လွန်ခဲ့တဲ့နှစ်တွေအတွင်း Binance ဟာ Launchpool တွေ၊ Megadrop တွေနဲ့ HODLer Airdrop တွေ တောက်လျှောက်လာပြီး token အသစ်တွေ မိတ်ဆက်ပေးခဲ့တာကို အားလုံး သတိထားမိကြမယ်ထင်ပါတယ်။ အထူးသဖြင့် 2023 နဲ့ 2024 ခုနှစ်တွေအတွင်းမှာ တလကို အနည်းဆုံးတခါလောက်အထိ launchpool တွေ လာခဲ့ပြီး $BNB holder တွေအတွက် မုန့်ဖိုးပေးခဲ့ပါတယ်။
BNB သာကိုင်ထားခဲ့ရင်
တကယ်လို့သာ 2024 ခုနှစ် January လကနေ 2025 ပထမ 3 လပတ်အကုန်အတွင်း 1 BNB ကိုင်ထားခဲ့မယ်ဆိုရင် 1 BNB ကိုသုံးပြီး Launchpool တွေမှာ farm လို့ရတဲ့ပမာဏဟာ 177% အထိ အမြတ်ရှိနေမှာပါ။ ဒါဟာ Binance user တွေ အထူးသဖြင့် BNB ဝယ်ကိုင်ထားသူတွေအတွက်တော့ အထူးအခွင့်အရေးတခုလည်းဖြစ်သလို အခြား exchange တွေနဲ့ Binance တို့ကြား ကွဲပြားနေတဲ့အချက်တခုပါပဲ။
.
အခြား exchange တွေမှာလည်း သူတို့ရဲ့ native token တွေကို သုံးရင် အကျိုးခံစားခွင့်တွေ ရှိပေမယ့် project တွေအတွက်တော့ Binance မှာ တင်ခွင့်ရပြီဆိုရင် သူတို့ရဲ့ listing ပန်းတိုင်ရောက်ပြီလို့ ဆိုနိုင်သလို Binance မှာ တင်မယ်လို့ သတင်းထွက်လိုက်တာနဲ့ ဈေးတွေဟာလည်း မြောက်တက်သွားလေ့ရှိတာကို သတိထားမိကြမှာပါ။
ဒီလိုအချက်တွေကြောင့် CoinMarketCap ဟာ Binance ကို token distribution နေရာမှာ ထိပ်ဆုံး #1 အဖြစ် သတ်မှတ်လိုက်ပါတယ်။
၂၀၂၄ အတွင်းဘယ်လောက် List လုပ်ခဲ့လဲ
2024 ခုနှစ်အတွင်းမှာ CEX (Centralized Exchange) တွေမှာ list လုပ်ခဲ့တဲ့ token ပေါင်း $2.7 billion ရှိခဲ့ရာမှာ Binance ပေါ်မှာ list ခဲ့တဲ့ token ပေါင်းကတော့ $2.6 billion အထိ ရှိနေပြီး စုစုပေါင်းပမာဏရဲ့ 94% အထိ ရှိနေတာပါပဲ။ ဒါ့အပြင် 2023 နဲ့ 2024 ခုနှစ်တွေအတွင်း list လုပ်ခဲ့တဲ့ token အသစ်ပေါင်း 77 ခုကိုလည်း တခုမှ ဖြုတ်ချတာမျိုး မရှိခဲ့ပါဘူး။ ဆိုလိုချင်တာကတော့ token အသစ်တွေ ဖြစ်နေပေမယ့်လည်း Binance ရဲ့ listing စံနှုန်းတွေနဲ့ ကိုက်ညီနေတာကြောင့် Binance ပေါ်မှာ ဆက်ရှိနေနိုင်တာပါ။
.
အခုဆိုရင်လည်း Binance ပေါ်မှာ token အသစ်တွေ တင်ဖို့အတွက်ကို မဲပေးရွေးချယ်တဲ့စနစ်ရှိလာပြီဖြစ်လို့ ဘယ် token ကို Binance ပေါ် ရောက်စေချင်လဲဆိုတာကို ပွင့်လင်းမြင်သာ ရွေးချယ်လို့ရနိုင်နေပါပြီ။ ဒါ့အပြင် BNB ဈေးကလည်း Bitcoin နဲ့အတူ ပြန်လိုက်တက်လာနိုင်နေတာကြောင့် ဈေးအကျမှာ BNB ဝယ်ကိုင်ထားမိတဲ့ holder တွေအတွက်တော့ BNB ကလည်း မြတ်နေမယ်၊ Earn မှာ ထည့်ထားရင်လည်း အတိုးရနိုင်နေမယ်၊ BNB ကိုင်ထားတာများရင်များသလို Launchpool၊ Megadrop နဲ့ HODLer Airdrop တွေကနေလည်း token အသစ်တွေ လက်ဆောင်ရနိုင်နေမှာကြောင့် တချက်ခုတ်၊ အချက်ပေါင်း များစွာပြတ်နေသလို မြန်မာနိုင်ငံတွင်းက BNB Holder တွေစုပေါင်းပြီး ငလျင်ဘေးသင့်ပြည်သူတွေကိုလည်း လှူဒါန်းနိုင်ခဲ့ပါသေးတယ်။
မြန်မာ BNB Holder တို့
$GUN Launchpool နဲ့ $KERNEL Megadrop တွေမှာ BNB နဲ့ farm လုပ်ပြီး ရလာသမျှ token တွေကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် ပြန်လှူဒါန်းနိုင်ခဲ့ကြတာဟာလည်း မြန်မာပြည်တွင်းက BNB Holder တွေအတွက် မှတ်တိုင်တခုဖြစ်ပါတယ်။