Launchpool ပေါ်ရောက်လာပြီ ဖြစ်တဲ့ GUN

GUN ဆိုတာဘာလဲ

GUN Token ဆိုတာကတော့ Graphics အကြမ်းစားနဲ့ AAA level game ဖြစ်တဲ့ Off The Grid ရဲ့ token ပါ။ စထွက်လာချိန်တည်းက PUBG ကို ခြေထောက်ချွတ်ရိုက်လို့ရတယ်ဆိုပြီး နာမည်ကြီးနေတဲ့ battle royale အမျိုးအစား game တခုဖြစ်သလို graphics တွေကလည်း အခြား Web3 game တွေထက် အတော်လေး သာလွန်တယ်ဆိုပြီး နာမည်ကောင်းတွေရထားတဲ့ game လည်း ဖြစ်ပါတယ်။
.
Off the Grid game ရဲ့ ဖန်တီးရှင် Gunzilla games ဟာ Off the Grid ကို GUNZ ဆိုတဲ့ သီးသန့် blockchain တခုအပေါ် တည်ဆောက်ထားတာဖြစ်ပြီး GUNZ ဟာ gaming blockchain အဖြစ် လူသိများတဲ့ Avalanche subnet အပေါ်မှာ လည်ပတ်တာလည်း ဖြစ်ပါတယ်။
ဒါကြောင့် performance ကောင်းကောင်း၊ transaction fees နည်းနည်း၊ transaction speed မြန်မြန်နဲ့ လည်ပတ်နိုင်ပြီး ချောမွေ့ပြေပြစ်တဲ့ gaming experience ကို ရနိုင်မှာပါ။
.
GUNZ ပေါ်မှာ Off the Grid game လိုမျိုး game တွေထဲက item တွေကို NFT တွေ အဖြစ် အသွင်ပြောင်းပြီး အရောင်းအဝယ်လုပ်လို့ရနိုင်အောင်၊ စုဆောင်းထားလို့ရနိုင်အောင်တွေပါ ဖန်တီးပေးထားပါတယ်။
GUNZ ecosystem ထဲမှာတော့ GUNZ blockchain ပေါ်က project မှန်သမျှကို သုံးလို့ရနိုင်မယ့် GUNZ wallet အပြင် NFT တွေ အရောင်းအဝယ်လုပ်လို့ရနိုင်မယ့် marketplace တခုလည်း ပါဝင်ပါတယ်။
.
GUNZ blockchain ကို နောက်ကွယ်ကနေ အဓိကကိုင်တွယ်နေတာကတော့ GUNZ Foundation ဖြစ်ပြီး game တွေထဲမှာ NFT တွေလိုမျိုး အရာတွေ သူ့နေရာနဲ့သူ နေသားတကျ အံဝင်ခွင်ကျဖြစ်နေအောင် စီမံခန့်ခွဲပေးပါတယ်။
.
GUNZ ရဲ့ total funding ကတော့ $30 million အထိ ရရှိထားပြီး ဒီငွေတွေကို GUNZ blockchain အတွက်နဲ့ Off The Grid game development တွေမှာ ပြန်သုံးထားပါတယ်။
GUNZ ရဲ့ native token ကတော့ GUN ဖြစ်ပြီး in-game transaction တွေမှာသုံးလို့ရနိုင်သလို NFT marketplace trading မှာလည်း GUN နဲ့ ပေးချေလို့ရနိုင်မှာပါ။ ဒါ့အပြင် native token တို့ ထုံးစံအတိုင်း gas fees တွေနဲ့ validator reward တွေမှာလည်း GUN သုံးလို့ရနိုင်ဦးမှာပါ။
Total supply ကတော့ 10 billion ရှိပြီး Binance မှာ list ပြီးနောက်မှာတော့ 604 million circulating supply ရှိလာမှာပါ။

Tokenomic

Launchpool တွေဟာ BNB holder တွေအတွက် အဓိကရည်ရွယ်တာဖြစ်လို့ BNB pool ထဲမှာ 320,000,000 GUN အထိ ပါဝင်ပြီးတော့ FDUSD နဲ့ USDC pool ထဲမှာတော့ 40,000,000 GUN စီ အသီးသီးပါဝင်ပါတယ်။
.
ဒါကြောင့် BNB တွေ stake ပြီး farm ရင်တော့ BNB ပမာဏများရင်များသလို တစ်နာရီကို 444,444 GUN အထိ အများဆုံးရနိုင်မှာဖြစ်ပြီး FDUSD၊ USDC တို့နဲ့ farm ရင်တော့ တစ်နာရီကို 55,555 GUN အထိ အများဆုံးရနိုင်ပါတယ်။
.
March လ 31 ရက်နေ့ 7 နာရီခွဲမှာတော့ GUN ကို Binance Spot မှာ list သွားမှာဖြစ်ပြီး pre-market စောင့်နေစရာ မလိုတော့ပါဘူး။
.
GUN ရဲ့ ပဲ့ကိုင်ရှင်ဟာ အချဉ်မဟုတ်ဘူးဆိုတာကို Off the Grid game နဲ့ သက်သေပြခဲ့ပြီးဖြစ်လို့ နောက်ထပ်ရော ဘာတွေလုပ်ပြဦးမယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းသလို ဘယ်လို AAA level game အကြမ်းစားတွေ ထွက်လာဦးမယ်ဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ဒါကြောင့် GUN ဟာ Web3 gaming နယ်ပယ်နဲ့ ဆက်စပ်လို့ စောင့်ကြည့်သင့်တဲ့ token တခုအဖြစ် စာရင်းမှတ်ထားသင့်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL