Binance က user တွေကို သင်္ကြန်မုန့်ဖိုးပေးဖို့အတွက် 68th ခုမြောက် Launchpool အနေနဲ့ Initia(အင်နေးရှား) ဆိုတဲ့ Project အသစ်တစ်ခုကို ထပ်ပြီးတော့ မိတ်ဆက်လိုက်ပြန်ပါပြီ။

Initia ဆိုတာက Layer 1 blockchain တစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ အဓိကရည်ရွယ်ချက်က အပြန်အလှန်ချိတ်ဆက်ထားတဲ့ rollup တွေကို တည်ဆောက်ဖို့ပါ။ ဒါကို 'interwoven rollups' လို့ နာမည်ပေးထားပါတယ်။

Rollup ဆိုတာက blockchain တွေရဲ့အလုပ်တွေကိုခွဲယူပြီးတော့ ပိုမိုမြန်ဆန်သက်သာတဲ့ ငွေပေးငွေယူမှုတွေကို လုပ်ပေးနိုင်တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီလို rollup တွေကို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီးတော့ သူတို့ကြားမှာ ပိုင်ဆိုင်မှုတွေ၊ အချက်အလက်တွေကို အလွယ်တကူ ဖလှယ်လို့ရအောင် လုပ်ပေးပါတယ်။

ရိုးရိုးပြောရရင်၊ Initia က developer တွေအတွက် app တည်ဆောက်ရတာ ပိုလွယ်အောင်၊ သုံးစွဲသူတွေအတွက်လည်း blockchain တွေကြားမှာ အလုပ်လုပ်ရတာ ပိုချောမွေ့အောင် လုပ်ပေးတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

၂၀၂၄ မှာ $14 သန်းအထိ ရန်ပုံငွေရထားတဲ့ပရောဂျက်ဖြစ်ပြီးတော့ Binance Labs တို့လို ကြီးကြီးမားမား ရင်းနှီးသူတွေကလည်း ပံ့ပိုးထားပါတယ်။

How to join Launchpool

Initia ရဲ့ကိုယ်ပိုင် Token ဖြစ်တဲ့ INIT ကို Binance Launchpool ကနေ Airdrop ယူလို့ရပါတယ်။ တကယ်လို့ ကိုယ်က Airdrop ယူချင်တယ်ဆိုရင် -

- Binance ထဲကိုဝင်ပြီးတော့ အပေါ်မှာရှိတဲ့ Search Box ကနေ Launchpool ကိုရှာပါ။

- အပေါ်ဆုံးမှာ Initia ကိုတွေ့ပါလိမ့်မယ်။

Airdrop ယူဖို့အတွက် Binance အကောင့်ထဲမှာ BNB, USDC ဒါမှမဟုတ် FDUSD တွေထဲက တစ်ခုခုရှိထားရင် ရပါပြီ။

- BNB နဲ့ Airdrop Farm မယ်ဆိုရင် 80% ရမှာဖြစ်ပြီးတော့ USDC နှင့် FDUSD အတွက်က 10% စီဖြစ်ပါတယ်။

- BNB ကိုအရင်ကတည်းက Flexible ဒါမှမဟုတ် lock လုပ်ထားတဲ့သူတွေက ဘာမှထပ်လုပ်စရာမလိုပဲနဲ့ အလိုလျှောက် Airdrop ရမှာပါ။

Farm ထားတဲ့ Airdrop Token တွေက အချိန်နှင့်အမျှ သူ့ဘာသာသူ တိုးနေမှာဖြစ်ပြီးတော့ Claim မလုပ်ပဲနဲ့ ဒီအတိုင်း ပစ်ထားရင်လည်းရပါတယ်။ Launchpool ပြီးရင် Airdrop Token တွေက အလိုလျှောက် Spot Wallet ထဲရောက်လာပါလိမ့်မယ်။

Launchpool Detail

Initia ရဲ့ Token Name က $INIT ဖြစ်ပါတယ်။ Total Token Supply နှင့် Max Token Supply က 1 Billion ပါ။ Launchpool Token Rewards အတွက်က 30 Million ကို Airdrop ပေးသွားမှာပါ။ လက်ရှိ ဈေးကွက်ထဲလည်ပတ်မယ့် Circulating Supply က 148.750 Million ဖြစ်ပါတယ်။

ညီကိုတို့အနေနဲ့ အခု Initia Launchpool မှာ Airdrop Token ဘယ်လောက်ရမယ်လို့ထင်လဲ၊ ခန့်မှန်းထားတာလေးတွေကို Comment မှာရေးပေးခဲ့ပါဦးနော်။

🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0