Binance ရဲ့ 67 ခုမြောက် launchpool project

ဒီတခါကတော့ အားလုံးနဲ့ ရင်းနှီးပြီးသား project တခုပါ။ Platform တခုခုနဲ့ wallet ချိတ်တဲ့အခါတွေမှာ အမြဲတစေတွေ့ရလေ့ရှိတဲ့ Wallet Connect Network ဖြစ်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် token WCT ကို Binance ပေါ်ကနေ တဆင့် မိတ်ဆက်လာတာဖြစ်ပါတယ်။
.
Wallet Connect Network က ဘာလုပ်သလဲဆိုရင်တော့ wallet တွေလိုက် connect လုပ်ပေးပါတယ်။ ရှင်းရှင်းလေးပဲဆိုပေမယ့် blockchain ပေါင်းစုံပေါ်က app တွေနဲ့ wallet တွေကြား ချိတ်ဆက်ပေးရတာဖြစ်လို့ ရှင်းမယောင်နဲ့ ရှုပ်ပါတယ်။
.
Wallet Connect Network လည်ပတ်ပုံကို အပိုင်း 3 ပိုင်းခွဲထားပါတယ်။ ပထမဆုံးတခုကတော့ Wallet Connect network ကို node operator တွေအများကြီးကြား ဖြန့်ပေးထားပြီးတော့ ဒီ node တွေကနေတဆင့် data တွေကို ကူးသန်းပေးပါတယ်။ ပြီးရင်တော့ developer တွေအတွက် အလုပ်လုပ်ရလွယ်ကူအောင် ဖန်တီးပေးထားတဲ့ SDK (Software Development Kit) တွေကနေတဆင့် blockchain တွေပေါ်က app တွေနဲ့ wallet တွေကြား ချိတ်ဆက်လို့ရနိုင်စေပါတယ်။
.
Wallet Connect Network ရဲ့ funding အနေနဲ့ကတော့ $37.75 million အထိ ရှိပြီး token sale 4 ခါမှာ 32.5 million ကျော် WCT အထိ ထုတ်ရောင်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံထားသူတွေထဲမှာတော့ Coinbase Ventures၊ HashKey Capital တို့လို လုပ်ငန်းကြီးတွေ ပါဝင်နေပြီး ထူးထူးခြား
.
Launchpool မှာ farm လို့ရနိုင်မယ့် WCT token ကတော့ Wallet Connect ရဲ့ native token ဖြစ်ပြီး staking reward အဖြစ်၊ governance token အဖြစ်၊ Network fees တွေအဖြစ် သုံးလို့ရနိုင်မှာဖြစ်သလို နောက်ပိုင်းမှာဆိုရင်တော့ Beta testing တွေမှာ ပါဝင်ခွင့်၊ app တွေနဲ့ early access partnership တွေမှာ ပါဝင်ခွင့်တွေ ရနိုင်မှာပါ။
.

Tokenomic

WCT ရဲ့ total supply ကတော့ 1 billion ရှိပြီး Binance မှာ list ပြီးနောက် circulating supply ဟာ 186.2 million ရှိလာမှာပါ။
Tokenomics တွေအနေနဲ့
Public sale မှာ 4%
Private sale တွေမှာ 1%
Token warrant ထုတ်ရောင်းတာတွေမှာ 11.25%
Protocol development အတွက် 7%
Seasonal airdrop တွေအတွက် 13.5%
Binance user တွေအတွက် 5%
Foundation treasury အတွက် 20.06%
Market maker တွေအတွက် 2.2%
WCT team အတွက် 18.5%
Rewards pool အတွက် 17.5% စီ အသီးသီး သတ်မှတ်ထားပါတယ်။
.
Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 34,000,000 WCT အထိ ပါဝင်ပြီး FDUSD pool ထဲမှာတော့ 2,000,000 WCT နဲ့ USDC pool ထဲမှာတော့ 4,000,000 WCT စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင် ၏ BNB ပမာဏများရင်များသလို တစ်နာရီကို 35,416 WCT အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD နဲ့ farm ရင်တော့ တစ်နာရီကို 2,083 WCT နဲ့ USDC နဲ့ farm ရင်တော့ 4,166 WCT အထိ အများဆုံးရနိုင်ပါတယ်။
April လ 15 ရက်နေ့ ညနေ 5 နာရီခွဲမှာတော့ Binance Spot ထဲမှာ WCT ကို စတင် trade လို့ရနိုင်မှာပါ။
.
Wallet Connect ဟာ Web3 ထဲ စဝင်ပြီဆိုတာနဲ့ တွေ့ရမယ့် အရာတခုဖြစ်တာကြောင့် သူ့ရဲ့ project နဲ့ token ဟာလည်း အသုံးတည့်လာနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL