Binance က HODLer Airdrop အသစ်ချပေးလိုက်ပါပြီ။ ဒီတစ်ခါကတော့ Bubblemaps (BMT) ရဲ့ Airdrop ပါ။

Binance ရဲ့ HODLer Airdrop မှာ BMT က ၁၂ ခုမြောက် project ဖြစ်ပါတယ်။

မတ်လ ၂ ရက်၊ ၂၀၂၅ ခုနှစ်၊ ၀၀:၀၀ (UTC) ကနေ မတ်လ ၆ ရက်၊ ၂၀၂၅ ခုနှစ်၊ ၂၃:၅၉ (UTC) အထိ Binance ရဲ့ Simple Earn (Flexible နဲ့/သို့မဟုတ် Locked) နဲ့ On-Chain Yields တွေမှာ BNB တွေကို ထည့်ထားခဲ့မယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ ကိုယ့်ရဲ့ BNB ပျမ်းမျှပမာဏအပေါ် မူတည်ပြီး Airdrop ရရှိမှာပါ။

Airdrop စုစုပေါင်းကတော့ 30,000,000 BMT (Maximum Token Supply ရဲ့ ၃%) ပါ။

🔴 Bubblemaps (BMT) ဆိုတာဘာလဲ?

(BMT) ဆိုတာ Blockchain data တွေကို ကြည့်ရလွယ်ကူအောင်၊ နားလည်ရလွယ်ကူအောင် ပုံဖော်ပေးတဲ့ platform တစ်ခုပါ။ Wallet တစ်ခုစီကို bubble တစ်ခုစီနဲ့ ပြထားပြီး၊ အဲဒီ bubble ရဲ့ အရွယ်အစားက wallet တစ်ခုစီမှာရှိတဲ့ token ပမာဏကို ဖော်ပြပေးပါတယ်။

Bubble တွေကြားက ဆက်သွယ်မှုတွေကတော့ token လွှဲပြောင်းမှုတွေလိုမျိုး အပြန်အလှန်ဆက်သွယ်မှုတွေကို ပြသပေးပါတယ်။

BMT က crypto လောကမှာ လိမ်လည်မှုတွေ၊ အတွင်းလူတွေရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ထုတ်ပြီး ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

အခုလိုမျိုး Hack ကိစ္စတွေ Scam ကိစ္စတွေကြောင့်  လှုပ်လှုပ်ရှားရှားဖြစ်နေရတဲ့ Crypto လောကကို တည်ငြိမ်အောင် တစ်စိတ်တစ်ပိုင်း ပံ့ပိုးပေးနိုင်တဲ့ Project တစ်ခုလို့ ယူဆနိုင်ပါတယ်။

Trading လုပ်ချင်တယ်ဆိုရင်တော့ Binance မှာ BMT/USDT, BMT/USDC, BMT/BNB, BMT/FDUSD, နဲ့ BMT/TRY စတဲ့ trading pair တွေနဲ့ ရောင်းဝယ်လို့ရပါတယ်ခင်ဗျာ။

ဆိုတော့...BNB Stake ထားတဲ့သူတွေ Airdrop ရမရ စစ်ကြည့်ကြပါဦး ✌🏼

Disclaimer ⚠️

Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို့ အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။  ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။

•••••••••••••••••••••••••••••••••••••••••••••••••••

Binance မှာ Trading Fee 20% နဲ့ Campaign Rewards တွေရဖို့ အောက်က Referral Code နဲ့ Account ဖွင့်ထားလို့ရပါတယ်

Binance Referral Code: HKGNEVE8

(Or)

အကောင့်ဖွင့်ရန် Link: 

https://accounts.binance.info/en/register?ref=HKGNEVE8 

#Binance #HODLerAirdrop #Bubblemaps #BMT #Crypto #Blockchain #AirdropAlert