Wallet Connect Launchpool ပြီးသွားတဲ့နောက် သိပ်မကြာခင်မှာပဲ Binance ပေါ်မှာ launchpool နောက်တခုထပ်လာပါပြီ။ Aptos တို့ Sui တို့လိုမျိုးပဲ Move နည်းပညာသုံးထားတဲ့ layer 1 blockchain Initia ဖြစ်ပြီး blockchain ecosystem တခုရဲ့ ရှုပ်ထွေးမှုတွေကို modular framework ကနေတဆင့်
ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။

Initia Blockchain က ဘာလဲ?

Initia blockchain မှာ layer 1 အဖြစ် Initia ရှိနေပြီးတော့ network security တွေ၊ network ဘုံသဘောတူညီမှုတွေ၊ governance တွေ၊ liquidity တွေနဲ့ cross-chain message တွေအကုန် Initia ပေါ်မှာ လည်ပတ်ပါတယ်။ Layer 2 မှာတော့ Minitias ရှိနေပြီး Initia ပေါ်မှာ လာတင်သမျှကို ကိုယ်စိတ်ကြိုက်ပြင်ဆင်လို့ ရတဲ့ rollup protocol တွေဖြစ်ပါတယ်။ Minitia တွေဟာ EVM (Ethereum Virtual Machine)၊ WasmVM (Web Assembly Virtual Machine) နဲ့ MoveVM (Move Virtual Machine) တို့လိုမျိုး virtual machine မျိုးစုံနဲ့ အသုံးပြုနိုင်ပြီးတော့ VM တွေမတူလို့ ဖြစ်ရတဲ့ပြဿနာတွေကို developer တွေအတွက် ပြေလျော့စေမှာပါ။
.
Initia project ရဲ့ funding ကတော့ $25 million အထိ ရှိနေပြီး 2023 ခုနှစ် October လတည်းက Binance Labs က အစောဆုံး ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်ထားပါတယ်။
အခြားရင်းနှီးမြှုပ်နှံသူတွေကတော့ Delphi Ventures နဲ့ Hack VC တို့ပါဝင်ပြီး token sale 4 ခုအထိ ရှိထားပါတယ်။
.
INIT ကတော့ Initia blockchain ရဲ့ native token ဖြစ်ပြီး native တို့ထုံးစံအတိုင်း gas fees တွေ၊ staking reward တွေနဲ့ governance တွေမှာ သုံးလို့ရနိုင်မှာပါ။
ဒါ့အပြင် Initia ပေါ်မှာ လာတည်ဆောက်တဲ့ project တွေအတွက် incentive ပြန်ပေးတဲ့နေရာတွေမှာ၊ VIP (Vested Interest Program) လိုမျိုး network ပေါ်က user တွေ၊ developer တွေနဲ့ layer 2 project တွေကို ဆုတွေ ပြန်ပေးတဲ့နေရာတွေမှာလည်း INIT token ကိုပဲ သုံးသွားမှာဖြစ်ပါတယ်။

Tokenomic ဘယ်လိုရှိလဲ?

INIT token ရဲ့ total supply ကတော့ 1 billion ရှိပြီး Binance ပေါ်မှာ list ပြီးနောက်မှာ circulating supply ဟာ 148.75 million ကျော် ရှိလာမှာပါ။
Tokenomics အသေးစိတ်အနေနဲ့
Binance Launchpool အတွက် 3%
Treasury နဲ့ Reserve တွေအတွက် 17.13%
Ecosystem အတွက် 25%
ရင်းနှီးမြှုပ်နှံသူတွေအတွက် 20%
Team နဲ့ အကြံပေးတွေအတွက် 20% စီ သတ်မှတ်ထားပါတယ်။
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 25,500,000 INIT အထိ ပါဝင်ပြီး FDUSD pool ထဲမှာတော့ 1,500,000 INIT နဲ့ USDC pool ထဲမှာတော့ 3,000,000 INIT စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင် BNB ပမာဏများရင်များသလို တနာရီကို 17,708.33 INIT အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ တနာရီကို 1,041.66 INIT နဲ့ USDC နဲ့ farm ရင်တော့ 2,088.33 INIT အထိ အများဆုံးရနိုင်ပါတယ်။ April လ 18 ရက်နေ့ မနက် 6 နာရီခွဲကနေ April လ 23 ရက်နေ့ မနက် 6 နာရီခွဲအထိ farm လို့ရနိုင်မှာဖြစ်ပြီး April လ 24 ရက်နေ့ ညနေ 5 နာရီခွဲမှာတော့ Binance Spot ထဲမှာ INIT ကို စတင် trade လို့ရနိုင်မှာပါ။
.
INIT ဟာ Aptos တို့၊ Sui တို့နဲ့ ယှဉ်မယ့် blockchain အသစ်တခုဖြစ်လာနိုင်ပြီး စစထွက်ချင်း circulating supply ကလည်း မများလှတာကြောင့် ဈေးဘယ်လိုထွက်လာမလဲ ရင်ခုန်ရမယ့် project တခုပါပဲ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL