Blockchain က လုံခြုံပြီး ပွင့်လင်းသလို၊ တစ်ဖက်မှာ Scammmer တွေ၊ Scam ပရောဂျက်တွေကြောင့်လည်း Crypto သုံးတဲ့သူတွေအတွက် အဆင်မပြေမှုတွေ မကြာခဏဆိုသလို ကြားနေရပါတယ်။ ဥပမာ—Scam တိုကင်တွေ၊ လူတစ်စုက တိုကင်အများစုကို ကိုင်ထားပြီး ဈေးကစားတာမျိုးတွေ၊ ဒါမှမဟုတ် ဘယ်သူတွေက ဘာလုပ်နေလဲဆိုတာ သာမန်လူတွေ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးနေတာမျိုးတွေ အများကြီးရှိပါတယ်။ ဒီလိုပြဿနာတွေကြောင့် Crypto နယ်ပယ်ထဲ ဝင်လာလို့မရဲတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီ ပြသနာကိုဖြေရှင်းဖို့ Binance က 12th ခုမြောက် HODLer Airdrop အနေနဲ့ Bubblemaps ဆိုတဲ့ Project တစ်ခုကို မိတ်ဆက်လာပါတယ်။

Bubblemaps.io ဆိုတာက Blockchain ပေါ်က ဒေတာတွေကို ရောင်စုံပူဖောင်းလေးတွေနဲ့ ပြပေးတဲ့ ပလက်ဖောင်းတစ်ခုပါ။ ဥပမာ၊ Crypto တိုကင်တစ်ခုကို ဘယ်သူတွေ ဘယ်လောက်ပိုင်ထားတာလဲ၊ အဲဒီတိုကင်တွေကို ဘယ်ကနေ ဘယ်ကို ပို့ပေနေတာလဲဆိုတာကို Bubblemaps မှာ ကြည့်လို့ရပါတယ်။ ပူဖောင်းတစ်လုံးက Wallet တစ်ခုကို ကိုယ်စားပြုပြီးတော့ ပူဖောင်းရဲ့ အရွယ်အစားက အဲဒီ Wallet မှာ တိုကင်ဘယ်လောက်ရှိလဲဆိုတာကို ဖော်ပြပေးပါတယ်။ ပြီးတော့ ပူဖောင်းတွေကြားက မျဉ်းကြောင်းတွေက တိုကင်တွေကို ဘယ်ကနေ ဘယ်ကိုလွှဲပြောင်းနေလဲ ဆိုတဲ့ Direction ကို ပြပေးပါတယ်။

အဲ့ဒီ Bubblemaps ကို Scam တိုကင်တွေ ဒါမှမဟုတ် Scammer တွေကို ရှာဖွေတဲ့နေရာမှာလည်း အသုံးပြုလို့ရပါတယ်။ ဥပမာ၊ တိုကင်တစ်ခုရဲ့ ၄၀% ကို လူအနည်းစုက ကိုင်ထားတယ်ဆိုရင် အဲဒါကို Bubblemaps မှာ မြင်နိုင်ပါတယ်။ ဆိုတော့ အဲဒီတိုကင်ကို ကျွန်တော်တို့အနေနဲ့ သတိလို့ရသွားပါတယ်။

"ဒီ Tool က ရှုပ်ထွေးပါတယ်ဆိုတဲ့ Blockchain ဒေတာတွေကို ဂိမ်းဆော့သလို ကြည့်လို့ရအောင်လုပ်ထားပေးပါတယ်။ Crypto နယ်ပယ်ထဲကို အသစ်ဝင်လာသူတွေအတွက်တောင် ဒါကို သုံးပြီး တိုကင်တွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ထုတ်နိုင်ပါတယ်။ ပြီးတော့ Ethereum၊ BNB Chain, Solana စတဲ့ Blockchain အများကြီးနဲ့ အဆင်ပြေတာမို့ ဘယ်ပရောဂျက်ကိုမဆို စစ်ဆေးလို့ရပါတယ်။

HODLer Airdrop မှာဘယ်လိုပါဝင်မလဲ

ကျွန်တော်တို့အနေနဲ့ HODLer Airdrop ကနေ Airdrop ရဖို့ ဘယ်လိုလုပ်ရမလဲဆိုတော့ BNB တွေကို Earn ထဲမှာ Flexible ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် 2025-03-02 07:00 (UTC) ကနေ 2025-03-07 06:59 (UTC) ရက်နေ့အတွင်း ထည့်ထားတဲ့သူတွေက Airdrop ရမှာပါ။ ကျွန်တော်ကတော့ 8.16 BNB ထည့်ထားပါတယ်။ ဒီ Video ကိုကြည့်နေတဲ့ မိတ်ဆွေအနေနဲ့ ဘယ်လောက်ရတာလဲ ဆိုတာကို Comment မှာရေးခဲ့ပေးပါဦးနော်။ HODLer Airdrop ကို ဘယ်လိုလုပ်ရမလဲ ဆိုတာကို မသိသေးတဲ့သူအတွက် Description မှာ Link ထည့်ထားပေးပါ့မယ်။

Bubblemaps ရဲ့ Token Name က BMT ဖြစ်ပါတယ်။ Genesis Total Token Supply နှင့် Max Token Supply က 1 Billion ပါ။ HODLer Airdrops အတွက်က 30 Million ကို Airdrop ပေးသွားပါတယ်။ လတ်တလောမှာ ဈေးကွက်ထဲလည်ပတ်မယ့် Circulating Supply က 261,568,133 BMT ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲဈေးက $0.2286 ဖြစ်ပါတယ်။

BMT HODLer Airdrops Details

  • Token Name: Bubblemaps (BMT)

  • Genesis Total Token Supply: 1,000,000,000 BMT

  • Max Token Supply: 1,000,000,000 BMT

  • HODLer Airdrops Token Rewards: 30,000,000 BMT (3% of max token supply)

  • Circulating Supply upon Listing on Binance : 261,568,133 BMT (26.15% of max token supply)

🚀 Trading လုပ်သူတိုင်း 10% Discount ရတဲ့ Binance အကောင့်ကို အောက်က လင့်ကနေဖွင့်လို့ရပါတယ်။

👉 အကောင့်ဖွင့်းရန် Link: https://accounts.binance.com/register?ref=KGUL8TE0

(သို့မဟုတ်)

👉 Binance Referral Code: KGUL8TE0