Binance ကနေ WalletConnect Project ($WCT) ကို Launchpool အဖြစ် မိတ်ဆက်လိုက်ပါတယ်။

ဒါက Binance Launchpool ရဲ့ ၆၇ ခုမြောက် Project ဖြစ်ပြီးတော့ BNB / FDUSD / USDC တွေကို Lock လုပ်ထားရင် $WCT Token ကို အခမဲ့ ရယူလို့ရပါပြီ။

⸝

📌 WalletConnect ဆိုတာဘာလဲ?

WalletConnect ဆိုတာကတော့ Crypto Wallet နဲ့ DApp ချိတ်ဆက်ဖို့အတွက် ကြားခံတစ်ခုလိုဖြစ်တဲ့ နည်းပညာ ပါ။ QR Scan လေးလုပ်လိုက်ရုံနဲ့ အမြန်ဆုံးချိတ်လို့ရမှာဖြစ်ပါတယ်။ 

⸝

📌 $WCT Token ကိုဘာအတွက်သုံးနိုင်လဲ?

1. သုံးစွဲခ (Fees)

WalletConnect ကိုအသုံးပြုတဲ့ DApps တွေက ချိတ်ဆက်ဖို့ $WCT ကို Gas/Fee အနေနဲ့ ပေးရနိုင်ပါတယ်။

2. မဲပေးခွင့် (Governance)

$WCT ကိုင်ထားတဲ့သူတွေက Protocol ဆုံးဖြတ်ချက်တွေမှာ မဲပေးခွင့် ရပါမယ်။ ဥပမာ – Fees ပြောင်းမလား၊ Fund ဘယ်လို သုံးမလဲ ဆိုတာမျိုး။

3. Staking (အတိုးရမယ့် နည်းပညာ)

အနာဂတ်မှာ $WCT ကို Lock လုပ်ထားရင်အ တိုးပြန်ရတဲ့ နည်းလမ်း ထည့်လာနိုင်ပါတယ်။

4. ဆုချခြင်း (Rewards)

DApps တွေက $WCT ကို Airdrop, Bounty လုပ်ဖို့အသုံးပြုနိုင်ပါတယ်။

ဥပမာ – Bug တစ်ခုကို Report လုပ်ရင် $WCT နဲ့ ဆုချတာမျိုး။

⸝

📌 Tokenomics

• စုစုပေါင်း Supply – 1,000,000,000 WCT

• Launchpool Airdrop – 40,000,000 WCT (Supply ရဲ့ 4%)

• စတင်ရောင်းမယ့် Supply – 186,200,000 WCT

• Blockchain – Ethereum (ERC-20)

⸝

📌 Binance Launchpool မှာ ပါဝင်ဖို့

• စတင် Lock လုပ်နိုင်မယ့်အချိန် – April 11, 2025 – မနက် 6:30 (မြန်မာအချိန်)

• ပြီးဆုံးမယ့်အချိန် – April 15, 2025 – မနက် 6:30 (မြန်မာအချိန်)

• Binance မှာ စတင်ရောင်းမယ့်အချိန် – April 15, 2025 – ည 6:30 (မြန်မာအချိန်) ဖြစ်ပါတယ်။ 

⸝

📌 Lock လုပ်နိုင်တဲ့ Pool တွေ 

1. BNB Pool –

APR (အမြတ်) အမြင့်ဆုံးနဲ့ အကောင်းဆုံး ရွေးချယ်မှုပါ။ 

2. FDUSD Pool –

APR ပျမ်းမျှဖြစ်ပြီး၊ Stablecoin ဖြစ်တာကြောင့် ထည့်ထားတဲ့ Token တက်မှာကျမှာတော့မပူရပါဘူး။ 

3. USDC Pool –

APR အနည်းဆုံးပေမဲ့ Stablecoin ဖြစ်တာကြောင့် Risk နည်းပါတယ်။ အမြတ်အများဆုံးရဖို့ BNB Lock လုပ်တာက အကောင်းဆုံးပါပဲ။ 

⸝

📌 Lock လုပ်ရင် ပြန်ရယူလို့ရလား?

Lock လုပ်ထားတဲ့ BNB, FDUSD, USDC ကို အချိန်မရွေး Unlock လုပ်လို့ရပါတယ်။

ဒါပေမဲ့ Unlock လုပ်တာနဲ့ Airdrop ရဖို့ အခွင့်အရေး မရတော့ပါဘူးခင်ဗျာ။ 

⸝

Project အနေနဲ့တော့ Web3 နဲ့ Wallet တွေအတွက် အဆင်ပြေတဲ့ Tool တစ်ခုဖြစ်ပါတယ်။ 

ဒါပေမဲ့ $WCT ရဲ့တန်ဖိုးကတော့ Market ရဲ့တုံ့ပြန်မှုအပေါ်မူတည်ပါတယ်။ ပြီးတော့ Supply 1 ဘီလီယံဆိုတာနဲ့ Token အရေအတွက် များတဲ့အတွက် ရင်းနှီးမြှုပ်နှံချင်ရင် DYOR လုပ်ဖို့အရေးကြီးပါတယ်။

⸝

🚨 Binance အကောင့်မရှိသေးဘူးဆိုရင်… 

Binance အကောင့်ဖွင့်ရန် Link – 👇🏻

https://accounts.binance.info/en/register?ref=HKGNEVE8

Referral Code – HKGNEVE8

ဒီ Referral Link ကနေဖွင့်ထားမယ်ဆိုရင် –

✅ Future Campaign နဲ့ Giveaway တွေ ဝင်ခွင့်ရမဲ့အပြင်… 

✅ Trade လုပ်တိုင်း 20% Life-time Discount ရမှာဖြစ်ပါတယ်ဗျ။ 

⚠️ Disclaimer

ဒီ Post မှာ ပါဝင်တဲ့အကြောင်းအရာတွေဟာ သတင်းအချက်အလက်မျှဝေခြင်းအတွက် သာဖြစ်ပြီး၊ ရင်းနှီးမြုပ်နှံဖို့ တိုက်တွန်းတဲ့အကြံဥာဏ် (Financial Advice) မဟုတ်ပါဘူးခင်ဗျာ။ Please DYOR! 

#cryptomate #FREEAIRDROP #staking #WalletConnect #WCT #binance #Launchpool