Crypto လောကထဲ အခုမှစဝင်တဲ့သူတွေအနေနဲ့ ငွေမဆုံးရှုံးဘဲ စနစ်တကျ Trading လုပ်နိုင်ဖို့ လိုက်နာသင့်တဲ့အခြေခံအချက် ၅ ချက် ကို ဖော်ပြပေးလိုက်ပါတယ်။ သိပ်ကြီး ရှုပ်ထွေးမနေပါဘူး၊ ပေါ့ပေါ့ပါးပါး ဖတ်လို့ရအောင် ရေးထားပေးပါတယ်!
1️⃣ Risk Management လုပ်ပါ (အရှုံးမများအောင် ကြိုတွေးပါ)
Crypto က စျေးအတက်အကျ မြန်လွန်းတာကြောင့် Trade တစ်ခုမှာ "ဘယ်လောက်အထိ ရှုံးလို့ရလဲ" ဆိုတာ အရင်ဆုံး ဆုံးဖြတ်ပါ။ ဥပမာ - ကိုယ့် Saving ထဲကငွေရဲ့ ၅၀% ထက်ပိုပြီး မရင်းပါနဲ့။ "All-in" လုပ်တာက လောင်းကစားသမားတွေအတွက်ပါ။ ပျမ်းမျှ ၅-၁၀% လောက်နဲ့ပဲ စပါ။
---
2️⃣ FOMO (အမြန်လိုက်ချင်စိတ်) ကို ရှောင်ပါ
အနားက လူတွေ "ဒီ Coin တက်တော့မယ်၊ မြန်မြန်ဝယ်!" လို့ပြောနေရင် လိုက်မဝယ်ပါနဲ့။ အထူးသဖြင့် Pump & Dump Scam တွေဆိုရင် ကိုယ့်ကို ထိခိုက်စေနိုင်ပါတယ်။ သတင်းတစ်ခုတွေ့ရင် မှန်မမှန် Fact Check အရင်လုပ်ပါ။
---
3️⃣ Stop-Loss Order ကို သုံးပါ
Stop-Loss ဆိုတာက ကိုယ်ဝယ်ထားတဲ့ Coin စျေးကျလာရင် အလိုအလျောက် ရောင်းထုတ်ပေးတဲ့ System ပါ။ ဥပမာ - ကိုယ် ၁ ဒေါ်လာနဲ့ ဝယ်ထားတဲ့ Coin က ၀.၇ ဒေါ်လာရောက်ရင် အလိုလို ရောင်းသွားမယ်လို့ သတ်မှတ်ထားနိုင်တယ်။ ဒီလို Tools တွေကို သုံးပြီး အရှုံးကို Control လုပ်လို့ရပါတယ်။
---
4️⃣ Technical Analysis (TA) ကို လေ့လာပါ
အကြံပေးချင်တာက Charts & Indicators တွေ ကို သုံးပြီး Trade တာပါ။ TA က စျေးနှုန်းအတက်အကျကို ခန့်မှန်းဖို့ အများကြီး ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အားလုံး ၁၀၀% မှန်တာမဟုတ်ဘူးဆိုတာတော့ သတိထားစေချင်ပါတယ်။
---
5️⃣ Coin/Token တစ်ခုတည်း စုဝယ်တာမျိုးမလုပ်ပါနဲ့၊ Exchange တစ်ခုထဲမှာပဲ ပိုက်ဆံအကုန်မထည့်ထားပါနဲ့
ကိုယ့် ပိုက်ဆံကို Coin/Token တစ်ခုတည်း စုဝယ်တာမျိုးမလုပ်ပါနဲ့။ ပြီးတော့ Exchange တစ်ခုထက်ပိုသုံးပါ။ ဥပမာ - Binance မှာ တစ်ဝက်၊ Bybit မှာ တစ်ဝက်ဆိုပါစို့။ ဒါမှ FTX လိုမျိုး ကိစ္စတွေဖြစ်လာတဲ့အခါ အကုန်မဆုံးရှုံးဘူးလေ။
---
⚠️ Disclaimer
Crypto မှာ ရင်းနှီးမြှုပ်နှံတာက တော်တော်လေးကို အန္တရာယ်များပါတယ်။ စျေးနှုန်းတွေက အရမ်းကို အပြောင်းအလဲမြန်တော့ ဆုံးရှုံးနိုင်တဲ့ ပမာဏထက် ပိုပြီး မရင်းနှီးပါနဲ့ခင်ဗျာ။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် သေချာလေ့လာတာ အကောင်းဆုံးပါ။ ဒီဆောင်းပါးက ရင်းနှီးမြှုပ်နှံဖို့ အကြံပေးတာ မဟုတ်ပါဘူးနော်။ Crypto ရဲ့ စျေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပြီး မမျှော်လင့်တဲ့ အရာတွေလည်း ဖြစ်လာနိုင်လို့ သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုတိုင်းမှာ အန္တရာယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့။
▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰
Crypto Trading ကို စိတ်ဝင်စားတယ်ဆိုရင် Binance မှာ Account ဖွင့်ထားလို့ရပါတယ်။
Binance မှာ Trading လုပ်တိုင်း Trading Fee 20% Lifetime Discount ရဖို့နဲ့ Crypto Mate က လုပ်တဲ့ Campaign တွေမှာပါပြီး လက်ဆောင်တွေယူနိုင်ဖို့အတွက်...
👇🏼 ဒီ Link ကနေ Account ဖွင့်ပြီးတော့ပဲဖြစ်ဖြစ်...
https://accounts.binance.com/register?ref=R943VUML
Referral Code - R943VUML …ကိုသုံးပြီးတော့ပဲဖြစ်ဖြစ် Binance Account ဖွင့်ထားဖို့ လိုပါတယ်ခင်ဗျာ…
▰▰▰▰▰▰▰▰▰▰▰▰▰▰▰▰