
၂၀၂၅ မှာ Crypto တွေ ပိုခေတ်စားလာလေ၊ Hacker တွေကလည်း ပိုပြီး မျက်စိကျလာလေပဲဗျ။ ၂၀၂၅ ဖေဖော်ဝါရီလမှာ ဒူဘိုင်းအခြေစိုက် Bybit Crypto Exchange မှာ Ethereum ဒေါ်လာ ၁.၅ ဘီလီယံလောက် အခိုးခံလိုက်ရတာ သတိထားမိကြမှာပါ။ FBI က မြောက်ကိုရီးယားရဲ့ Lazarus Group လို့ခေါ်တဲ့ Hacker အဖွဲ့က ခိုးသွားတာလို့ ပြောပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Crypto ပိုင်ဆိုင်မှုတွေကို Hacker တွေရန်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာ အရေးကြီးလာပါတယ်။
အခုပြောပြမယ့် အချက် (၅) ချက်က ကိုယ့်ရဲ့ Crypto တွေကို လုံခြုံအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာပါ။
၁။ လုံခြုံတဲ့ Wallet တွေသုံးပါ
- ကိုယ့်ရဲ့ Crypto တွေကို သိမ်းထားဖို့ လုံခြုံရေး အားကောင်းတဲ့ Wallet တွေကို ရွေးချယ်ပါ။ Encryption နဲ့ Multi-Signature လိုမျိုး လုံခြုံရေး အချက်အလက်တွေပါတဲ့ Wallet တွေကို သုံးပါ။ ရေရှည် သိမ်းထားမယ်ဆိုရင် Hardware Wallet တွေက ပိုပြီးလုံခြုံပါတယ်။
၂။ Two-Factor Authentication (2FA) ကိုဖွင့်ထားပါ
- Crypto နဲ့သက်ဆိုင်တဲ့ အကောင့်တိုင်းမှာ 2FA ကို ဖွင့်ထားပါ။ Password တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ Binance မှာဆိုရင် Google Authenticator ဒါမှမဟုတ် SMS ကနေ 2FA ဖွင့်ဖို့ တိုက်တွန်းထားပါတယ်။
၃။ Link တွေကို သတိထားပါ
- မသိတဲ့ Email တွေ၊ ဖုန်းတွေ၊ Message တွေကို သတိထားပါ။ ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေ ဒါမှမဟုတ် ငွေကြေးတွေကို တောင်းတဲ့ Phishing Attack တွေက အများကြီးပါပဲ။ ဘယ်အရာကိုမဆို မတုံ့ပြန်ခင်မှာ အစစ်အမှန်ဟုတ်မဟုတ် သေချာစစ်ဆေးပါ။
၄။ လုံခြုံတဲ့ Exchange တွေကို ရွေးချယ်ပါ
- လုံခြုံရေး အားကောင်းတဲ့၊ သုံးစွဲသူတွေကို ကာကွယ်ပေးတဲ့ Exchange တွေကို ရွေးချယ်ပါ။ Binance မှာဆိုရင် API Key Permissions, Anti-Phishing Codes, Withdrawal Whitelists စတဲ့ လုံခြုံရေးအချက်အလက်တွေ အများကြီးပါပါတယ်။
၅။ Cyber Threats တွေအကြောင်း အမြဲလေ့လာပါ
- နောက်ဆုံးပေါ် Cyber Threats တွေနဲ့ လုံခြုံရေး အကောင်းဆုံး နည်းလမ်းတွေကို အမြဲလေ့လာပါ။ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေကို ဖတ်ပြီး၊ ယုံကြည်ရတဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေး Bulletin တွေကို Subscribe လုပ်ထားပါ။
Binance: ယုံကြည်စိတ်ချရတဲ့ Exchange တစ်ခု
Binance က ကမ္ဘာပေါ်မှာ အကောင်းဆုံး Crypto Exchange တွေထဲက တစ်ခုပါ။ အတွေ့အကြုံရှိတဲ့ Trader တွေရော၊ အသစ်လေ့လာနေသူတွေရောအတွက် ဝန်ဆောင်မှုအမျိုးမျိုး ပေးထားပါတယ်။ Binance က သုံးစွဲသူတွေရဲ့ လုံခြုံရေးကို အဓိကထားပြီး အောက်မှာပြောထားတဲ့ အချက်တွေနဲ့ ကာကွယ်ပေးပါတယ်။
🔶 Two-Factor Authentication (2FA): Binance က Google Authenticator ဒါမှမဟုတ် SMS ကနေ 2FA ဖွင့်နိုင်ပါတယ်
🔶 Secure Asset Fund for Users (SAFU): ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့တဲ့ SAFU က Trading Fees တွေထဲက တစ်စိတ်တစ်ပိုင်းကို Emergency Fund အဖြစ် ထားပြီး မမျှော်လင့်တဲ့ အဖြစ်အပျက်တွေမှာ User တွေရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးပါတယ်။
🔶 Advanced Access Control: Binance က IP နဲ့ Wallet Address Whitelisting, API Access Control, Device Management စတဲ့ အချက်တွေနဲ့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို ကာကွယ်ပေးပါတယ်။
ဒီလို လုံခြုံရေး နည်းလမ်းတွေနဲ့ Binance လိုမျိုး သုံးစွဲသူတွေကို ကာကွယ်ပေးတဲ့ Exchange တွေကို ရွေးချယ်ခြင်းအားဖြင့် Crypto ရင်းနှီးမြှုပ်နှံမှုမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
Disclaimer ⚠️
Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို့ အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။
▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰
Binance မှာ Trading Fee 20% နဲ့ Campaign Rewards တွေရဖို့ အောက်က Referral Code နဲ့ Account ဖွင့်ထားလို့ရပါတယ်
Binance Referral Code: HKGNEVE8
(Or)
အကောင့်ဖွင့်ရန် Link:
https://accounts.binance.info/en/register?ref=HKGNEVE8
#cryptohack #hack #creativevibes