ကျွန်တော့်တို့ကို ငယ်ငယ်က ကျောင်းကနေ အချောဆုံးဆု၊ အချစ်တတ်ဆုံးဆု အဲ့တာတွေကို သီးသည့်လူရွေးပြီးမှ ပေးပါတယ်။ တစ်ချို့က ကျွန်တော်တို့ရထားတဲ့ လက်မှတ်တွေကို အတုလုပ်ပြီးတော့ ကောင်မလေးတွေကို သူ့ဟာပါ ဆိုပြီးတော့ လိုက်ကြွားကြပါတယ်။ စဥ်စားကြည့်ပါ… အဲ့တာကြီးက အဆင်မပြေပါဘူး။
ဒီလို ပြဿနာတွေကိုဖြေရှင်းဖို့အတွက် Binance ရဲ့ 16th ခုမြောက် HODLer Airdrop ဖြစ်တဲ့ Sign Protocol ကဖြေရှင်းပေးဖို့ ရောက်လာပါပြီ။
What is Sign Protocol
Sign Protocol ဆိုတာက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို Blockchain မှာ လုံခြုံစွာ သိမ်းဆည်းပေးပြီး အတည်ပြုပေးတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကို မြင်သာအောင် ဥပမာလေးနဲ့ ပြောပါ့မယ်။ အဲ့ဒီ Blockchainn ကို နားလည်လွယ်အောင် “မှော်စာအုပ်” လို့ သဘောထားကြည့်ပါ။ ခုဏကလို ကျောင်းက ကျွန်တော်တို့ကိုပေးလိုက်တဲ့ အချောဆုံးဆိုတဲ့ ဆုလက်မှတ်၊ အချစ်တတ်ဆုံးဆုဆိုတဲ့ ဆုလက်မှတ်၊ ကျွန်တော်တို့ နာမည်နဲ့ မွေးသက္ကရာဇ်ပါတဲ့ အထောက်အထား စတာတွေကို အဲ့ဒီ မှော်စာအုပ်ဆိုတဲ့ Blockchain ပေါ်မှာ လုံလုံခြုံခြုံ သိမ်းထားလို့ ရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ အချက်အလက်တွေက အစစ်အမှန်ဖြစ်ကြောင်း လူတိုင်းက အတည်ပြုနိုင်ပြီးတော့ ဘယ်သူမှ ခိုးလို့မရတော့ပါဘူး။ ဒီမှော်စာအုပ်က တစ်အုပ်တည်းတာမဟုတ်ဘဲနဲ့ အများကြီးရှိပြီးတော့ အားလုံးမှာ တူညီတဲ့ အချက်အလက်တွေကို သိမ်းထားပါတယ်။ ဒါကြောင့် ဘယ်သူကမှ ကျွန်တော်တို့ရဲ့ အချက်အလက်တွေကို လိမ်လို့မရဘူး။ တကယ်လို့ လိမ်ဖို့ကြိုးစားရင် “ရော့… အင်း…ကြည့်” ဆိုပြီ အချက်အလက်တွေ ထုတ်ပြလိုက်လို့ရပါတယ်။
Token Table
နောက်ပြီးတော့ DOGS တုန်းက ကျွန်တော်တို့ကို Airdrop ပေးခဲ့တဲ့ Token Table နဲ့ချိတ်ပြီးတော့လည်း Airdrop ပေးလို့ရပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုတော့ Sign Protocol က အချက်အလက်တွေစစ်ပြီး အဆင်ပြေရင် Token Table က Airdrop တွေပေးတဲ့ လုပ်ဆောင်ချက်ကို ဆက်ပြီးလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Airdrop ပေးတဲ့အခါ တကယ့်လူအစစ်တွေမဟုတ်တဲ့ Bot တွေကို စစ်ထုတ်နိုင်တဲ့အတွက် လူအစစ်တွေက Airdrop ပိုရနိုင်ပါတယ်။ အဲ့တာကို Sybil Attack လို့ခေါ်တဲ့ အကောင့်အတုတွေ အများကြီးဖန်တီးပြီး Airdrop တွေခိုးယူတာကို ကာကွယ်ပေးနိုင်ပါတယ်။
$SIGN HODLer Airdrops Details
Sign Protocol ရဲ့ Token Name က $SIGN ဖြစ်ပါတယ်။ Genesis Total Token Supply နှင့် Max Token Supply က 10 Billion ပါ။ HODLer Airdrops Token Rewards အတွက် 200 Million ကို Airdrop ပေးသွားမှာပါ။ Binance မှာ List လုပ်ပြီးတာနဲ့ Circulating Supply က 1.2 Billion ဖြစ်သွားမှာပါ။
How to Join
HODLer Airdrop တွေက Airdrop လာမယ်ဆိုကို ကြိုပြီးကြေငြာလေ့မရှိတာကြောင့် Binance Earn ထဲမှာ Flexible ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် BNB တွေကို ကြိုပြီးထည့်ထားရမှာဖြစ်ပါတယ်။ အခု Sign Airdrop ကိုက April 15 ကနေ 19 ရက်နေ့အတွင်း BNB တွေကို Flexible ဒါမှမဟုတ် Lock လုပ်ထားသူတွေပဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Airdrop လိုချင်ရင်တော့ BNB တွေကို HODL ထားရမှာဖြစ်ပါတယ်။
🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။
👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0
(သို့မဟုတ်)
👉 Binance Referral Code: KGUL8TE0