားလာနိုင်ခြင်း (Increased Volatility)

စစ်ပွဲက စီးပွားရေးမတည်ငြိမ်မှုကို ဖြစ်စေနိုင်ပါတယ်။ cryptocurrency ဈေးကွက်တွေမှာ coin တွေရဲ့တန်ဖိုးအတက်အကျများပြားလာနိုင် ပါတယ်။ Bitcoin နဲ့ Stable coins များဖြစ်တဲ့ USDT, USDC coins များ ဝယ် လိုအား များပီး ယာယီစျေးတက် နိုင်ပါတယ် ။ အခြား Alt coin များ စျေးနှုန်း တက်ကျ ကြမ်းနိုင်ပါတယ်။

၂။ အစိုးရက ငွေကြေးအဝင်အထွက်ကို ကန့်သတ် ထိန်းချုပ်ခြင်း

အိန္ဒိယနဲ့ပါကစ္စတန်အစိုးရတွေက cryptocurrency လုပ်ဆောင် ချက်များကို ထိန်းချုပ်ဖို့ ဥပဒေများ ပြဌာန်းဆောင်ရွက်လာနိုင်ပါတယ်။ဒါက ဘယ်ပေါ် မှာ အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုရင် Local crypto exchange နဲ့ P2P market ပေါ် မှာ သက်ရောက်လာနိုင်ပါတယ်။

၃။ Crypto network လုံခြုံရေး အန္တရာယ်

အိန္ဒိယနဲ့ ပါကစ္စတန်မှာ cyber warfare စွမ်းရည်တွေရှိနေပြီး Crypto exchange တွေ သို့မဟုတ် blockchain system တွေကို တစ်ဘက်နှင့် တစ်ဘက် အပြန် အလှန်  တိုက်ခိုက်မှု  တွေရှိလာနိုင်ပါတယ်။

Blockchain network တွေရဲ့လုံခြုံရေးကို ပျက်ပြားစေနိုင်ပီး ဒါက  Market မှာ ဆိုးကျိုးသက်ရောက်မှုများရှိနိုင်ပါတယ် ။

ခြုံငုံသုံးသပ်ရလျင်

ယခု ကာလ တွင်း Top 5 coin နှင့် Stable coin များသာ စုပါ ။(အထူးသ​ဖြင့် စျေးကျချိန်)

Top 10 coin များသာ ဦးစားပေး Trade လုပ်ပါ။

Alt coin များ Trade လုပ်လျင် သတိကြီးစွာ ထား၍ လုပ်ဆောင်ကြပါ ။

အားလုံးပဲ ကံကောင်းကြပါစေ။

စစ်ပွဲ များလည်း အမြန်ရပ်တန့်နိုင်ကြပါစေ။
#BTCtrade