
CZ ရဲ့ 500 BNB အလှူ
Binance founder လည်းဖြစ်၊ CEO ဟောင်းလည်းဖြစ်တဲ့ CZ က မြန်မာနဲ့ ထိုင်းနိုင်ငံတွေက ငလျင်ဘေးသင့်ပြည်သူတွေကို 500 BNB (မြန်မာငွေ သိန်း ၁ သောင်း ၃ ထောင်ကျော်) စီ လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းကို အတော်များများ သိကြပြီးပြီထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျတော်တို့ကို တနည်းမဟုတ် တနည်းနဲ့ မန်းရှင်းပြီး အသိပေးကြတာကိုလဲ ကျေးဇူး အထူးတင်ရှိပါတယ်။
.
CZ ဖက်က "မြန်မာ" ငလျင်ဒဏ်အကြောင်းသတိထားမိလာအောင် ကျနော်တို့နဲ့ အတူဝိုင်းဝန်းတွန်းအားပေးခဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ဒီအများကြီးထဲက မှ ကျနော်တို့ သိထားတဲ့သူတွေကို စပြောရရင် Dbs Myanmar၊ New World Navigation နဲ့ Creative Vibes တို့လို Binance KOL တွေ၊ U Calvin K Tang တို့လို တသီးပုဂ္ဂလပုဂ္ဂိုလ်တွေ အပါအဝင် community ထဲကသူတွေရော၊ အခြားနိုင်ငံတကာကသူတွေပါ "အဓိက ထိခိုက်ခံစားခဲ့ရတာ မြန်မာနိုင်ငံဖြစ်ကြောင်း" CZ သိအောင် နည်းမျိုးစုံနဲ့ တွန်းအားပေးခဲ့ကြပါတယ်။
CZ ရဲ့ ကူညီချင်စိတ်နဲ့ ဒီလိုတွန်းအားတွေကြောင့်ပဲ မြန်မာနဲ့ထိုင်းနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေကို 500 BNB စီ လှူဒါန်းသွားဖို့ ကြေငြာလာခဲ့တာလို့လည်း ယုံကြည်ပါတယ်။
.
ဒီ 500 BNB ကို ဘယ်လိုနည်းနဲ့ ပြည်သူတွေလက်ထဲ အရောက်ထည့်သွားမယ်ဆိုတာကိုတော့ သေချာမသိရသေးသလို Binance ဖက်ကလည်း exchange အနေနဲ့ လှူဒါန်းသွားဖို့ကို အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့တွေ စုံစမ်းနေဆဲဖြစ်ပါတယ်။
CZ ရေးထားတဲ့ X post အရကတော့ DID (Decentralized Identifier) ပါတဲ့ system တခု ကျနော်တို့ဆီမှာ အဆင်သင့်ရှိမနေတာ အသေအချာပါပဲ။ ဒါကြောင့် သူရေးထားတဲ့အတိုင်း Binance ကနေ တဆင့်ပဲ မြန်မာပြည်ကို ကူဖြစ်သွားမှာ ဖြစ်ဖို့များပါတယ်။
.
Binance အလှူ
Binance ဘက်ကလည်း သူတို့ အနေနဲ့ ဘယ်လောက်ထပ်ပြီး ပါဝင်ကူညီမယ်ဆိုတာကို ဆွေးနွေးနေကြဆဲ ဖြစ်တဲ့အတွက် လောလောဆယ်တော့ အတိအကျ ပြောဖို့ ခက်ခဲပါသေးတယ်။ ကျနော်တို့ MCM အနေနဲ့လည်း တတ်စွမ်းသမျှ info တွေအားလုံးကို အချိန်နဲ့ တပြေးညီ Binance ဘက်ကို ပေးနေဆဲ ဖြစ်ပါတယ်။
.
သေချာတာတခုကတော့ စကစလက်ထဲ အလှူငွေတွေထည့်ပေးလိုက်တာမျိုးမဟုတ်ဘဲ မြေပြင်ကို တိုက်ရိုက်အကူအညီတွေပေးနိုင်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကနေတဆင့်သာ ကူညီလှူဒါန်းသွားဖို့ Binance ကို ဆက်ပြီး တွန်းအားပေးသွားမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL