Hack ကနေ ဘယ်လိုကာကွယ်မလဲ?

Cryptocurrency တွေအကြောင်း လူစိတ်ဝင်စားမှုများလာတာနဲ့အမျှ cryptocurrency တွေနဲ့ပတ်သက်လို့ လိမ်လည်လှည့်ဖျားမယ့်သူတွေလည်း များသထက်များလာပါတယ်။ အထူးသဖြင့် အခုမှ crypto စလုပ်မယ့်သူတွေကို အဓိကထားလိမ်တတ်ပြီး သင်ပေးမယောင်၊ ကူညီပေးမယောင် ဟန်ဆောင်ပြီး လိမ်လည်တတ်ကြတာပါ။ ဒါပေမယ့် အခုမှ စဝင်သူတွေတင်မက crypto နယ်ပယ်ထဲမှာ သက်တမ်းကြာပြီးသူတွေတောင် သတိတချက်လွတ်သွားတာနဲ့ အလိမ်ခံရတာမျိုးတွေ ရှိတတ်ကြပြီး အထူးသဖြင့် လောဘနဲ့မျှားတဲ့အခါ ပါသွားတတ်ကြလေ့ရှိပါတယ်။
.
ဒီနေ့ဆောင်းပါးမှာတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်ကြရမယ့် hack ခံရမှုတွေအကြောင်းကို ပြောပြပေးပါမယ်။

Hack တယ်ဆိုတာဘာလဲ?

အလွယ်ရှင်းပြရရင်တော့ စနစ်တခုရဲ့ အားနည်းချက်တွေ၊ လုံခြုံရေးကျိုးပေါက်မှုတွေကို ရှာဖွေ၊ ဒီအားနည်းချက်တွေကနေတဆင့် စနစ်ကို ခိုးဝင်ပြီး digital ငွေကြေးတွေ၊ တန်ဖိုးရှိ data တွေကို ခိုးယူတာမျိုးပါ။
.
Cryptocurrency တွေ hack ခံရတယ်လို့ ပြောတဲ့အခါ လူအတော်များများက ခနဲ့သလို၊ ရွဲ့သလိုမေးတတ်ကြတဲ့ “မင်းတို့ crypto တွေက လုံခြုံတယ်ဆို၊ ဘာလို့ hack ခံရတာလဲ” ဆိုတဲ့ မေးခွန်းလည်း ရှိပါတယ်။
တကယ်တော့ cryptocurrency တွေ တင်ထားတဲ့ blockchain တွေ hack ခံရတာမျိုးမဟုတ်ဘဲ ဒီ cryptocurrency တွေကို သိမ်းဆည်းပေးထားပြီး အရောင်းအဝယ် ဝန်ဆောင်မှုတွေပေးတဲ့ crypto platform တွေ၊ exchange တွေ hack ခံရတာမျိုးတွေပါ။
ဥပမာ - ကိုယ့်ရဲ့ cryptocurrency တွေကို Binance လိုမျိုး exchange တခုခုထဲ သွားသိမ်းထားလိုက်တယ်၊ ဒီ exchange hack ခံရပြီး အခိုးခံလိုက်ရတဲ့ crypto တွေကို ပြန်မပေးနိုင်တော့ဘူးဆိုရင် ကိုယ့်ရဲ့ crypto တွေအဆုံးပါပဲ။
.
ဒါကြောင့် ဒီနေ့ဆောင်းပါးမှာတော့ ကိုယ့်ရဲ့ crypto တွေကို လုံခြုံအောင် ဘယ်လိုသိမ်းသင့်လဲဆိုတဲ့အကြောင်းအရာတွေကို ရှင်းပြပေးပါမယ်။

Hardware Wallet

ပထမဆုံး လုပ်သင့်တာကတော့ hardware wallet ဝယ်တာပါ။ ကိုယ့်ဆီမှာ cryptocurrency တွေလည်း အများကြီးရှိတယ်၊ ဒီ crypto တွေ အားလုံးကိုလည်း ရေရှည်စုဆောင်းထားချင်တယ်ဆိုရင် hardware wallet တလုံးထဲ ထည့်သိမ်းလိုက်တာက အလုံခြုံဆုံးပါပဲ။ Hardware wallet တွေဟာ software wallet တွေလိုမျိုး ဖုန်းတလုံး၊ ကွန်ပြူတာတလုံးထဲမှာ ရှိနေတာမျိုးမဟုတ်သလို အချိန်ပြည့် internet နဲ့ချိတ်ဆက်ထားတဲ့ device မျိုးလည်း မဟုတ်ပါဘူး။ ကိုယ်လိုအပ်တဲ့အချိန်မှသာ internet ချိတ်ဆက်ပြီး ငွေအလွှဲအပြောင်းလုပ်ရတာမျိုးဖြစ်လို့ internet ကနေ တဆင့် တိုက်ခိုက်ခံရနိုင်ခြေ အတော်လေးနည်းပါတယ်။
.
ဒါပေမယ့် ကိုယ့်ရဲ့ hardware wallet ကို ကာကွယ်ပေးထားတဲ့ seedphrase တွေကိုတော့ ကိုယ်တယောက်တည်းပဲ သိထားရမှာဖြစ်ပြီး အခြားလူ ဘယ်သူ့ကိုမှ ပေးမသိတာ အကောင်းဆုံးပါပဲ။ Hardware wallet seedphrase ကို ရသွားသူဟာ hardware wallet တခုလုံးထဲက cryptocurrency တွေအားလုံးကို ရသွားတာပဲဖြစ်လို့ seedphrase နဲ့ hardware wallet ပျောက်မသွားအောင် သေချာထိန်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်။
.
တကယ်လို့ ကိုယ်က hardware wallet လည်း မဝယ်ချင်ဘူး၊ Binance လိုမျိုး crypto exchange တွေထဲမှာပဲ သိမ်းချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ account ကို လုံခြုံရေးအလွှာအထပ်ထပ် ခံထားဖို့ အရေးကြီးပါတယ်။
.
Email verification၊ SMS verification၊ Google Authenticator verification တို့ကတော့ မဖြစ်မနေ ထည့်ထားသင့်တဲ့ လုံခြုံရေးအလွှာတွေဖြစ်ပြီး SMS verification မခံချင်ဘူးဆိုရင်တော့ hardware authenticator တွေဖြစ်တဲ့ YubiKey တို့လို authenticator တွေ ခံထားလို့ရပါတယ်။ ဒီလို လုံခြုံရေးအထပ်ထပ်ခံထားတဲ့ကြားက exchange hack ခံလိုက်ရလို့ crypto တွေ ပါသွားခဲ့တယ်ဆိုရင်တော့ exchange ဖက်က ပြန်လျော်ပေးဖို့ တာဝန်ရှိပြီး အချိန်ကာလတခုတော့ ကြာနိုင်ပါတယ်။ ဥပမာ 2014 ခုနှစ် February 24 ရက်နေ့တုန်းက hack ခံလိုက်ရတဲ့ Mt. Gox exchange ဟာ ဆယ်စုနှစ်တခုအကြာ 2024 ခုနှစ်မှာမှ user တွေရဲ့ ပိုက်ဆံတွေ ပြန်ပေးဖို့ကို စီစဉ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ hardware wallet ထဲ ကိုယ်တိုင်သိမ်းဆည်းတာပဲဖြစ်ပါလိမ့်မယ်။
.
Hardware wallet တွေ သုံးနေတဲ့သူတွေလည်း သတိထားရမယ့်အချက်ကတော့ website အတုတွေမှာ wallet ချိတ်မိတတ်တဲ့ ကိစ္စပါ။ အချို့ hacker တွေဟာ user တွေရဲ့အချက်အလက်တွေကို ခိုးယူနိုင်တဲ့ website တွေ၊ link တွေကို Telegram လိုမျိုး social app တွေကနေဖြစ်ဖြစ်၊ email ကနေဖြစ်ဖြစ် ပို့တတ်ကြသလို ဒီ website တွေမှာ wallet ချိတ်မိပြီး access ပေးမိသူတွေဟာ သူတို့ရဲ့ wallet ထဲက ငွေတွေခိုးယူခံရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် တွေ့ကရာ link တွေ မနှိပ်မိဖို့၊ website တွေ ဝင်တဲ့အခါ တရားဝင် website အစစ် ဟုတ်၊ မဟုတ် စစ်ဆေးပြီးမှ ဝင်ကြဖို့ကို အထူးသတိထားသင့်ပါတယ်။
.

Wifi အန္တရာယ်

နောက်တချက်ကတော့ WiFi တွေ အရမ်းဂုန်းမဆင်းဖို့ပါ။ Public WiFi တွေ သုံးပြီး exchange account ဝင်လိုက်တာတို့ ဒါမှမဟုတ် Public area တွေဖြစ်တဲ့ စာကြည့်တိုက်တို့၊ workspace တို့မှာ ပေးထားတဲ့ Chromebook တွေ ဒါမှမဟုတ် computer တွေမှာ ကိုယ့်ရဲ့ wallet ထည့်ပြီး သုံးတာတို့၊ exchange account ဝင်သုံးတာမျိုးတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပြီး အများသုံး device တွေ၊ WiFi တွေနဲ့ ကိုယ့်ရဲ့ wallet တွေ၊ အရေးကြီး data တွေကို မချိတ်ဆက်မိဖို့ အရေးကြီးပါတယ်။
.
နောက်ဆုံးတချက်အနေနဲ့ software update တွေ မှန်မှန်တင်ပေးဖို့လိုပါတယ်။ သက်ဆိုင်ရာ company တွေကနေ တရားဝင် support မပေးထားတော့တဲ့ software အဟောင်းတွေကနေတဆင့် hacker တွေဟာ ဝင် hack လို့ရနိုင်တာကြောင့် လုံခြုံရေးအတွက် စိတ်မချရပါဘူး။ ဒါကြောင့် app တွေ၊ software တွေကို auto-update ဖွင့်ထားတာမျိုး လုပ်ထားသင့်ပြီး system software update တွေ ရရင်လည်း အမြန်ဆုံး update တင်သင့်ပါတယ်။
.
ဒီအချက်တွေကတော့ cryptocurrency တွေကို hack ခံရတာမျိုးမဖြစ်အောင် သိထားသင့်တဲ့အချက်တွေ ဖြစ်ပြီး တကယ်လို့ ကျနော်တို့ ကျန်နေခဲ့တဲ့ အချက်တွေ ဒါမှမဟုတ် ကိုယ်တိုင်ကျင့်သုံးနေတဲ့ လုံခြုံရေးနည်းလမ်းတွေ ရှိရင်လည်း အားလုံးသိရအောင် comment မှာ မျှဝေပေးသွားစေချင်ပါတယ်။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL