ပင်မစာမျက်နှာ
အသိပေးချက်
ပရိုဖိုင်
Trending Articles
သတင်း
Bookmarks
မှတ်တမ်း
ဖန်တီးသူ စင်တာ
ဆက်တင်များ
ZawZawAungMM
38
ပို့စ်များ
ဖော်လိုလုပ်မည်
ZawZawAungMM
တိုင်ကြားမည်
သုံးစွဲသူကို ဘလော့မည်
ဖော်လိုလုပ်မည်
Open Trade
HBAR Holder
Frequent Trader
26 Days
10
ဖော်လိုလုပ်ထားသည်
65
ဖော်လိုလုပ်သူများ
93
လိုက်ခ်လုပ်ထားသည်
5
မျှဝေထားသည်
အကြောင်းအရာအားလုံး
Portfolio
All
Quotes
ZawZawAungMM
--
Crypto လောကအတွက်သတင်းကောင်းအမေရိကန်ရဲ့ ဒုတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ Bank of America (BofA) က တရားဝင်လမ်းညွှန်ချက်ထုတ်ပြန်လိုက်တာဟာ Crypto Assets တွေကို ပင်မဘဏ္ဍာရေးလောက (Mainstream Finance) က တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သဘောပါပဲ။ ဒီသတင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်အချို့ကို အောက်မှာ အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်- ဘာတွေ ထူးခြားသွားတာလဲ? တိုက်ရိုက်အကြံပြုခွင့်: အရင်က Bank of America ရဲ့ အကြံပေးပုဂ္ဂိုလ် (Advisors) တွေဟာ ဝယ်ယူသူက အရင်မမေးရင် Bitcoin အကြောင်း မပြောရဘူးလို့ ကန့်သတ်ထားပါတယ်။ အခုတော့ သူတို့ဘက်ကနေ ဝယ်ယူသူတွေကို "Bitcoin မှာ ရင်းနှီးမြှုပ်နှံသင့်တယ်" လို့ တိုက်ရိုက်အကြံပြုခွင့် ရသွားပါပြီ။ သတ်မှတ်ချက်: ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ 1% ကနေ 4% အထိ ကို Crypto ထဲမှာ ထည့်သွင်းထားဖို့ (Portfolio Allocation) အကြံပြုထားတာ ဖြစ်ပါတယ်။ ဘယ်အချိန်မှာ စတင်တာလဲ? ဒီအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ (ယနေ့) ကစပြီး Merrill၊ BofA Private Bank နဲ့ Merrill Edge က အကြံပေးပေါင်း ၁၅,၀၀၀ ကျော်ကနေတစ်ဆင့် စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုတာလဲ? ဘဏ်က Bitcoin ကို တိုက်ရိုက်ဝယ်ခိုင်းတာမျိုးမဟုတ်ဘဲ Spot Bitcoin ETFs တွေကနေတစ်ဆင့် ရင်းနှီးမြှုပ်နှံဖို့ လမ်းညွှန်တာပါ။ အဓိကအားဖြင့် အောက်ပါ ၄ ခုကို အာရုံစိုက်ထားပါတယ်- * IBIT (BlackRock) * FBTC (Fidelity) * BITB (Bitwise) * BTC (Grayscale Mini Trust) ဒါက ဘာကို ဆိုလိုတာလဲ? * ယုံကြည်မှု တိုးလာခြင်း: Bank of America လို ဘဏ်ကြီးမျိုးက အကြံပြုတာဟာ Bitcoin ဟာ လောင်းကစားမဟုတ်ဘဲ တကယ့် Asset တစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာပါ။ * ငွေအလုံးအရင်း ဝင်လာနိုင်ခြင်း: ဘဏ်ရဲ့ ချမ်းသာတဲ့ ဝယ်ယူသူတွေဆီကနေ ငွေအမြောက်အမြား Crypto ဈေးကွက်ထဲကို စီးဝင်လာဖို့ လမ်းကြောင်းပွင့်သွားတာ ဖြစ်ပါတယ်။ ဒီသတင်းကြောင့် Bitcoin ဈေးကွက်အပေါ် ရေရှည်မှာ အကောင်းမြင်စရာတွေ ပိုများလာပါတယ်။ ဒါပေမဲ့ ဘဏ်ကလည်း သတိပေးထားသလိုပဲ Crypto ဟာ အတက်အကျ အရမ်းကြမ်း (Volatility) တဲ့အတွက် မိမိရဲ့ ပိုင်ဆိုင်မှုအားလုံး မဟုတ်ဘဲ ၁ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းလောက်ပဲ ထည့်ဝင်ဖို့ အကြံပြုထားတာကို သတိပြုသင့်ပါတယ်။ #CryptoNewss #BTC走势分析
Crypto လောကအတွက်သတင်းကောင်း
အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးဘဏ်ဖြစ်တဲ့ Bank of America (BofA) က တရားဝင်လမ်းညွှန်ချက်ထုတ်ပြန်လိုက်တာဟာ Crypto Assets တွေကို ပင်မဘဏ္ဍာရေးလောက (Mainstream Finance) က တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သဘောပါပဲ။
ဒီသတင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်အချို့ကို အောက်မှာ အကျဉ်းချုပ်ဖော်ပြပေးလိုက်ပါတယ်-
ဘာတွေ ထူးခြားသွားတာလဲ?
တိုက်ရိုက်အကြံပြုခွင့်: အရင်က Bank of America ရဲ့ အကြံပေးပုဂ္ဂိုလ် (Advisors) တွေဟာ ဝယ်ယူသူက အရင်မမေးရင် Bitcoin အကြောင်း မပြောရဘူးလို့ ကန့်သတ်ထားပါတယ်။ အခုတော့ သူတို့ဘက်ကနေ ဝယ်ယူသူတွေကို "Bitcoin မှာ ရင်းနှီးမြှုပ်နှံသင့်တယ်" လို့ တိုက်ရိုက်အကြံပြုခွင့် ရသွားပါပြီ။
သတ်မှတ်ချက်: ရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ 1% ကနေ 4% အထိ ကို Crypto ထဲမှာ ထည့်သွင်းထားဖို့ (Portfolio Allocation) အကြံပြုထားတာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ စတင်တာလဲ?
ဒီအစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ (ယနေ့) ကစပြီး Merrill၊ BofA Private Bank နဲ့ Merrill Edge က အကြံပေးပေါင်း ၁၅,၀၀၀ ကျော်ကနေတစ်ဆင့် စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။
ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုတာလဲ?
ဘဏ်က Bitcoin ကို တိုက်ရိုက်ဝယ်ခိုင်းတာမျိုးမဟုတ်ဘဲ Spot Bitcoin ETFs တွေကနေတစ်ဆင့် ရင်းနှီးမြှုပ်နှံဖို့ လမ်းညွှန်တာပါ။ အဓိကအားဖြင့် အောက်ပါ ၄ ခုကို အာရုံစိုက်ထားပါတယ်-
* IBIT (BlackRock)
* FBTC (Fidelity)
* BITB (Bitwise)
* BTC (Grayscale Mini Trust)
ဒါက ဘာကို ဆိုလိုတာလဲ?
* ယုံကြည်မှု တိုးလာခြင်း: Bank of America လို ဘဏ်ကြီးမျိုးက အကြံပြုတာဟာ Bitcoin ဟာ လောင်းကစားမဟုတ်ဘဲ တကယ့် Asset တစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာပါ။
* ငွေအလုံးအရင်း ဝင်လာနိုင်ခြင်း: ဘဏ်ရဲ့ ချမ်းသာတဲ့ ဝယ်ယူသူတွေဆီကနေ ငွေအမြောက်အမြား Crypto ဈေးကွက်ထဲကို စီးဝင်လာဖို့ လမ်းကြောင်းပွင့်သွားတာ ဖြစ်ပါတယ်။
ဒီသတင်းကြောင့် Bitcoin ဈေးကွက်အပေါ် ရေရှည်မှာ အကောင်းမြင်စရာတွေ ပိုများလာပါတယ်။ ဒါပေမဲ့ ဘဏ်ကလည်း သတိပေးထားသလိုပဲ Crypto ဟာ အတက်အကျ အရမ်းကြမ်း (Volatility) တဲ့အတွက် မိမိရဲ့ ပိုင်ဆိုင်မှုအားလုံး မဟုတ်ဘဲ ၁ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းလောက်ပဲ ထည့်ဝင်ဖို့ အကြံပြုထားတာကို သတိပြုသင့်ပါတယ်။
#CryptoNewss
#BTC走势分析
ZawZawAungMM
--
Pro Trader တွေမြင်တဲ့အရာကို Beginner တွေဘာကြောင့်မမြင်သေးလဲ?လူအများစု Crypto မှာ ဝင်ပြီး ပထမဆုံးကြည့်တာကPrice ပါ“ဒီ Coin ဘယ်လောက်တက်မလဲ?“Pump လာမလား?” ဒါပေမယ့် Pro Trader တွေက Price ကို အရင်မကြည့်ပါဘူး Pro Trader တွေ အရင်မြင်တဲ့အရာ (Beginner တွေမမြင်သေးတာ) Price မဟုတ်ဘဲ “Behavior” ကိုကြည့်တယ်Pro တွေက လူတွေ ဘယ်ချိန်ဝင်လဲ Fear ဖြစ်နေချိန်လား Greed များနေပြီလား ကိုကြည့်တယ်Beginner တွေက “တက်နေပြီလား” ပဲကြည့်တယ် Chart ကို မျက်စိနဲ့မဟုတ်ဘဲ စိတ်နဲ့ဖတ်တယ်Beginner“Green candle များတယ် = ဝယ်” Pro “ဒီနေရာမှာ ဘယ်သူတွေ ဝင်နေလဲ?”“Whale တွေ buy လုပ်နေတာလား?” Chart ကို story တစ်ပုဒ်လို ဖတ်တယ် Pro တွေက Win ထက် Loss ကိုပိုစဉ်းစားတယ်Beginner“ဘယ်လောက်အမြတ်ရမလဲ?” Pro“မှားသွားရင် ဘယ်လောက်ဆုံးရှုံးမလဲ?” ဒါကြောင့်Pro တွေမပျက်စီးဘူးBeginner တွေ account ပြုတ်သွားတတ်တယ် Pro တွေက မဝယ်ချင်တဲ့အချိန်ကို သိတယ်Beginner Pump မြင်တာနဲ့ ဝင် Pro Pump မြင်ရင် ထွက်ဖို့စဉ်းစား Pro တွေသိထားတာကMarket မှာ “မလုပ်သင့်တဲ့အချိန်” က အရေးကြီးဆုံး ပါ Pro တွေက Patience ကို Weapon လိုသုံးတယ်Beginner တွေနေ့တိုင်း Trade မလုပ်ရင် မနေရဘူး Pro တွေတစ်ပတ်၊ နှစ်ပတ်Setup ပြည့်မှ ဝင်တယ် Crypto မှာအမြန်ဆုံး မဝင်နိုင်သူက အရှုံးအနည်းဆုံးဖြစ်တတ်တယ် အဆုံးသတ် (အရေးကြီး) Beginner တွေက“ဘာ Coin ဝယ်ရမလဲ” ကိုမေးတယ် Pro တွေက“ဘယ်ချိန်မှာ မဝယ်သင့်လဲ” ကိုမေးတယ် ဒီ Mindset ကပဲLoss Trader နဲ့ Long-term Winner ကို ခွဲခြားပေးတာပါ သင် Beginner ဖြစ်ရင် စိတ်မပူပါနဲ့Pro တွေလည်း တစ်ခါက Beginner ပဲဖြစ်ခဲ့တယ် သင်လိုအပ်တာကအမြန်မဟုတ်ဘဲ မှန်ကန်တဲ့အချိန်Hype မဟုတ်ဘဲ Understanding Crypto က လူရှင်းနေချိန်မှာ သင်ပညာစုရင်လူများလာချိန်မှာ သင်အမြတ်ရနိုင်ပါတယ် #cryptouniverseofficial #cryptooinsigts
Pro Trader တွေမြင်တဲ့အရာကို Beginner တွေဘာကြောင့်မမြင်သေးလဲ?
လူအများစု Crypto မှာ ဝင်ပြီး ပထမဆုံးကြည့်တာကPrice ပါ“ဒီ Coin ဘယ်လောက်တက်မလဲ?“Pump လာမလား?”
ဒါပေမယ့် Pro Trader တွေက Price ကို အရင်မကြည့်ပါဘူး
Pro Trader တွေ အရင်မြင်တဲ့အရာ (Beginner တွေမမြင်သေးတာ)
Price မဟုတ်ဘဲ “Behavior” ကိုကြည့်တယ်Pro တွေက
လူတွေ ဘယ်ချိန်ဝင်လဲ
Fear ဖြစ်နေချိန်လား
Greed များနေပြီလား
ကိုကြည့်တယ်Beginner တွေက “တက်နေပြီလား” ပဲကြည့်တယ်
Chart ကို မျက်စိနဲ့မဟုတ်ဘဲ စိတ်နဲ့ဖတ်တယ်Beginner“Green candle များတယ် = ဝယ်”
Pro “ဒီနေရာမှာ ဘယ်သူတွေ ဝင်နေလဲ?”“Whale တွေ buy လုပ်နေတာလား?”
Chart ကို story တစ်ပုဒ်လို ဖတ်တယ်
Pro တွေက Win ထက် Loss ကိုပိုစဉ်းစားတယ်Beginner“ဘယ်လောက်အမြတ်ရမလဲ?”
Pro“မှားသွားရင် ဘယ်လောက်ဆုံးရှုံးမလဲ?”
ဒါကြောင့်Pro တွေမပျက်စီးဘူးBeginner တွေ account ပြုတ်သွားတတ်တယ်
Pro တွေက မဝယ်ချင်တဲ့အချိန်ကို သိတယ်Beginner Pump မြင်တာနဲ့ ဝင်
Pro Pump မြင်ရင် ထွက်ဖို့စဉ်းစား
Pro တွေသိထားတာကMarket မှာ “မလုပ်သင့်တဲ့အချိန်” က အရေးကြီးဆုံး ပါ
Pro တွေက Patience ကို Weapon လိုသုံးတယ်Beginner တွေနေ့တိုင်း Trade မလုပ်ရင် မနေရဘူး
Pro တွေတစ်ပတ်၊ နှစ်ပတ်Setup ပြည့်မှ ဝင်တယ်
Crypto မှာအမြန်ဆုံး မဝင်နိုင်သူက အရှုံးအနည်းဆုံးဖြစ်တတ်တယ်
အဆုံးသတ် (အရေးကြီး)
Beginner တွေက“ဘာ Coin ဝယ်ရမလဲ” ကိုမေးတယ်
Pro တွေက“ဘယ်ချိန်မှာ မဝယ်သင့်လဲ” ကိုမေးတယ်
ဒီ Mindset ကပဲLoss Trader နဲ့ Long-term Winner ကို ခွဲခြားပေးတာပါ
သင် Beginner ဖြစ်ရင် စိတ်မပူပါနဲ့Pro တွေလည်း တစ်ခါက Beginner ပဲဖြစ်ခဲ့တယ်
သင်လိုအပ်တာကအမြန်မဟုတ်ဘဲ မှန်ကန်တဲ့အချိန်Hype မဟုတ်ဘဲ Understanding
Crypto က လူရှင်းနေချိန်မှာ သင်ပညာစုရင်လူများလာချိန်မှာ သင်အမြတ်ရနိုင်ပါတယ်
#cryptouniverseofficial
#cryptooinsigts
ZawZawAungMM
--
XRP ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၂% ကျော် မြင့်တက်လာခဲ့ပြီး ဈေးကွက်Market Cap ဒေါ်လာ ၁၄၂ ဘီလီယံကို ပြန်လည်ရောက်ရှိလာ
XRP ဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၁၂% ကျော် မြင့်တက်လာခဲ့ပြီး ဈေးကွက်Market Cap ဒေါ်လာ ၁၄၂ ဘီလီယံကို ပြန်လည်ရောက်ရှိလာ
ZawZawAungMM
--
Breaking 2026 ထဲဝင်လာပြီးတဲ့နောက်ပိုင်းမှာ crypto ဈေးကွက်တန်ဖိုးဟာ $250 billion ထပ်ပေါင်းလာနိုင်ခဲ့ပါတယ်။ Bitcoin ဈေးဟာ 5 ရက်ဆက်တိုက် green candle ထွက်ခဲ့ပြီးတော့ $94,000 အထိ ပြန်တက်လာနိုင်ခဲ့သလို Ethereum ဟာလည်း ထိုနည်းတူစွာပဲ $3200 အထက်ကို ပြန်ရောက်ရှိလာပါတယ်။ အရင်အပတ်တွေမှာ Sunday pump တွေဟာ လုံးဝမယုံရဘဲ အမြဲ retrace ပြန်လုပ်ခဲ့ပေမယ့် ဒီ 2026 နှစ်စမှာတော့ retrace မရှိဘဲ တမူကွဲနေခဲ့ပါတယ် Is 2026 the year of Crypto? #cryptouniverseofficial #2026 #marketcap
Breaking 2026 ထဲဝင်လာပြီးတဲ့နောက်ပိုင်းမှာ crypto ဈေးကွက်တန်ဖိုးဟာ $250 billion ထပ်ပေါင်းလာနိုင်ခဲ့ပါတယ်။
Bitcoin ဈေးဟာ 5 ရက်ဆက်တိုက် green candle ထွက်ခဲ့ပြီးတော့ $94,000 အထိ ပြန်တက်လာနိုင်ခဲ့သလို Ethereum ဟာလည်း ထိုနည်းတူစွာပဲ $3200 အထက်ကို ပြန်ရောက်ရှိလာပါတယ်။
အရင်အပတ်တွေမှာ Sunday pump တွေဟာ လုံးဝမယုံရဘဲ အမြဲ retrace ပြန်လုပ်ခဲ့ပေမယ့် ဒီ 2026 နှစ်စမှာတော့ retrace မရှိဘဲ တမူကွဲနေခဲ့ပါတယ်
Is 2026 the year of Crypto?
#cryptouniverseofficial
#2026
#marketcap
ZawZawAungMM
--
ဘာကြောင့် Crypto မှာ လူ 90% က ငွေဆုံးရှုံးနေတာလဲ?Crypto မှာ ငွေရှာလို့မရဘူးလို့ မင်းထင်နေလား? အမှန်တရားက — ငွေရှာနိုင်တယ်။ ဒါပေမယ့် လူ 10% ပဲရှာနိုင်တယ် ကျန်တဲ့ 90% ကတော့ အမြဲတမ်း ဆုံးရှုံးနေတယ် ဘာကြောင့်လဲ? အောက်မှာ အကြောင်းရင်းတွေကို လွယ်လွယ်နားလည်အောင် ပြောပြမယ် လူအများနောက်ကိုပဲ လိုက်တယ် (FOMO) Facebook / Telegram မှာ “ဒီ coin pump ဖြစ်တော့မယ်” “100x coin” ဆိုတဲ့ post တွေမြင်ပြီး မစဉ်းစားပဲ ဝယ်လိုက်တယ် အမှန်တရားက လူတွေပြောနေချိန် နောက်ကျနေပြီ Whale တွေ ဝယ်ပြီးသွားတဲ့အချိန်မှာ Retail ငါတို့ ဝင်တယ် ဈေးကျ ငွေဆုံးရှုံး Plan မရှိဘဲ Trade လုပ်တယ် ဘယ်ဈေးမှာ ဝယ်မလဲ မသိ ဘယ်ဈေးမှာ ထွက်မလဲ မသိ Stop loss မရှိ Coin နည်းနည်းကျတာနဲ့ “မနက်ဖြန် ပြန်တက်မယ်ထင်တယ်” ဆိုပြီး ကိုင်ထား Plan မရှိတဲ့ Trade = Gambling နဲ့တူပါတယ်။ Emotion နဲ့ ဆုံးဖြတ်တယ် Crypto မှာ တက်ရင် အလိုမကျ ပိုတက်မယ်ထင် ကျရင် ကြောက် (နောက်ကျမှ ရောင်း) ကြောက်တဲ့အချိန် ရောင်း လိုချင်တဲ့အချိန် ဝယ် ဒါကြောင့်ပဲ လူ 90% က ငွေဆုံးရှုံးတယ် Learn မလုပ်ဘူး အများစုက Chart မဖတ်တတ် Trend မသိ Market cycle မနားလည် Coin ကောင်းရင် အမြဲတက်မယ်ထင်တယ် ဒါက အကြီးဆုံး အမှားပဲ Quick Rich စိတ်ကူးရှိတယ် ဒီတစ်ခါနဲ့ ငွေအများကြီးရမယ်” ဒီ coin နဲ့ ဘဝပြောင်းမယ် Crypto ကမြန်မြန်ချမ်းသာစေတဲ့နေရာမဟုတ်ဘူးနားလည်သူတွေကိုသာ ရတဲ့နေရာ ဖြစ်ပါတယ်။ ဒါဆို ဘယ်လိုလုပ်ရမလဲ? လူအများနောက် မလိုက်ပါနဲ့ Plan နဲ့ Trade လုပ်ပါ Loss ကို လက်ခံတတ်ပါ Learn လုပ်ပါ နေ့တိုင်း နည်းနည်းပဲဖြစ်ဖြစ် Crypto မှာအောင်မြင်တဲ့ 10% က ပညာနဲ့ အေးအေးဆေးဆေးလုပ်လို့ရပါတယ် မင်းက 90% ဖြစ်မလား? 10% ဖြစ်မလား?အခု မင်းဆုံးဖြတ်နေတဲ့အချိန်ပါ
ဘာကြောင့် Crypto မှာ လူ 90% က ငွေဆုံးရှုံးနေတာလဲ?
Crypto မှာ ငွေရှာလို့မရဘူးလို့ မင်းထင်နေလား? အမှန်တရားက — ငွေရှာနိုင်တယ်။ ဒါပေမယ့် လူ 10% ပဲရှာနိုင်တယ် ကျန်တဲ့ 90% ကတော့ အမြဲတမ်း ဆုံးရှုံးနေတယ်
ဘာကြောင့်လဲ? အောက်မှာ အကြောင်းရင်းတွေကို လွယ်လွယ်နားလည်အောင် ပြောပြမယ်
လူအများနောက်ကိုပဲ လိုက်တယ် (FOMO)
Facebook / Telegram မှာ “ဒီ coin pump ဖြစ်တော့မယ်” “100x coin” ဆိုတဲ့ post တွေမြင်ပြီး မစဉ်းစားပဲ ဝယ်လိုက်တယ်
အမှန်တရားက လူတွေပြောနေချိန် နောက်ကျနေပြီ
Whale တွေ ဝယ်ပြီးသွားတဲ့အချိန်မှာ Retail ငါတို့ ဝင်တယ် ဈေးကျ ငွေဆုံးရှုံး
Plan မရှိဘဲ Trade လုပ်တယ်
ဘယ်ဈေးမှာ ဝယ်မလဲ မသိ
ဘယ်ဈေးမှာ ထွက်မလဲ မသိ
Stop loss မရှိ
Coin နည်းနည်းကျတာနဲ့ “မနက်ဖြန် ပြန်တက်မယ်ထင်တယ်” ဆိုပြီး ကိုင်ထား
Plan မရှိတဲ့ Trade = Gambling နဲ့တူပါတယ်။
Emotion နဲ့ ဆုံးဖြတ်တယ်
Crypto မှာ
တက်ရင် အလိုမကျ ပိုတက်မယ်ထင်
ကျရင် ကြောက် (နောက်ကျမှ ရောင်း)
ကြောက်တဲ့အချိန် ရောင်း လိုချင်တဲ့အချိန် ဝယ် ဒါကြောင့်ပဲ လူ 90% က ငွေဆုံးရှုံးတယ်
Learn မလုပ်ဘူး
အများစုက
Chart မဖတ်တတ်
Trend မသိ
Market cycle မနားလည်
Coin ကောင်းရင် အမြဲတက်မယ်ထင်တယ် ဒါက အကြီးဆုံး အမှားပဲ
Quick Rich စိတ်ကူးရှိတယ်
ဒီတစ်ခါနဲ့ ငွေအများကြီးရမယ်” ဒီ coin နဲ့ ဘဝပြောင်းမယ်
Crypto ကမြန်မြန်ချမ်းသာစေတဲ့နေရာမဟုတ်ဘူးနားလည်သူတွေကိုသာ ရတဲ့နေရာ ဖြစ်ပါတယ်။
ဒါဆို ဘယ်လိုလုပ်ရမလဲ?
လူအများနောက် မလိုက်ပါနဲ့
Plan နဲ့ Trade လုပ်ပါ
Loss ကို လက်ခံတတ်ပါ
Learn လုပ်ပါ နေ့တိုင်း နည်းနည်းပဲဖြစ်ဖြစ်
Crypto မှာအောင်မြင်တဲ့ 10% က ပညာနဲ့ အေးအေးဆေးဆေးလုပ်လို့ရပါတယ်
မင်းက 90% ဖြစ်မလား? 10% ဖြစ်မလား?အခု မင်းဆုံးဖြတ်နေတဲ့အချိန်ပါ
ZawZawAungMM
--
ရွှေဝယ်ဖို့ စဉ်းစားနေပြီလား binance မှာ paxg ရှိတယ်လူတွေဘဲထပ်မွေးလာတာ ရွှေနဲ့မြေကထပ်တိုးမလာဘူးတဲ့ ကျွန်တော်တို့က ငွေကြေးဖောင်းပွမူ့ ဒဏ်ခံနိုင်အောင် ရွှေစု မြေစုကြပါတယ် ရွှေကိုရွှေဆိုင်ကနေ၀ယ်ပြီး အိမ်မှာသိမ်းထားကြတယ် အခုလိုခေတ်မကောင်းတဲ့ကာလမှာ အပြင်ရွှေအတုံးထက် PAXG goldစုတာကပိုကောင်းပါတယ် အပြင်ရွှေတုံးတွေက နိုင်ငံခြားထွက်လဲယူသွားမရဘူး အိမ်မှာသိမ်းထားရင်လဲ ပျောက်မှာ တစ်ခုခုဖြစ်မှာ ကြောက်ရသေးပါတယ် PAXG ကတော့ binance account ရှိတာနဲ့စုလို့ရတာဆိုတော့ ဘယ်သွားသွားသယ်သွားရတယ် ကမ္ဘာရွှေဈေးတက်ရင်လဲလိုက်တက်မယ် အဲ့လိုအကျိုးကျေးဇူးတွေရှိမယ် PAXG ဆိုတာဘာလဲမေးစရာရှိတယ် PAXG ဆိုတာ တကယ့်ကမ္ဘာရွှေအစစ်တွေကို အပေါင်ထားထားပြီးထုတ်ထားတဲ့ crypto ပါ စုတဲ့သူလဲတော်တော်များပါတယ် ကိုယ်က 1PAXG ၀ယ်လိုက်ရင် သူတို့ကလဲ အပြင်မှာ တကယ်ရွှေကို၀ယ်ပေးပါတယ် အဲ့လိုအလုပ်လုပ်တာပါ အခုအချိန်မှာ ရွှေဝယ်ဖို့စဉ်းစားနေပြီး သွားလေရာ ယူသွားလို့ရတာ binance ကPAXG ၀ယ်တာအသင့်တော်ဆုံးပါပဲ။ #GOLD #BİNANCE
ရွှေဝယ်ဖို့ စဉ်းစားနေပြီလား binance မှာ paxg ရှိတယ်
လူတွေဘဲထပ်မွေးလာတာ ရွှေနဲ့မြေကထပ်တိုးမလာဘူးတဲ့
ကျွန်တော်တို့က ငွေကြေးဖောင်းပွမူ့ ဒဏ်ခံနိုင်အောင် ရွှေစု မြေစုကြပါတယ် ရွှေကိုရွှေဆိုင်ကနေ၀ယ်ပြီး အိမ်မှာသိမ်းထားကြတယ် အခုလိုခေတ်မကောင်းတဲ့ကာလမှာ အပြင်ရွှေအတုံးထက် PAXG goldစုတာကပိုကောင်းပါတယ်
အပြင်ရွှေတုံးတွေက နိုင်ငံခြားထွက်လဲယူသွားမရဘူး အိမ်မှာသိမ်းထားရင်လဲ ပျောက်မှာ တစ်ခုခုဖြစ်မှာ ကြောက်ရသေးပါတယ်
PAXG ကတော့ binance account ရှိတာနဲ့စုလို့ရတာဆိုတော့ ဘယ်သွားသွားသယ်သွားရတယ် ကမ္ဘာရွှေဈေးတက်ရင်လဲလိုက်တက်မယ် အဲ့လိုအကျိုးကျေးဇူးတွေရှိမယ်
PAXG ဆိုတာဘာလဲမေးစရာရှိတယ် PAXG ဆိုတာ တကယ့်ကမ္ဘာရွှေအစစ်တွေကို အပေါင်ထားထားပြီးထုတ်ထားတဲ့ crypto ပါ စုတဲ့သူလဲတော်တော်များပါတယ် ကိုယ်က 1PAXG ၀ယ်လိုက်ရင် သူတို့ကလဲ အပြင်မှာ တကယ်ရွှေကို၀ယ်ပေးပါတယ် အဲ့လိုအလုပ်လုပ်တာပါ
အခုအချိန်မှာ ရွှေဝယ်ဖို့စဉ်းစားနေပြီး သွားလေရာ ယူသွားလို့ရတာ binance ကPAXG ၀ယ်တာအသင့်တော်ဆုံးပါပဲ။
#GOLD
#BİNANCE
ZawZawAungMM
--
Nested Exchange ဆိုတာ ဘာလဲ?Nested Exchange ဆိုတာက Trading Infrastructure (အရောင်းအဝယ်ပြုလုပ်တဲ့ ကိုယ်ပိုင် စနစ်ယန္တရား) မရှိဘဲ တခြား Exchange ကြီးတွေဖြစ်တဲ့ ( ဥပမာ - Binance) ရဲ့ API ကို ပြန်လည်အသုံးပြုပြီး ဝန်ဆောင်မှုပေးနေတဲ့ Platform မျိုး ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် "ပွဲစားထဲက ပွဲစား" လို့ ပြောလို့ရပါတယ် ။ ကိုယ်က Nested Exchange မှာ အကောင့်ဖွင့်ပြီး အရောင်းအဝယ်လုပ်တဲ့အခါ အဲဒီ Exchange က ကိုယ့်အစား တခြား Exchange အကြီးတစ်ခုမှာ သွားရောက် အရောင်းအဝယ် လုပ်ပေးတာမျိုးပါ။ Nested Exchange တွေကို ဘယ်လို ခွဲခြားမလဲ? Nested Exchange Platform တွေကို ခွဲခြားဖို့ ယေဘုယျ အနေနဲ့ အဓိက ကျတဲ့ အချက်တွေကို ပြောပြပေးပ့ါမယ်။ KYC မလိုခြင်း - အထောက်အထား (ID) မလိုဘဲ အကန့်အသတ်မရှိ အရောင်းအဝယ်လုပ်ခွင့်ပေးတတ်ကြပါတယ်။ Deposit/Withdrawal အကန့်အသတ်မရှိ- ငွေသွင်းငွေထုတ်မှာ စည်းကမ်းတင်းကျပ်မှု အလွန်နည်းပါးပါတယ်။ Unknown Source - ဘယ်သူတွေက ထောင်ထားလဲ၊ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတတ်ပါဘူး။ ဘာကြောင့် ရှောင်ကြဉ်သင့်တာလဲ? Security Risks(လုံခြုံရေးအားနည်းချက်) -ဒီ Platform တွေမှာ လုံခြုံရေးစနစ်က အားနည်းတတ်တဲ့အတွက် Hack ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ပျောက်ဆုံးသွားရင်လဲ တာဝန်ယူပေးမယ့်သူ မရှိသလောက်ပါပဲ။ ငွေကြေးခဝါချမှုနှင့် ဆက်စပ်နေခြင်း (Money Laundering)- KYC မစစ်ဆေးတဲ့အတွက် တရားမဝင် ငွေကြေးစီးဆင်းမှုတွေမှာ အသုံးချခံရတတ်ပါတယ်။ ဒါကြောင့် အစိုးရ ဒါမှမဟုတ် Exchange အကြီးတွေက အဲဒီ Nested Exchange ကို ပိတ်လိုက်ရင် ကိုယ်ရဲ့ ငွေတွေပါ ပိတ်မိ (Frozen) သွားနိုင်ပါတယ်။ အကောင့် ပိတ်ခံရနိုင်ခြေရှိခြင်း (Account Closure) - (ဥပမာအားဖြင့် Binance)Exchange ကြီးတွေက ဒီ Nested Exchange ဟာ ပုံမှန်မဟုတ်ဘူးလို့ ယူဆပြီး သူ့ရဲ့ API Access ကို ပိတ်လိုက်ရင် အဲဒီ Exchange ထဲက ကိုယ့် ရဲ့ ငွေတွေကို ထုတ်ယူလို့ မရတော့ဘဲ ဆုံးရှုံးသွားနိုင်ပါတယ်။ အကြံပြုပေးချင်တာကတော့ ကျွန်တော်တို့ ကိုယ်တိုင် ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ငွေကြေးတွေကို စိတ်ချရဖို့ဆိုရင် Official ဖြစ်တဲ့၊ KYC စနစ်လည်း ရှိ ၊ နာမည်လည်းရှိပြီး စိတ်ချရတဲ့ Exchange တွေမှာ တိုက်ရိုက် အရောင်းအဝယ်လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ #knowledge #NestedExchange #CryptoSecurity
Nested Exchange ဆိုတာ ဘာလဲ?
Nested Exchange ဆိုတာက Trading Infrastructure (အရောင်းအဝယ်ပြုလုပ်တဲ့ ကိုယ်ပိုင် စနစ်ယန္တရား) မရှိဘဲ တခြား Exchange ကြီးတွေဖြစ်တဲ့ ( ဥပမာ - Binance) ရဲ့ API ကို ပြန်လည်အသုံးပြုပြီး ဝန်ဆောင်မှုပေးနေတဲ့ Platform မျိုး ဖြစ်ပါတယ်။ အရပ်စကားနဲ့ ပြောရရင် "ပွဲစားထဲက ပွဲစား" လို့ ပြောလို့ရပါတယ် ။ ကိုယ်က Nested Exchange မှာ အကောင့်ဖွင့်ပြီး အရောင်းအဝယ်လုပ်တဲ့အခါ အဲဒီ Exchange က ကိုယ့်အစား တခြား Exchange အကြီးတစ်ခုမှာ သွားရောက် အရောင်းအဝယ် လုပ်ပေးတာမျိုးပါ။
Nested Exchange တွေကို ဘယ်လို ခွဲခြားမလဲ?
Nested Exchange Platform တွေကို ခွဲခြားဖို့ ယေဘုယျ အနေနဲ့ အဓိက ကျတဲ့ အချက်တွေကို ပြောပြပေးပ့ါမယ်။
KYC မလိုခြင်း - အထောက်အထား (ID) မလိုဘဲ အကန့်အသတ်မရှိ အရောင်းအဝယ်လုပ်ခွင့်ပေးတတ်ကြပါတယ်။
Deposit/Withdrawal အကန့်အသတ်မရှိ- ငွေသွင်းငွေထုတ်မှာ စည်းကမ်းတင်းကျပ်မှု အလွန်နည်းပါးပါတယ်။
Unknown Source - ဘယ်သူတွေက ထောင်ထားလဲ၊ ဘယ်နိုင်ငံမှာ မှတ်ပုံတင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိတတ်ပါဘူး။
ဘာကြောင့် ရှောင်ကြဉ်သင့်တာလဲ?
Security Risks(လုံခြုံရေးအားနည်းချက်) -ဒီ Platform တွေမှာ လုံခြုံရေးစနစ်က အားနည်းတတ်တဲ့အတွက် Hack ခံရဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေ ပျောက်ဆုံးသွားရင်လဲ တာဝန်ယူပေးမယ့်သူ မရှိသလောက်ပါပဲ။
ငွေကြေးခဝါချမှုနှင့် ဆက်စပ်နေခြင်း (Money Laundering)- KYC မစစ်ဆေးတဲ့အတွက် တရားမဝင် ငွေကြေးစီးဆင်းမှုတွေမှာ အသုံးချခံရတတ်ပါတယ်။ ဒါကြောင့် အစိုးရ ဒါမှမဟုတ် Exchange အကြီးတွေက အဲဒီ Nested Exchange ကို ပိတ်လိုက်ရင် ကိုယ်ရဲ့ ငွေတွေပါ ပိတ်မိ (Frozen) သွားနိုင်ပါတယ်။
အကောင့် ပိတ်ခံရနိုင်ခြေရှိခြင်း (Account Closure) - (ဥပမာအားဖြင့် Binance)Exchange ကြီးတွေက ဒီ Nested Exchange ဟာ ပုံမှန်မဟုတ်ဘူးလို့ ယူဆပြီး သူ့ရဲ့ API Access ကို ပိတ်လိုက်ရင် အဲဒီ Exchange ထဲက ကိုယ့် ရဲ့ ငွေတွေကို ထုတ်ယူလို့ မရတော့ဘဲ ဆုံးရှုံးသွားနိုင်ပါတယ်။
အကြံပြုပေးချင်တာကတော့ ကျွန်တော်တို့ ကိုယ်တိုင် ခက်ခက်ခဲခဲ ရှာဖွေထားတဲ့ ငွေကြေးတွေကို စိတ်ချရဖို့ဆိုရင် Official ဖြစ်တဲ့၊ KYC စနစ်လည်း ရှိ ၊ နာမည်လည်းရှိပြီး စိတ်ချရတဲ့
Exchange တွေမှာ တိုက်ရိုက် အရောင်းအဝယ်လုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ
#knowledge #NestedExchange #CryptoSecurity
ZawZawAungMM
--
XRP က market cap 122B BNB ကို ကျော်တက်ပြီး ဈေးကွက်တန်ဖိုးအရ ကမ္ဘာ့တတိယအကြီးဆုံး Cryptocurrency ဖြစ်လာ #xrp #bnb #marketcap #cryptonwes
XRP က market cap 122B BNB ကို ကျော်တက်ပြီး ဈေးကွက်တန်ဖိုးအရ ကမ္ဘာ့တတိယအကြီးဆုံး Cryptocurrency ဖြစ်လာ
#xrp
#bnb
#marketcap
#cryptonwes
ZawZawAungMM
--
နောက်တစ်ကြိမ်SHUTDOWN ပြန်ဖြစ်မလို့ သတင်းထွက်နေတဲ့ အမေရိကန် အမေရိကန် အစိုးရက မကြာခင်မှာ SHUTDOWN ပြန်ဖြစ်တော့မယ်လို့ သတင်းတွေ ထွက်နေပြီး Crypto တွေရောပါ ထိခိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။ ဒါကိုလေ့လာသုံးသပ်ကြည့်ရအောင်။ ကိုယ့်ရဲ့ ပိုက်ဆံတွေကို တစ်ယောက်ယောက်က သုံးလို့မရအောင် သော့ခတ်လိုက်မယ်၊ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုလုံးက ရှေ့ဆက်ရမယ့် အစီအစဉ်တွေအတွက် စကားများ၊ တိုင်ပတ်ပြီး လုပ်ငန်းတွေ ရပ်တန့်သွားမယ်ဆိုရင် မိတ်ဆွေတို့ ဘယ်လိုခံစားရမလဲ? အခု ကမ္ဘာ့စီးပွားရေးရဲ့ အင်ဂျင်ကြီးဖြစ်တဲ့ အမေရိကန်မှာ အဲဒီလို အခြေအနေမျိုး ဖြစ်လုနီးပါး ကြုံနေရပါတယ်။ ဒီနေ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့။ ကျွန်တော်တို့အားလုံး နှစ်သစ်ကူပွဲတွေအပြီး၊ ပုံမှန်အလုပ်ခွင် ပြန်ဝင်နေကြပေမဲ့ ဝါရှင်တန်ဒီစီမှာတော့ နိုင်ငံရေးသမားတွေက အသုံးစရိတ်ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် တိုင်တွေပတ်၊ အချေအတင် ဖြစ်နေကြပါတယ်။ ရလဒ်ကတော့ ဇန်နဝါရီ ၁၉ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ အစိုးရယန္တရားကြီး တစ်ခုလုံး "SHUTDOWN" (ရပ်ဆိုင်း) ဖြစ်သွားနိုင်တဲ့ အန္တရာယ်ပါ။ ဒါက ကျွန်တော်တို့လို Crypto သမားတွေအတွက် ဘာတွေဆက်ဖြစ်လာနိုင်လဲ၊ ဘာတွေလုပ်လို့ရလဲ ဆိုတာတွေကို ဆက်ကြည့်ရအောင်။ မီးပွားက ဘယ်ကစတာလဲ? ရိုးရိုးလေး ပြောရရင် အမေရိကန် လွှတ်တော်ထဲမှာ အသုံးစရိတ် ဘယ်လောက်သုံးမလဲဆိုတာကို သဘောတူညီမှု မရကြတာပါ။ ဒီ gridlock (ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ) ကြောင့် ဈေးကွက်ထဲမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါကြတယ်။ အစိုးရကသာ SHUTDOWN ဖြစ်လို့ ရုံးပိတ်လိုက်ရပြီဆိုရင် ဝန်ထမ်းတွေ လစာမရတော့ဘူး၊ အရေးကြီးတဲ့ စီးပွားရေး အချက်အလက်တွေ ထုတ်ပြန်မှု နောက်ကျမယ်၊ ဒါတွေအားလုံးက ရင်းနှီးမြှုပ်နှံသူတွေကို "ကြောက်စိတ်" ဝင်စေပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက "ကြောက်စိတ်" ရှိတဲ့နေရာမှာ "အခွင့်အရေး" ဆိုတာလည်း အမြဲကပ်ပါလာတတ်တာပါ။ Bitcoin က "Digital Gold" တကယ် ဖြစ်လာမှာလား? သမိုင်းကြောင်းကို ပြန်ကြည့်ရင် အစိုးရတွေရဲ့ စီမံခန့်ခွဲမှုအပေါ် ယုံကြည်ချက် လျော့နည်းလာတဲ့အခါ လူတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို "လုံခြုံတဲ့နေရာ" (Safe Haven) ဆီ ရွှေ့ပြောင်းတတ်ကြပါတယ်။ အရင်ကတော့ ရွှေပေါ့ဗျာ။ ဒါပေမဲ့ အခုခေတ်မှာတော့ Bitcoin က "Digital Gold" အဖြစ်တဖြည်းဖြည်း နေရာယူလာနေပါပြီ။ အစိုးရ SHUTDOWN ဖြစ်လို့ ဒေါ်လာတန်ဖိုး ချည့်နဲ့ အားငယ်လာရင်၊ ဒါမှမဟုတ် ဗဟိုဘဏ်တွေရဲ့ ထိန်းချုပ်မှုကို လူတွေက သံသယဝင်လာရင် Decentralized ဖြစ်တဲ့ (ဘယ်သူ့ထိန်းချုပ်မှုမှ မရှိတဲ့) Bitcoin ဆီကို ငွေတွေ စီးဝင်လာလေ့ရှိပါတယ်။ ဇန်နဝါရီလကုန်မှာ တကယ်သာ SHUTDOWN ဖြစ်ခဲ့ရင် Bitcoin ဈေးနှုန်းက အရှိန်အဟုန်နဲ့ အမျှော်ကင်းကြီး တက်သွားနိုင်တဲ့ Catalyst (တွန်းအား) တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။ စဉ်းစားကြည့်လေ... စနစ်ကြီးတစ်ခုလုံး ရပ်တန့်နေချိန်မှာ ၂၄ နာရီကာလပတ်လုံး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုပ်လုပ်နေတဲ့ BTC က ပိုပြီး အားကိုးထိုက်တယ်လို့ လူတွေ မြင်လာကြတာ ကတော့ မဆန်းဘူးလေနော်။ SEC နဲ့ CFTC တို့ရဲ့ "အားလပ်ရက်" နောက်ထပ် အရေးကြီးတဲ့အချက်က Crypto ကို အမြဲမျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဆရာကြီးနှစ်ကောင် SEC (အမေရိကန် ငွေကြေးနှင့် အိတ်ချိန်း ကော်မရှင်) နဲ့ CFTC တို့လည်း SHUTDOWN ဖြစ်ရင် အလုပ်နားပြီး အိမ်မှာအိပ်နေရမှာပါ။ ဒါက အကောင်းရော၊ အဆိုးရော ဒွန်တွဲနေပါတယ်။ အဆိုးကိုအရင်ကြည့်ရအောင် : အခုလောလောဆယ် တင်ထားတဲ့ Spot ETF လျှောက်ထားမှုတွေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆုံးဖြတ်ချက်တွေက တကယ်သာ SHUTDOWN ဖြစ်ရင် နောက်ကျသွားနိုင်တယ်။ ဒါက ဈေးကွက်ထဲမှာ ခဏတာ မရေရာမှု (Volatility) တွေ ဖြစ်စေနိုင်ပါတယ်။ ကောင်းကွက်က : Crypto လုပ်ငန်းရှင်တွေအပေါ် ဖိအားတွေပေးနေတဲ့ စည်းမျဉ်းသစ်တွေ၊ တရားစွဲဆိုမှုတွေလည်း ခဏရပ်တန့်နေမှာပါ။ ပြီးတော့ အမေရိကန်ရဲ့ အကြွေးတွေက တောင်ပုံရာပုံလို ဖြစ်နေချိန်မှာ အစိုးရ SHUTDOWN ဖြစ်တာက "ဗဟိုထိန်းချုပ်မှုစနစ်ရဲ့ အားနည်းချက်" ကို တခြား Investor တွေမြင်အောင် မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားပါတယ်။ ဒါဟာ Bitcoin လို Limited Supply (အရေအတွက် ကန့်သတ်ချက်) ရှိတဲ့ Cryptp တွေရဲ့ တန်ဖိုးကို ပိုပြီး ပေါ်လွင်စေပါတယ်။ SHUTDOWN သာဖြစ်ရင် ကိုယ်တွေ ဘာလုပ်ကြမလဲ? ဒီ အခြေအနေမျိုးမှာ ကိုယ်တွေအနေနဲ့ ဘယ်လို ပြင်ဆင်ထားသင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ စိတ်လှုပ်ရှားပြီး အကုန်မရောင်းလိုက်ပါနဲ့: ဈေးက အတက်အကျဖြစ်နိုင်ပေမဲ့ ဒါက ရေတိုပါ။ ရေရှည်မှာတော့ Bitcoin ရဲ့ အခန်းကဏ္ဍက ပိုခိုင်မာလာဖို့ပဲ ရှိပါတယ်။ သတင်းကို မျက်ခြေမပြတ်ပါစေနဲ့: ဇန်နဝါရီ ၁၉ ရက် မတိုင်ခင် လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ သဘောတူညီမှု ရသွားရင် Market က တစ်မျိုးဖြစ်သွားနိုင်ပေမယ့်၊ Shutdown ဖြစ်ရင် တစ်မျိုး တုံ့ပြန်လာမှာပါ။ Hedge လုပ်ထားပါ: ကိုယ့်ရဲ့ Portfolio ထဲမှာ ဒေါ်လာ (Stablecoins) ချည်းပဲ ကိုင်ထားမယ့်အစား Bitcoin လိုမျိုး Hard Asset တွေကိုလည်း အချိုးအစားတစ်ခု ထားတာက အန္တရာယ်ကို ကာကွယ်ရာ ရောက်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရရင်... အစိုးရ SHUTDOWN ဖြစ်တာက တကယ်တော့ "စနစ်ဟောင်း" ရဲ့ အားနည်းချက်ကို ပြတာပါ။ ကျွန်တော်တို့လို Crypto သမားတွေအတွက်တော့ ဒါက ကိုယ်ယုံကြည်တဲ့ Decentralization ဆိုတာက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ဖြစ်လာစေပါတယ်။ နိုင်ငံရေးသမားတွေက စကားများ၊ တိုင်ပတ်၊ ငြင်းခုန်နေကြတဲ့အချိန်မှာ၊ Bitcoin ကတော့ သူ့အလုပ်သူ ပုံမှန်လေး လုပ်နေမှာပါ။ #AmericanDream #ShutdownUpdate #CryptoNewsCommunity
နောက်တစ်ကြိမ်SHUTDOWN ပြန်ဖြစ်မလို့ သတင်းထွက်နေတဲ့ အမေရိကန်
အမေရိကန် အစိုးရက မကြာခင်မှာ SHUTDOWN ပြန်ဖြစ်တော့မယ်လို့ သတင်းတွေ ထွက်နေပြီး Crypto တွေရောပါ ထိခိုက်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေ ပြောနေကြပါတယ်။
ဒါကိုလေ့လာသုံးသပ်ကြည့်ရအောင်။ ကိုယ့်ရဲ့ ပိုက်ဆံတွေကို တစ်ယောက်ယောက်က သုံးလို့မရအောင် သော့ခတ်လိုက်မယ်၊ ဒါမှမဟုတ် ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုလုံးက ရှေ့ဆက်ရမယ့် အစီအစဉ်တွေအတွက် စကားများ၊ တိုင်ပတ်ပြီး လုပ်ငန်းတွေ ရပ်တန့်သွားမယ်ဆိုရင် မိတ်ဆွေတို့ ဘယ်လိုခံစားရမလဲ? အခု ကမ္ဘာ့စီးပွားရေးရဲ့ အင်ဂျင်ကြီးဖြစ်တဲ့ အမေရိကန်မှာ အဲဒီလို အခြေအနေမျိုး ဖြစ်လုနီးပါး ကြုံနေရပါတယ်။
ဒီနေ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့။ ကျွန်တော်တို့အားလုံး နှစ်သစ်ကူပွဲတွေအပြီး၊ ပုံမှန်အလုပ်ခွင် ပြန်ဝင်နေကြပေမဲ့ ဝါရှင်တန်ဒီစီမှာတော့ နိုင်ငံရေးသမားတွေက အသုံးစရိတ်ကိစ္စတွေ၊ နယ်စပ်လုံခြုံရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် တိုင်တွေပတ်၊ အချေအတင် ဖြစ်နေကြပါတယ်။ ရလဒ်ကတော့ ဇန်နဝါရီ ၁၉ ရက်နဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ အစိုးရယန္တရားကြီး တစ်ခုလုံး "SHUTDOWN" (ရပ်ဆိုင်း) ဖြစ်သွားနိုင်တဲ့ အန္တရာယ်ပါ။
ဒါက ကျွန်တော်တို့လို Crypto သမားတွေအတွက် ဘာတွေဆက်ဖြစ်လာနိုင်လဲ၊ ဘာတွေလုပ်လို့ရလဲ ဆိုတာတွေကို ဆက်ကြည့်ရအောင်။
မီးပွားက ဘယ်ကစတာလဲ?
ရိုးရိုးလေး ပြောရရင် အမေရိကန် လွှတ်တော်ထဲမှာ အသုံးစရိတ် ဘယ်လောက်သုံးမလဲဆိုတာကို သဘောတူညီမှု မရကြတာပါ။ ဒီ gridlock (ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ) ကြောင့် ဈေးကွက်ထဲမှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါကြတယ်။ အစိုးရကသာ SHUTDOWN ဖြစ်လို့ ရုံးပိတ်လိုက်ရပြီဆိုရင် ဝန်ထမ်းတွေ လစာမရတော့ဘူး၊ အရေးကြီးတဲ့ စီးပွားရေး အချက်အလက်တွေ ထုတ်ပြန်မှု နောက်ကျမယ်၊ ဒါတွေအားလုံးက ရင်းနှီးမြှုပ်နှံသူတွေကို "ကြောက်စိတ်" ဝင်စေပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက "ကြောက်စိတ်" ရှိတဲ့နေရာမှာ "အခွင့်အရေး" ဆိုတာလည်း အမြဲကပ်ပါလာတတ်တာပါ။
Bitcoin က "Digital Gold" တကယ် ဖြစ်လာမှာလား?
သမိုင်းကြောင်းကို ပြန်ကြည့်ရင် အစိုးရတွေရဲ့ စီမံခန့်ခွဲမှုအပေါ် ယုံကြည်ချက် လျော့နည်းလာတဲ့အခါ လူတွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို "လုံခြုံတဲ့နေရာ" (Safe Haven) ဆီ ရွှေ့ပြောင်းတတ်ကြပါတယ်။ အရင်ကတော့ ရွှေပေါ့ဗျာ။ ဒါပေမဲ့ အခုခေတ်မှာတော့ Bitcoin က "Digital Gold" အဖြစ်တဖြည်းဖြည်း နေရာယူလာနေပါပြီ။
အစိုးရ SHUTDOWN ဖြစ်လို့ ဒေါ်လာတန်ဖိုး ချည့်နဲ့ အားငယ်လာရင်၊ ဒါမှမဟုတ် ဗဟိုဘဏ်တွေရဲ့ ထိန်းချုပ်မှုကို လူတွေက သံသယဝင်လာရင် Decentralized ဖြစ်တဲ့ (ဘယ်သူ့ထိန်းချုပ်မှုမှ မရှိတဲ့) Bitcoin ဆီကို ငွေတွေ စီးဝင်လာလေ့ရှိပါတယ်။ ဇန်နဝါရီလကုန်မှာ တကယ်သာ SHUTDOWN ဖြစ်ခဲ့ရင် Bitcoin ဈေးနှုန်းက အရှိန်အဟုန်နဲ့ အမျှော်ကင်းကြီး တက်သွားနိုင်တဲ့ Catalyst (တွန်းအား) တစ်ခု ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းနေကြပါတယ်။
စဉ်းစားကြည့်လေ... စနစ်ကြီးတစ်ခုလုံး ရပ်တန့်နေချိန်မှာ ၂၄ နာရီကာလပတ်လုံး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အလုပ်လုပ်နေတဲ့ BTC က ပိုပြီး အားကိုးထိုက်တယ်လို့ လူတွေ မြင်လာကြတာ ကတော့ မဆန်းဘူးလေနော်။
SEC နဲ့ CFTC တို့ရဲ့ "အားလပ်ရက်"
နောက်ထပ် အရေးကြီးတဲ့အချက်က Crypto ကို အမြဲမျက်စိဒေါက်ထောက်ကြည့်နေတဲ့ ဆရာကြီးနှစ်ကောင် SEC (အမေရိကန် ငွေကြေးနှင့် အိတ်ချိန်း ကော်မရှင်) နဲ့ CFTC တို့လည်း SHUTDOWN ဖြစ်ရင် အလုပ်နားပြီး အိမ်မှာအိပ်နေရမှာပါ။ ဒါက အကောင်းရော၊ အဆိုးရော ဒွန်တွဲနေပါတယ်။
အဆိုးကိုအရင်ကြည့်ရအောင် : အခုလောလောဆယ် တင်ထားတဲ့ Spot ETF လျှောက်ထားမှုတွေ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆုံးဖြတ်ချက်တွေက တကယ်သာ SHUTDOWN ဖြစ်ရင် နောက်ကျသွားနိုင်တယ်။ ဒါက ဈေးကွက်ထဲမှာ ခဏတာ မရေရာမှု (Volatility) တွေ ဖြစ်စေနိုင်ပါတယ်။
ကောင်းကွက်က : Crypto လုပ်ငန်းရှင်တွေအပေါ် ဖိအားတွေပေးနေတဲ့ စည်းမျဉ်းသစ်တွေ၊ တရားစွဲဆိုမှုတွေလည်း ခဏရပ်တန့်နေမှာပါ။
ပြီးတော့ အမေရိကန်ရဲ့ အကြွေးတွေက တောင်ပုံရာပုံလို ဖြစ်နေချိန်မှာ အစိုးရ SHUTDOWN ဖြစ်တာက "ဗဟိုထိန်းချုပ်မှုစနစ်ရဲ့ အားနည်းချက်" ကို တခြား Investor တွေမြင်အောင် မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားပါတယ်။ ဒါဟာ Bitcoin လို Limited Supply (အရေအတွက် ကန့်သတ်ချက်) ရှိတဲ့ Cryptp တွေရဲ့ တန်ဖိုးကို ပိုပြီး ပေါ်လွင်စေပါတယ်။
SHUTDOWN သာဖြစ်ရင် ကိုယ်တွေ ဘာလုပ်ကြမလဲ?
ဒီ အခြေအနေမျိုးမှာ ကိုယ်တွေအနေနဲ့ ဘယ်လို ပြင်ဆင်ထားသင့်လဲဆိုတာ ဆက်ကြည့်ရအောင်။
စိတ်လှုပ်ရှားပြီး အကုန်မရောင်းလိုက်ပါနဲ့: ဈေးက အတက်အကျဖြစ်နိုင်ပေမဲ့ ဒါက ရေတိုပါ။ ရေရှည်မှာတော့ Bitcoin ရဲ့ အခန်းကဏ္ဍက ပိုခိုင်မာလာဖို့ပဲ ရှိပါတယ်။
သတင်းကို မျက်ခြေမပြတ်ပါစေနဲ့: ဇန်နဝါရီ ၁၉ ရက် မတိုင်ခင် လွှတ်တော်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို စောင့်ကြည့်ရမှာပါ။ သဘောတူညီမှု ရသွားရင် Market က တစ်မျိုးဖြစ်သွားနိုင်ပေမယ့်၊ Shutdown ဖြစ်ရင် တစ်မျိုး တုံ့ပြန်လာမှာပါ။
Hedge လုပ်ထားပါ: ကိုယ့်ရဲ့ Portfolio ထဲမှာ ဒေါ်လာ (Stablecoins) ချည်းပဲ ကိုင်ထားမယ့်အစား Bitcoin လိုမျိုး Hard Asset တွေကိုလည်း အချိုးအစားတစ်ခု ထားတာက အန္တရာယ်ကို ကာကွယ်ရာ ရောက်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင်...
အစိုးရ SHUTDOWN ဖြစ်တာက တကယ်တော့ "စနစ်ဟောင်း" ရဲ့ အားနည်းချက်ကို ပြတာပါ။ ကျွန်တော်တို့လို Crypto သမားတွေအတွက်တော့ ဒါက ကိုယ်ယုံကြည်တဲ့ Decentralization ဆိုတာက ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေးတစ်ခု ဖြစ်လာစေပါတယ်။
နိုင်ငံရေးသမားတွေက စကားများ၊ တိုင်ပတ်၊ ငြင်းခုန်နေကြတဲ့အချိန်မှာ၊ Bitcoin ကတော့ သူ့အလုပ်သူ ပုံမှန်လေး လုပ်နေမှာပါ။
#AmericanDream
#ShutdownUpdate
#CryptoNewsCommunity
ZawZawAungMM
--
စစ်ဘက်ဆိုင်ရာ ဒရုန်းနှင့် ဒုံးကျည်များကို Crypto ဖြင့် ဝယ်ယူနိုင်ကြောင်း အီရန် ကြေငြာနိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့ အီရန်အစိုးရဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံတွေကို ရောင်းချရာမှာ Crypto (Cryptocurrency) နဲ့ ငွေပေးချေမှုကို လက်ခံသွားမယ်လို့ Financial Times (FT) က ဒီနေ့မှာ ထူးခြားတဲ့ သတင်းတစ်ရပ်အဖြစ် ဖော်ပြလိုက်ပါတယ်။ သတင်းကတော့ အီရန်နိုင်ငံရဲ့ ပြည်ပကာကွယ်ရေး အရောင်းဌာနဖြစ်တဲ့ “Mindex” ဟာ သူတို့ရဲ့ ထုတ်ကုန်စာရင်းမှာ အဆင့်မြင့်လက်နက်တွေကို ထည့်သွင်းထားပြီး Crypto နဲ့ ပေးချေနိုင်ကြောင်း ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ အဲဒီစာရင်းထဲမှာ Emad အမျိုးအစား ဘဲလစ်တစ်ဒုံးကျည်များ၊ Shahed အမျိုးအစား တိုက်ခိုက်ရေးဒရုန်းများ၊ Suleimani-class ကိုယ်ပျောက် စစ်သင်္ဘောများနဲ့ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်တွေ ပါဝင်နေပါတယ်။ ဘာကြောင့် အီရန်က Crypto ကို ရွေးချယ်သလဲဆိုရင်တော့ ရှင်းပါတယ်။ အမေရိကန်ရဲ့ ငွေကြေး(ဒေါ်လာ) လွှမ်းမိုးထားတဲ့ ဘဏ်စနစ်နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုတာဖြစ်ကြောင်း FT (Financial Time) က ဆိုပါတယ်။ Mindex ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့အတွက် လက်နက်စာချုပ်တွေမှာ Crypto၊ ကုန်စည်ချင်းလဲလှယ်မှု (Barter) နဲ့ အီရန်ရီယယ်လ် ငွေကြေးတွေကို လက်ခံသွားမယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။ ဒီသတင်းဟာ Crypto လောကအတွက်တော့ အသွားနှစ်ဖက်ထက်တဲ့ ဓါးတစ်လက်လို ဖြစ်နေပါတယ်။ တစ်ဖက်ကကြည့်ရင် Crypto ဟာ နိုင်ငံတကာကုန်သွယ်မှုမှာ တကယ့်ကို အသုံးဝင်ကြောင်း သက်သေပြနေသလို ဖြစ်ပေမဲ့နောက်တစ်ဖက်မှာတော့ အစိုးရတွေရဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်း (Regulations) တွေ ထွက်ပေါ်လာဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ အခုဆို Crypto ရှိရင် အိမ်သုံးပစ္စည်းကအစ အဆင့်မြင့် လက်နက်တွေအဆုံး ဘာမဆို ဝယ်လို့ရတဲ့ ခေတ်ကို တကယ်ပဲ ရောက်လာပြီလား ဒါဟာ Crypto ရဲ့ လွတ်လပ်ခွင့်လား? ဒါမှမဟုတ် ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလား? အီရန်ရဲ့ ဒီခြေလှမ်းက Bitcoin နဲ့ Crypto ဈေးကွက်အပေါ် ဘယ်လို သက်ရောက်မှုရှိလာနိုင်မလဲ? #IranNews #CryptoWeaponTrade #Mindex #BitcoinUse #USDT #Geopolitics
စစ်ဘက်ဆိုင်ရာ ဒရုန်းနှင့် ဒုံးကျည်များကို Crypto ဖြင့် ဝယ်ယူနိုင်ကြောင်း အီရန် ကြေငြာ
နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့ အီရန်အစိုးရဟာ သူတို့ရဲ့ စစ်ဘက်ဆိုင်ရာ ထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံတွေကို ရောင်းချရာမှာ Crypto (Cryptocurrency) နဲ့ ငွေပေးချေမှုကို လက်ခံသွားမယ်လို့ Financial Times (FT) က ဒီနေ့မှာ ထူးခြားတဲ့ သတင်းတစ်ရပ်အဖြစ် ဖော်ပြလိုက်ပါတယ်။
သတင်းကတော့ အီရန်နိုင်ငံရဲ့ ပြည်ပကာကွယ်ရေး အရောင်းဌာနဖြစ်တဲ့ “Mindex” ဟာ သူတို့ရဲ့ ထုတ်ကုန်စာရင်းမှာ အဆင့်မြင့်လက်နက်တွေကို ထည့်သွင်းထားပြီး Crypto နဲ့ ပေးချေနိုင်ကြောင်း ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။
အဲဒီစာရင်းထဲမှာ Emad အမျိုးအစား ဘဲလစ်တစ်ဒုံးကျည်များ၊ Shahed အမျိုးအစား တိုက်ခိုက်ရေးဒရုန်းများ၊ Suleimani-class ကိုယ်ပျောက် စစ်သင်္ဘောများနဲ့ အဆင့်မြင့် လေကြောင်းကာကွယ်ရေးစနစ်တွေ ပါဝင်နေပါတယ်။
ဘာကြောင့် အီရန်က Crypto ကို ရွေးချယ်သလဲဆိုရင်တော့ ရှင်းပါတယ်။ အမေရိကန်ရဲ့ ငွေကြေး(ဒေါ်လာ) လွှမ်းမိုးထားတဲ့ ဘဏ်စနစ်နဲ့ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို ကျော်လွှားဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုတာဖြစ်ကြောင်း FT (Financial Time) က ဆိုပါတယ်။
Mindex ရဲ့ ထုတ်ပြန်ချက်မှာလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့အတွက် လက်နက်စာချုပ်တွေမှာ Crypto၊ ကုန်စည်ချင်းလဲလှယ်မှု (Barter) နဲ့ အီရန်ရီယယ်လ် ငွေကြေးတွေကို လက်ခံသွားမယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။
ဒီသတင်းဟာ Crypto လောကအတွက်တော့ အသွားနှစ်ဖက်ထက်တဲ့ ဓါးတစ်လက်လို ဖြစ်နေပါတယ်။ တစ်ဖက်ကကြည့်ရင် Crypto ဟာ နိုင်ငံတကာကုန်သွယ်မှုမှာ တကယ့်ကို အသုံးဝင်ကြောင်း သက်သေပြနေသလို ဖြစ်ပေမဲ့နောက်တစ်ဖက်မှာတော့ အစိုးရတွေရဲ့ ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်း (Regulations) တွေ ထွက်ပေါ်လာဖို့ အကြောင်းဖန်လာနိုင်ပါတယ်။
အခုဆို Crypto ရှိရင် အိမ်သုံးပစ္စည်းကအစ အဆင့်မြင့် လက်နက်တွေအဆုံး ဘာမဆို ဝယ်လို့ရတဲ့ ခေတ်ကို တကယ်ပဲ ရောက်လာပြီလား
ဒါဟာ Crypto ရဲ့ လွတ်လပ်ခွင့်လား?
ဒါမှမဟုတ် ကမ္ဘာ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုလား?
အီရန်ရဲ့ ဒီခြေလှမ်းက Bitcoin နဲ့ Crypto ဈေးကွက်အပေါ် ဘယ်လို သက်ရောက်မှုရှိလာနိုင်မလဲ?
#IranNews #CryptoWeaponTrade #Mindex #BitcoinUse #USDT #Geopolitics
ZawZawAungMM
--
Japan က Crypto အခွန်ကို 55% မှ 20% သို့လျှော့ချမည်ဂျပန်အစိုးရက 2026 ခုနှစ်မှစတင်ပြီး Crypto Asset များမှရရှိတဲ့ အမြတ်အစွန်းများအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကိုအကြီးအကျယ် ပြုပြင်ပြောင်းလဲမယ့်သတင်းတွေကထွက်ရှိလာပါတယ်။ ဒီပြောင်းလဲမှုဟာဆိုရင် ဂျပန်နိုင်ငံကို အာရှရဲ့ Crypto Hub တစ်ခုဖြစ်လာစေရန်တွန်းအားပေးမယ့် ဗျူဟာမြောက် ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။ Japan အစိုးရဟာ ယခင်က Crypto မှအမြတ်အစွန်းများကို "အထွေထွဝင်ငွေ" (Miscellaneous Income) အဖြစ်သတ်မှတ်ပြီး ဝင်ငွေအပေါ်မူတည်ကာ အမြင့်ဆုံး 55% အထိအခွန်ကောက်ခံခဲ့တာပါ။ ယခုအခါမှာတော့ Flat Rate သတ်မှတ်ပြီး Crypto အမြတ်အားလုံးကို အခြားစတော့ရှယ်ယာများကဲ့သို့ပဲ 20% နဲ့တစ်ပြေးညီသာ ကောက်ခံတော့မယ်လို့ပြောလာပါတယ်။ ဒီလိုရိုးရှင်းသောစနစ်နဲ့ အခွန်တွက်ချက်မှု ပိုမိုလွယ်ကူလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအသစ်များ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ စောင့်ကြည့်သူများကလဲဆိုကြပါတယ်။ ပြောရမယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ Crypto အခွန် 20% သို့ လျှော့ချခြင်းက ရင်းနှီးမြှုပ်နှံသူများအတွက် အသက်ရှူချောင်စေရုံသာမက Crypto လောကတစ်ခုလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့အချက်တစ်ခုဖြစ်လာတာပါပဲ။ #CryptoNewss #Japan
Japan က Crypto အခွန်ကို 55% မှ 20% သို့လျှော့ချမည်
ဂျပန်အစိုးရက 2026 ခုနှစ်မှစတင်ပြီး Crypto Asset များမှရရှိတဲ့ အမြတ်အစွန်းများအပေါ် ကောက်ခံတဲ့ အခွန်နှုန်းထားကိုအကြီးအကျယ် ပြုပြင်ပြောင်းလဲမယ့်သတင်းတွေကထွက်ရှိလာပါတယ်။ ဒီပြောင်းလဲမှုဟာဆိုရင် ဂျပန်နိုင်ငံကို အာရှရဲ့ Crypto Hub တစ်ခုဖြစ်လာစေရန်တွန်းအားပေးမယ့် ဗျူဟာမြောက် ခြေလှမ်းတစ်ခုဖြစ်လာမှာပါ။
Japan အစိုးရဟာ ယခင်က Crypto မှအမြတ်အစွန်းများကို "အထွေထွဝင်ငွေ" (Miscellaneous Income) အဖြစ်သတ်မှတ်ပြီး ဝင်ငွေအပေါ်မူတည်ကာ အမြင့်ဆုံး 55% အထိအခွန်ကောက်ခံခဲ့တာပါ။ ယခုအခါမှာတော့ Flat Rate သတ်မှတ်ပြီး Crypto အမြတ်အားလုံးကို အခြားစတော့ရှယ်ယာများကဲ့သို့ပဲ 20% နဲ့တစ်ပြေးညီသာ ကောက်ခံတော့မယ်လို့ပြောလာပါတယ်။ ဒီလိုရိုးရှင်းသောစနစ်နဲ့ အခွန်တွက်ချက်မှု ပိုမိုလွယ်ကူလာခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူအသစ်များ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ စောင့်ကြည့်သူများကလဲဆိုကြပါတယ်။
ပြောရမယ်ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ Crypto အခွန် 20% သို့ လျှော့ချခြင်းက ရင်းနှီးမြှုပ်နှံသူများအတွက် အသက်ရှူချောင်စေရုံသာမက Crypto လောကတစ်ခုလုံးအတွက် အပေါင်းလက္ခဏာဆောင်တဲ့အချက်တစ်ခုဖြစ်လာတာပါပဲ။
#CryptoNewss
#Japan
ZawZawAungMM
--
အရည်အကြောင်း (Liquidity) Liquidity ဆိုတာ ပိုင်ဆိုင်ထားတဲ့ Digital assets (Coin/Token) တွေကို ဈေးနှုန်းအပြောင်းအလဲကွာဟမှု ကြီးကြီးမားမား မရှိစေဘဲ ငွေသား ( Stablecoin/Fiat) အဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲနိုင်လဲဆိုတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ . Trader တွေအတွက် ရင်းနှီးပြီးသားဖြစ်တဲ့ BTC နဲ့ ETH လို Coin တွေက အရောင်းအ၀ယ်ပမာဏ (Volume) များတာကြောင့် High Liquidity အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသတ်မှတ်တာက ဘာလို့ဆို ကိုယ်က ဒေါ်လာသိန်း သန်းချီဖိုး ရောင်းမယ်ဆိုရင်တောင် ၀ယ်မယ့်သူ အဆင်သင့် ရှိနေတာကြောင့် ဈေးနှုန်းအရမ်းကြီး မပြောင်းလဲပဲ ချက်ချင်းရောင်းထွက်သွားပါတယ်။ ဒါပေမယ့် Low Liquidity တွေဖြစ်တဲ့ Meme Coins တွေ Shitcoins တွေကတော့ အရောင်းအ၀ယ်ဖြစ်မှု နည်းပါးတာကြောင့် $1000 ဖိုးရောင်းလိုက်ယုံနဲ့တင် ၀ယ်မယ့်သူမရှိဘဲ ဈေးနှုန်းက ဒိုင်းခနဲ့ဆို ပြုတ်ကျသွားနိုင်ပါတယ်။ ဒါကို Price Impact ကြီးတယ်လို့ ခေါ်ပါတယ်။ Crypto မှာ Liquidity ဘယ်ကလာသလဲ ဆိုရင် Liquidity ရရှိတဲ့နေရာပေါ်မူတည်ပြီး (၂) မျိုး ခွဲခြားနိုင်ပါတယ်။ ပထမတစ်ခုကတော့ Crypto Traders တွေအားလုံးသိတဲ့ Binance, Bybit, Bitget လို Centralized Exchange တွေမှာ Order Book သုံးပြီး ဝယ်မယ့်သူနဲ့ ရောင်းမယ့်သူတွေက သတ်မှတ်ဈေးနှုန်းအလိုက် Order တင်ထားကြတဲ့အတွက် Liquidity ဖြစ်ပေါ်လာပါတယ်။ ဒုတိယအနေနဲ့ကတော့ Uniswap, Pancake တို့လို Decentralized Exchange တွေမှာက Order Book ကို အသုံးမပြုတဲ့အတွက် Liquidity Provider တွေက Liquidity Pool ထဲမှာ Token တွေစုပေါင်းထည့်၀င်ထားကြပြီး Trading လုပ်တဲ့သူတွေအနေနဲ့ ဒီ Pool ထဲကနေလှလှယ်ကြတာဖြစ်ပါတယ် Trader တစ်ယောက်အတွက် Liquidity ကအရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို Liquidity ကောင်းတဲ့နေရာမှာ Trading လုပ်တဲ့အခါ တကယ်၀ယ်ယူမယ့်ဈေး တကယ့်ရောင်းမယ်ဈေး ထပ်တူကျဖို့အတွက် ပိုအခွင့်အလမ်းရှိပြီး Slippage (ဈေးနှုန်းချော်ထွက်မှုကိုနည်းစေပါတယ်။ နောက်ပြီ Whale တစ်ယောက်အရောင်းအ၀ယ်လုပ်ယုံနဲ့ ဈေးကွက်ကို Volatile မဖြစ်စေပဲ Liquidity ကထိန်းပေးထားတာကြောင့် Market Stability ကိုရရှိစေပါတယ်။ အချိန်နဲ့အမျှ အပြောင်းအလဲမြန်တဲ့ Crypto မှာ ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ချက်ချင်း အရောင်းအဝယ်ဖြစ်ဖို့အတွက် Liquidity က အဓိကကျပါတယ်။ တချို့ Token အသစ်တွေမှာ Market Cap က ဒေါ်လာသန်းချီပြနေပေမယ့် Liquidity က ဒေါ်လာ ၁၀၀၀ လောက်ပဲ ရှိတတ်ပါတယ်။ ဒီလို Token မျိုးကို ဝယ်မိတဲ့အခါ ဈေးတက်နေပေမယ့် ပြန်ရောင်းလို့မရတာ ၊ ရောင်းလိုက်ရင်လည်း ဈေးက ဝုန်းခနဲ့ ထိုးကျသွားတာမျိုး ကြုံရတတ်ပါတယ်။ DEX တွေမှာဆိုရင် Rug Pull (ငွေလိမ်ပြေးခြင်း) ဆိုတာ Liquidity ကို ထုတ်သွားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Crypto တစ်ခု ဝယ်တော့မယ်ဆိုရင် Chart တစ်ခုတည်းမကြည့်ပဲ 24h Volume ဘယ်လောက်ရှိလဲ၊ Liquidity Pool ထဲမှာ ငွေဘယ်လောက်ရှိလဲဆိုတာကို အရင်စစ်ဆေးပြီးမှ မိမိပိုလျှံတဲ့ငွေနဲ့သာ DYOR လုပ်ပြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ်။ #liquidity #CryptoKnowledge🚀
အရည်အကြောင်း (Liquidity)
Liquidity ဆိုတာ ပိုင်ဆိုင်ထားတဲ့ Digital assets (Coin/Token) တွေကို ဈေးနှုန်းအပြောင်းအလဲကွာဟမှု ကြီးကြီးမားမား မရှိစေဘဲ ငွေသား ( Stablecoin/Fiat) အဖြစ် ဘယ်လောက်မြန်မြန် ပြောင်းလဲနိုင်လဲဆိုတဲ့ အတိုင်းအတာတစ်ခုဖြစ်ပါတယ်။
.
Trader တွေအတွက် ရင်းနှီးပြီးသားဖြစ်တဲ့ BTC နဲ့ ETH လို Coin တွေက အရောင်းအ၀ယ်ပမာဏ (Volume) များတာကြောင့် High Liquidity အနေနဲ့ သတ်မှတ်လို့ရပါတယ်။ ဒီလိုသတ်မှတ်တာက ဘာလို့ဆို ကိုယ်က ဒေါ်လာသိန်း သန်းချီဖိုး ရောင်းမယ်ဆိုရင်တောင် ၀ယ်မယ့်သူ အဆင်သင့် ရှိနေတာကြောင့် ဈေးနှုန်းအရမ်းကြီး မပြောင်းလဲပဲ ချက်ချင်းရောင်းထွက်သွားပါတယ်။ ဒါပေမယ့် Low Liquidity တွေဖြစ်တဲ့ Meme Coins တွေ Shitcoins တွေကတော့ အရောင်းအ၀ယ်ဖြစ်မှု နည်းပါးတာကြောင့် $1000 ဖိုးရောင်းလိုက်ယုံနဲ့တင် ၀ယ်မယ့်သူမရှိဘဲ ဈေးနှုန်းက ဒိုင်းခနဲ့ဆို ပြုတ်ကျသွားနိုင်ပါတယ်။ ဒါကို Price Impact ကြီးတယ်လို့ ခေါ်ပါတယ်။
Crypto မှာ Liquidity ဘယ်ကလာသလဲ ဆိုရင် Liquidity ရရှိတဲ့နေရာပေါ်မူတည်ပြီး (၂) မျိုး ခွဲခြားနိုင်ပါတယ်။ ပထမတစ်ခုကတော့ Crypto Traders တွေအားလုံးသိတဲ့ Binance, Bybit, Bitget လို Centralized Exchange တွေမှာ Order Book သုံးပြီး ဝယ်မယ့်သူနဲ့ ရောင်းမယ့်သူတွေက သတ်မှတ်ဈေးနှုန်းအလိုက် Order တင်ထားကြတဲ့အတွက် Liquidity ဖြစ်ပေါ်လာပါတယ်။ ဒုတိယအနေနဲ့ကတော့ Uniswap, Pancake တို့လို Decentralized Exchange တွေမှာက Order Book ကို အသုံးမပြုတဲ့အတွက် Liquidity Provider တွေက Liquidity Pool ထဲမှာ Token တွေစုပေါင်းထည့်၀င်ထားကြပြီး Trading လုပ်တဲ့သူတွေအနေနဲ့ ဒီ Pool ထဲကနေလှလှယ်ကြတာဖြစ်ပါတယ်
Trader တစ်ယောက်အတွက် Liquidity ကအရမ်းအရေးကြီးပါတယ်။ ဘာလို့ဆို Liquidity ကောင်းတဲ့နေရာမှာ Trading လုပ်တဲ့အခါ တကယ်၀ယ်ယူမယ့်ဈေး တကယ့်ရောင်းမယ်ဈေး ထပ်တူကျဖို့အတွက် ပိုအခွင့်အလမ်းရှိပြီး Slippage (ဈေးနှုန်းချော်ထွက်မှုကိုနည်းစေပါတယ်။ နောက်ပြီ Whale တစ်ယောက်အရောင်းအ၀ယ်လုပ်ယုံနဲ့ ဈေးကွက်ကို Volatile မဖြစ်စေပဲ Liquidity ကထိန်းပေးထားတာကြောင့် Market Stability ကိုရရှိစေပါတယ်။ အချိန်နဲ့အမျှ အပြောင်းအလဲမြန်တဲ့ Crypto မှာ ကိုယ်ရောင်းချင်တဲ့ဈေးနဲ့ ချက်ချင်း အရောင်းအဝယ်ဖြစ်ဖို့အတွက် Liquidity က အဓိကကျပါတယ်။
တချို့ Token အသစ်တွေမှာ Market Cap က ဒေါ်လာသန်းချီပြနေပေမယ့် Liquidity က ဒေါ်လာ ၁၀၀၀ လောက်ပဲ ရှိတတ်ပါတယ်။ ဒီလို Token မျိုးကို ဝယ်မိတဲ့အခါ ဈေးတက်နေပေမယ့် ပြန်ရောင်းလို့မရတာ ၊ ရောင်းလိုက်ရင်လည်း ဈေးက ဝုန်းခနဲ့ ထိုးကျသွားတာမျိုး ကြုံရတတ်ပါတယ်။ DEX တွေမှာဆိုရင် Rug Pull (ငွေလိမ်ပြေးခြင်း) ဆိုတာ Liquidity ကို ထုတ်သွားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် Crypto တစ်ခု ဝယ်တော့မယ်ဆိုရင် Chart တစ်ခုတည်းမကြည့်ပဲ 24h Volume ဘယ်လောက်ရှိလဲ၊ Liquidity Pool ထဲမှာ ငွေဘယ်လောက်ရှိလဲဆိုတာကို အရင်စစ်ဆေးပြီးမှ မိမိပိုလျှံတဲ့ငွေနဲ့သာ DYOR လုပ်ပြီး ရင်းနှီးမြှုပ်နှံသင့်ပါတယ်။
#liquidity
#CryptoKnowledge🚀
ZawZawAungMM
--
🇯🇵 ဂျပန်အခြေစိုက် Metaplanet တို့ $375 million ဖိုး Bitcoin တွေထပ်ဝယ် Meta planet ဟာအရင်က Bitcoin ဝယ်ထားတာတွေကို အပေါင်ထားပြီး ရလာတဲ့ ပိုက်ဆံတွေနဲ့ အခုလို ထပ်ဝယ်နေတယ်လို့ သိရပါတယ်။ နောက်ထပ်လည်း Bitcoin ထပ်ဝယ်ဖို့ Fund တွေအဆင်သင့် ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြောထားတာ တွေ့ရပါတယ်။ #BitcoinDunyamiz #metaplanet #CryptoNewss
🇯🇵 ဂျပန်အခြေစိုက် Metaplanet တို့ $375 million ဖိုး Bitcoin တွေထပ်ဝယ်
Meta planet ဟာအရင်က Bitcoin ဝယ်ထားတာတွေကို အပေါင်ထားပြီး ရလာတဲ့ ပိုက်ဆံတွေနဲ့ အခုလို ထပ်ဝယ်နေတယ်လို့ သိရပါတယ်။
နောက်ထပ်လည်း Bitcoin ထပ်ဝယ်ဖို့ Fund တွေအဆင်သင့် ရှိနေပြီဖြစ်ကြောင်းလည်း ထုတ်ပြောထားတာ တွေ့ရပါတယ်။
#BitcoinDunyamiz
#metaplanet
#CryptoNewss
ZawZawAungMM
--
FOMO နဲ့ FUD ဆိုတာ ဘာလဲ Crypto က ရောက်လာပြီဆိုရင် နည်းပညာစကားလုံးတွေအပြင် စိတ်ခံစားချက်ကို ဖော်ပြတဲ့ FOMO နဲ့ FUD ဆိုတဲ့ စကားလုံးနှစ်ခုကို အမြဲကြားနေရမှာပါ။ ဒီစကားလုံးနှစ်ခုဟာ Crypto စျေးကွက်ရဲ့ အတက်အကျကို မောင်းနှင်နေတဲ့ အဓိက "စိတ်ပညာလက်နက်" တွေလို့တောင် ပြောလို့ရပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် FOMO ဆိုတာကတော့ လောဘကြောင့်ဖြစ်လာတဲ့ "အခွင့်အရေးကိုလက်လွတ်သွားမှာ ကြောက်တဲ့စိတ်" ဖြစ်ပြီး၊ FUD ကတော့ ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ "ယုံကြည်မှု ပျောက်ဆုံးခြင်း" ပဲ ဖြစ်ပါတယ်။ FOMO (Fear Of Missing Out) Coin or Token တစ်ခုခု စျေးတွေ အရမ်းတက်နေပြီဆိုရင် "ငါတော့ နောက်ကျကျန်ခဲ့ပြီ၊ အခုချက်ချင်းဝင်မဝယ်ရင် ချမ်းသာမယ့်အခွင့်အရေး ဆုံးရှုံးတော့မယ်" ဆိုတဲ့ စိတ်နဲ့ အလုအယက် လိုက်ဝယ်တာကို FOMO ဝင်တယ်လို့ ခေါ်ပါတယ်။ ဥပမာ - Meme coin တစ်ခုက တစ်ရက်တည်းနဲ့ ၁၀ ဆလောက် တက်သွားတာကို မြင်တဲ့အခါ လူတွေဟာ ဘာမှမစဉ်းစားတော့ဘဲ အမြင့်စျေးမှာ လိုက်ဝယ်မိတတ်ကြပါတယ်။ ဒီလို FOMO စိတ်ကြောင့် အမြင့်စျေးမှာ ဝယ်မိပြီး၊ စျေးပြန်ကျတဲ့အခါ အကြီးအကျယ် ရှုံးနိမ့်သွားတာမျိုးတွေ Crypto လောကမှာ ခဏခဏ တွေ့ရတတ်ပါတယ်။ FUD (Fear, Uncertainty, and Doubt) ဒါကတော့ FOMO ရဲ့ ဆန့်ကျင်ဘက်ပါပဲ။ စျေးကွက်ထဲမှာ "Bitcoin ကို ဆရာကြီးတွေ ထုတ်ရောင်းတော့မယ်"၊ "Exchange တစ်ခုကတော့ ဒေဝါလီခံတော့မယ်" ဆိုတဲ့ သတင်းအမှားတွေ၊ ကောလာဟလတွေ ထွက်လာတဲ့အခါ လူတွေဟာ ကြောက်ရွံ့ပြီး ကိုယ့်ဆီမှာရှိတဲ့ Coin တွေကို အလုအယက် ပြန်ရောင်းချကြတာကို ဆိုလိုတာပါ။ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပြီး စျေးနှုန်းတွေ ထိုးကျသွားအောင် လုပ်ဆောင်တဲ့ နည်းဗျူဟာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါဆိုရင် ဒီစိတ်ခံစားချက်တွေက ကျနော်တို့လို ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာကြောင့် အရေးပါနေရတာလဲ။ အဓိက အချက်ကတော့ Crypto စျေးကွက်ကြီးဟာ တခြားဈေးကွက်တွေထက် စိတ်ခံစားချက်အပေါ် ပိုပြီး မူတည်နေလို့ပါပဲ။ ဝေလငါး (Whales) လို့ခေါ်တဲ့ အင်အားကြီး ရင်းနှီးမြှုပ်နှံသူတွေဟာ FOMO နဲ့ FUD ကို အသုံးချပြီး စျေးကွက်ကို လှည့်စားတတ်ကြပါတယ်။ လူတွေ FOMO တက်ပြီး အလုအယက် ဝယ်နေချိန်မှာ သူတို့က စျေးအမြင့်နဲ့ ပြန်ရောင်းထုတ်လိုက်သလို၊ လူတွေ FUD ဖြစ်ပြီး ကြောက်လန့်တကြား ရောင်းထုတ်နေချိန်မှာတော့ သူတို့က စျေးပေါပေါနဲ့ ဝယ်ယူပြီး အမြတ်ထုတ်တတ်ကြပါတယ်။ ဒါကြောင့် FOMO နဲ့ FUD ရဲ့ သားကောင်ဖြစ်သွားရင် ကိုယ့်ရဲ့ အရင်းအနှီးတွေ ဆုံးရှုံးဖို့ သေချာသလောက် ရှိနေပါတယ်။ FOMO နဲ့ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ "ဦးနှောက်နဲ့ နှလုံးသား" အားပြိုင်နေတာပါ။ FOMO က ကိုယ့်ကို လောဘနောက် လိုက်ခိုင်းပြီး FUD ကတော့ ကိုယ့်ကို ကြောက်စိတ်နောက် လိုက်ခိုင်းပါတယ်။ ဒီနှစ်ခုစလုံးဟာ အချက်အလက် (Data) အပေါ်မှာ မူတည်တာမဟုတ်ဘဲ စိတ်ခံစားချက်အပေါ်မှာပဲ မူတည်နေတာပါ။ ဒါကြောင့် အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ချင်ရင် ဒီစိတ်လှုပ်ရှားမှု မုန်တိုင်းတွေကြားမှာ သွေးအေးအေးနဲ့ အချက်အလက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Crypto ထဲမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် စျေးနှုန်းတွေ တက်တာ၊ ကျတာကိုပဲ ကြည့်ပြီး အရူးချီးပန်းလိုက်လုပ်နေလို့မရပါဘူး။ ကိုယ်ကြားနေရတဲ့ သတင်းတွေက တကယ်ပဲလား၊ လူတွေကို FOMO တက်အောင် ဒါမှမဟုတ် FUD ဖြစ်အောင် လုပ်နေတဲ့ ကောလာဟလတွေလား ဆိုတာကို သတိနဲ့ ခွဲခြားဖို့ လိုအပ်ပါတယ်။ သူများတွေ အော်တာနောက်ကို မျက်စိမှိတ် လိုက်မလုပ်ဘဲ ကိုယ်တိုင် သေချာလေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။ #fomo #knowledge #cryptos #FUD
FOMO နဲ့ FUD ဆိုတာ ဘာလဲ
Crypto က ရောက်လာပြီဆိုရင် နည်းပညာစကားလုံးတွေအပြင် စိတ်ခံစားချက်ကို ဖော်ပြတဲ့ FOMO နဲ့ FUD ဆိုတဲ့ စကားလုံးနှစ်ခုကို အမြဲကြားနေရမှာပါ။ ဒီစကားလုံးနှစ်ခုဟာ Crypto စျေးကွက်ရဲ့ အတက်အကျကို မောင်းနှင်နေတဲ့ အဓိက "စိတ်ပညာလက်နက်" တွေလို့တောင် ပြောလို့ရပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် FOMO ဆိုတာကတော့ လောဘကြောင့်ဖြစ်လာတဲ့ "အခွင့်အရေးကိုလက်လွတ်သွားမှာ ကြောက်တဲ့စိတ်" ဖြစ်ပြီး၊ FUD ကတော့ ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ "ယုံကြည်မှု ပျောက်ဆုံးခြင်း" ပဲ ဖြစ်ပါတယ်။
FOMO (Fear Of Missing Out)
Coin or Token တစ်ခုခု စျေးတွေ အရမ်းတက်နေပြီဆိုရင် "ငါတော့ နောက်ကျကျန်ခဲ့ပြီ၊ အခုချက်ချင်းဝင်မဝယ်ရင် ချမ်းသာမယ့်အခွင့်အရေး ဆုံးရှုံးတော့မယ်" ဆိုတဲ့ စိတ်နဲ့ အလုအယက် လိုက်ဝယ်တာကို FOMO ဝင်တယ်လို့ ခေါ်ပါတယ်။
ဥပမာ - Meme coin တစ်ခုက တစ်ရက်တည်းနဲ့ ၁၀ ဆလောက် တက်သွားတာကို မြင်တဲ့အခါ လူတွေဟာ ဘာမှမစဉ်းစားတော့ဘဲ အမြင့်စျေးမှာ လိုက်ဝယ်မိတတ်ကြပါတယ်။ ဒီလို FOMO စိတ်ကြောင့် အမြင့်စျေးမှာ ဝယ်မိပြီး၊ စျေးပြန်ကျတဲ့အခါ အကြီးအကျယ် ရှုံးနိမ့်သွားတာမျိုးတွေ Crypto လောကမှာ ခဏခဏ တွေ့ရတတ်ပါတယ်။
FUD (Fear, Uncertainty, and Doubt)
ဒါကတော့ FOMO ရဲ့ ဆန့်ကျင်ဘက်ပါပဲ။ စျေးကွက်ထဲမှာ "Bitcoin ကို ဆရာကြီးတွေ ထုတ်ရောင်းတော့မယ်"၊ "Exchange တစ်ခုကတော့ ဒေဝါလီခံတော့မယ်" ဆိုတဲ့ သတင်းအမှားတွေ၊ ကောလာဟလတွေ ထွက်လာတဲ့အခါ လူတွေဟာ ကြောက်ရွံ့ပြီး ကိုယ့်ဆီမှာရှိတဲ့ Coin တွေကို အလုအယက် ပြန်ရောင်းချကြတာကို ဆိုလိုတာပါ။ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးပြီး စျေးနှုန်းတွေ ထိုးကျသွားအောင် လုပ်ဆောင်တဲ့ နည်းဗျူဟာတစ်ခုလည်း ဖြစ်ပါတယ်။
ဒါဆိုရင် ဒီစိတ်ခံစားချက်တွေက ကျနော်တို့လို ရင်းနှီးမြှုပ်နှံသူတွေအတွက် ဘာကြောင့် အရေးပါနေရတာလဲ။
အဓိက အချက်ကတော့ Crypto စျေးကွက်ကြီးဟာ တခြားဈေးကွက်တွေထက် စိတ်ခံစားချက်အပေါ် ပိုပြီး မူတည်နေလို့ပါပဲ။ ဝေလငါး (Whales) လို့ခေါ်တဲ့ အင်အားကြီး ရင်းနှီးမြှုပ်နှံသူတွေဟာ FOMO နဲ့ FUD ကို အသုံးချပြီး စျေးကွက်ကို လှည့်စားတတ်ကြပါတယ်။ လူတွေ FOMO တက်ပြီး အလုအယက် ဝယ်နေချိန်မှာ သူတို့က စျေးအမြင့်နဲ့ ပြန်ရောင်းထုတ်လိုက်သလို၊ လူတွေ FUD ဖြစ်ပြီး ကြောက်လန့်တကြား ရောင်းထုတ်နေချိန်မှာတော့ သူတို့က စျေးပေါပေါနဲ့ ဝယ်ယူပြီး အမြတ်ထုတ်တတ်ကြပါတယ်။ ဒါကြောင့် FOMO နဲ့ FUD ရဲ့ သားကောင်ဖြစ်သွားရင် ကိုယ့်ရဲ့ အရင်းအနှီးတွေ ဆုံးရှုံးဖို့ သေချာသလောက် ရှိနေပါတယ်။
FOMO နဲ့ FUD ဆိုတာ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ရဲ့ "ဦးနှောက်နဲ့ နှလုံးသား" အားပြိုင်နေတာပါ။ FOMO က ကိုယ့်ကို လောဘနောက် လိုက်ခိုင်းပြီး FUD ကတော့ ကိုယ့်ကို ကြောက်စိတ်နောက် လိုက်ခိုင်းပါတယ်။ ဒီနှစ်ခုစလုံးဟာ အချက်အလက် (Data) အပေါ်မှာ မူတည်တာမဟုတ်ဘဲ စိတ်ခံစားချက်အပေါ်မှာပဲ မူတည်နေတာပါ။ ဒါကြောင့် အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက် ဖြစ်ချင်ရင် ဒီစိတ်လှုပ်ရှားမှု မုန်တိုင်းတွေကြားမှာ သွေးအေးအေးနဲ့ အချက်အလက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် Crypto ထဲမှာ ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် စျေးနှုန်းတွေ တက်တာ၊ ကျတာကိုပဲ ကြည့်ပြီး အရူးချီးပန်းလိုက်လုပ်နေလို့မရပါဘူး။ ကိုယ်ကြားနေရတဲ့ သတင်းတွေက တကယ်ပဲလား၊ လူတွေကို FOMO တက်အောင် ဒါမှမဟုတ် FUD ဖြစ်အောင် လုပ်နေတဲ့ ကောလာဟလတွေလား ဆိုတာကို သတိနဲ့ ခွဲခြားဖို့ လိုအပ်ပါတယ်။ သူများတွေ အော်တာနောက်ကို မျက်စိမှိတ် လိုက်မလုပ်ဘဲ ကိုယ်တိုင် သေချာလေ့လာဆန်းစစ်ပြီးမှ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။
#fomo #knowledge #cryptos
#FUD
ZawZawAungMM
--
investment လုပ်ပြီး ပစ်ထားမှာလား cashflow ကိုရှာပြီး အမြတ်ရအောင်လုပ်မှာလား"Crypto, Stock ကောင်းတာလေး ရှာဝယ်၊ ပစ်ထား၊ ပြီးရင် ဈေးတက်ပါစေလို့ ဆုတောင်း..." ဒါကို Investment လို့ သင်ထင်နေသလား? တကယ်တော့ ဒါဟာ "Hope Strategy" လို့ခေါ်တဲ့ လောင်းကစား သက်သက်ပါပဲ။ တော်တော်များများက ဒီအမှားကြားထဲမှာ တစ်သက်လုံး ပိတ်မိနေကြတယ်။ လစဉ်ပုံမှန် ငွေထည့်၊ Advisor တွေ ညွှန်တာတွေဝယ်၊ နှစ်ပေါင်းများစွာ စောင့်... နောက်ဆုံးကျတော့ မိတ်ဆွေတို့လက်ထဲ ဘာကျန်လဲ? "လွတ်လပ်မှု" လည်း မရ၊ "လုံခြုံမှု" လည်း မရှိပါဘူး။ သူဌေးတွေရဲ့ "Game Plan" က ထူးခြားတယ်။ သူတို့က ရှယ်ယာပဲဝယ်ဝယ်၊ အိမ်ခြံမြေပဲဝယ်ဝယ် "တစ်ချိန်ကျရင် ဈေးတက်လာမလား" ဆိုတာထက် ပိုအရေးကြီးတာကို မေးလေ့ရှိတယ်။ အဲဒါကတော့... "ဒီရင်းနှီးမြှုပ်နှံမှုက ငါ့အိတ်ထဲကို အခုချက်ချင်း ငွေဝင်စေမှာလား? (Cash Flow ရမှာလား?)" ဆိုတာပါပဲ။ ၉၀% သော Investor တွေကတော့ Hype ဖြစ်တာတွေ့ရင် လိုက်ဝယ်၊ ဈေးတက်ရင်ပျော်၊ ဈေးကျရင် ကြောက်ပြီး အကုန်ထုတ်ရောင်းကြတယ်။ ဒါက ချမ်းသာလာတာ မဟုတ်ဘဲ "စိုးရိမ်ပူပန်မှု" တွေကို ဝယ်နေတာပါ။ ၂၀၀၈ တုန်းက "Buy & Hold" သမားတွေဟာ သူတို့ပိုင်ဆိုင်မှု ၅၀% နီးပါး ပျောက်ကွယ်သွားတာကို ငေးကြည့်ခဲ့ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။ "ဝယ်ပြီးရင် မေ့ထားလိုက်" ဆိုတာ အန္တရာယ်အရှိဆုံးစကားပါ။ ဒါဟာ ငွေကြေးအကြံပေးတွေက မိတ်ဆွေတို့ကို ရောင်းစားနေတဲ့ Product တစ်ခုပါ။ မိတ်ဆွေ မြတ်မြတ် ရှုံးရှုံး သူတို့ကတော့ Fee ယူပြီး အိတ်ဖောင်းနေမှာပဲ။ မိတ်ဆွေက စမ်းတဝါးဝါးနဲ့ အန္တရာယ်ကြား လျှောက်နေချိန်မှာ သူတို့ကတော့ အေးဆေးပါပဲ။ အဲ့ဒီတော့ "Cash Flow" ကို ဘယ်လိုရအောင်လုပ်မလဲ? "Hope" (မျှော်လင့်ချက်) ကို အားမကိုးဘဲ လက်တွေ့ကျတဲ့ "Cash Flow" စက်ရုံကို ဒီလိုတည်ဆောက်ရပါမယ်။ ၁။ Dividend Investing (အမြတ်ဝေစု) Stock တစ်ခုရဲ့ ဈေးတက်တာကိုပဲ ထိုင်ကြည့်မနေပါနဲ့။ ကုမ္ပဏီကနေ အမြတ်ဝေစု (Dividend) ပုံမှန်ခွဲပေးတဲ့ ရှယ်ယာတွေကို ရွေးချယ်ပါ။ ဈေးကွက်ပျက်ရင်တောင် သင့်အိတ်ထဲကို ငွေဝင်နေပါလိမ့်မယ်။ ၂။ Rental Assets (အငှားအိမ်ခြံမြေ) မြေကွက်ဝယ်ပြီး ဈေးတက်မှ ရောင်းဖို့ထက်၊ လစဉ် အိမ်ငှားခ (Rental Income) ပုံမှန်ရမယ့် နေရာမျိုးကို အာရုံစိုက်ပါ။ ဒါက သင့်ကို အလုပ်မလုပ်ဘဲ ဝင်ငွေရစေမယ့် အစစ်အမှန် Passive Income ပါ။ ၃။ Automated Business (လုပ်ငန်းစနစ်) ကိုယ်တိုင် ပါဝင်ပတ်သက်နေစရာမလိုဘဲ လည်ပတ်နေတဲ့ စနစ်တွေ၊ Franchise တွေမှာ ရင်းနှီးမြှုပ်နှံပါ။ ကိုယ်အိပ်နေချိန်မှာတောင် ငွေရှာပေးတဲ့ "စနစ်" ကသာ မိတ်ဆွေကို တကယ့်လွတ်လပ်မှု ပေးနိုင်တာပါ။ Capital Gain (ဈေးကွာဟချက်) ကို မျှော်လင့်တာဟာ ဈေးကွက်ရဲ့ အလိုကျကို စောင့်နေရတာပါ။ Cash Flow (ပုံမှန်ဝင်ငွေ) ကို တည်ဆောက်တာကတော့ ကိုယ့်ရဲ့ ဘဏ္ဍာရေးကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်တာ (Control) ပါပဲ။ "Hope" ကို ရင်းနှီးမလား? "Cash Flow" ကို ရှာမလား? ဆုံးဖြတ်ချက်ကတော့ ကိုယ့်လက်ထဲမှာရှိပါတယ်။ #Crypto_Jobs🎯 #InvestmentAccessibility #CashFlowWatch
investment လုပ်ပြီး ပစ်ထားမှာလား cashflow ကိုရှာပြီး အမြတ်ရအောင်လုပ်မှာလား
"Crypto, Stock ကောင်းတာလေး ရှာဝယ်၊ ပစ်ထား၊ ပြီးရင် ဈေးတက်ပါစေလို့ ဆုတောင်း..."
ဒါကို Investment လို့ သင်ထင်နေသလား? တကယ်တော့ ဒါဟာ "Hope Strategy" လို့ခေါ်တဲ့ လောင်းကစား သက်သက်ပါပဲ။
တော်တော်များများက ဒီအမှားကြားထဲမှာ တစ်သက်လုံး ပိတ်မိနေကြတယ်။
လစဉ်ပုံမှန် ငွေထည့်၊ Advisor တွေ ညွှန်တာတွေဝယ်၊ နှစ်ပေါင်းများစွာ စောင့်... နောက်ဆုံးကျတော့ မိတ်ဆွေတို့လက်ထဲ ဘာကျန်လဲ? "လွတ်လပ်မှု" လည်း မရ၊ "လုံခြုံမှု" လည်း မရှိပါဘူး။
သူဌေးတွေရဲ့ "Game Plan" က ထူးခြားတယ်။
သူတို့က ရှယ်ယာပဲဝယ်ဝယ်၊ အိမ်ခြံမြေပဲဝယ်ဝယ် "တစ်ချိန်ကျရင် ဈေးတက်လာမလား" ဆိုတာထက် ပိုအရေးကြီးတာကို မေးလေ့ရှိတယ်။ အဲဒါကတော့... "ဒီရင်းနှီးမြှုပ်နှံမှုက ငါ့အိတ်ထဲကို အခုချက်ချင်း ငွေဝင်စေမှာလား? (Cash Flow ရမှာလား?)" ဆိုတာပါပဲ။
၉၀% သော Investor တွေကတော့ Hype ဖြစ်တာတွေ့ရင် လိုက်ဝယ်၊ ဈေးတက်ရင်ပျော်၊ ဈေးကျရင် ကြောက်ပြီး အကုန်ထုတ်ရောင်းကြတယ်။ ဒါက ချမ်းသာလာတာ မဟုတ်ဘဲ "စိုးရိမ်ပူပန်မှု" တွေကို ဝယ်နေတာပါ။ ၂၀၀၈ တုန်းက "Buy & Hold" သမားတွေဟာ သူတို့ပိုင်ဆိုင်မှု ၅၀% နီးပါး ပျောက်ကွယ်သွားတာကို ငေးကြည့်ခဲ့ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ကြဘူး။
"ဝယ်ပြီးရင် မေ့ထားလိုက်" ဆိုတာ အန္တရာယ်အရှိဆုံးစကားပါ။
ဒါဟာ ငွေကြေးအကြံပေးတွေက မိတ်ဆွေတို့ကို ရောင်းစားနေတဲ့ Product တစ်ခုပါ။ မိတ်ဆွေ မြတ်မြတ် ရှုံးရှုံး သူတို့ကတော့ Fee ယူပြီး အိတ်ဖောင်းနေမှာပဲ။ မိတ်ဆွေက စမ်းတဝါးဝါးနဲ့ အန္တရာယ်ကြား လျှောက်နေချိန်မှာ သူတို့ကတော့ အေးဆေးပါပဲ။
အဲ့ဒီတော့ "Cash Flow" ကို ဘယ်လိုရအောင်လုပ်မလဲ?
"Hope" (မျှော်လင့်ချက်) ကို အားမကိုးဘဲ လက်တွေ့ကျတဲ့ "Cash Flow" စက်ရုံကို ဒီလိုတည်ဆောက်ရပါမယ်။
၁။ Dividend Investing (အမြတ်ဝေစု)
Stock တစ်ခုရဲ့ ဈေးတက်တာကိုပဲ ထိုင်ကြည့်မနေပါနဲ့။ ကုမ္ပဏီကနေ အမြတ်ဝေစု (Dividend) ပုံမှန်ခွဲပေးတဲ့ ရှယ်ယာတွေကို ရွေးချယ်ပါ။ ဈေးကွက်ပျက်ရင်တောင် သင့်အိတ်ထဲကို ငွေဝင်နေပါလိမ့်မယ်။
၂။ Rental Assets (အငှားအိမ်ခြံမြေ)
မြေကွက်ဝယ်ပြီး ဈေးတက်မှ ရောင်းဖို့ထက်၊ လစဉ် အိမ်ငှားခ (Rental Income) ပုံမှန်ရမယ့် နေရာမျိုးကို အာရုံစိုက်ပါ။ ဒါက သင့်ကို အလုပ်မလုပ်ဘဲ ဝင်ငွေရစေမယ့် အစစ်အမှန် Passive Income ပါ။
၃။ Automated Business (လုပ်ငန်းစနစ်)
ကိုယ်တိုင် ပါဝင်ပတ်သက်နေစရာမလိုဘဲ လည်ပတ်နေတဲ့ စနစ်တွေ၊ Franchise တွေမှာ ရင်းနှီးမြှုပ်နှံပါ။ ကိုယ်အိပ်နေချိန်မှာတောင် ငွေရှာပေးတဲ့ "စနစ်" ကသာ မိတ်ဆွေကို တကယ့်လွတ်လပ်မှု ပေးနိုင်တာပါ။
Capital Gain (ဈေးကွာဟချက်) ကို မျှော်လင့်တာဟာ ဈေးကွက်ရဲ့ အလိုကျကို စောင့်နေရတာပါ။
Cash Flow (ပုံမှန်ဝင်ငွေ) ကို တည်ဆောက်တာကတော့ ကိုယ့်ရဲ့ ဘဏ္ဍာရေးကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်တာ (Control) ပါပဲ။
"Hope" ကို ရင်းနှီးမလား? "Cash Flow" ကို ရှာမလား?
ဆုံးဖြတ်ချက်ကတော့ ကိုယ့်လက်ထဲမှာရှိပါတယ်။
#Crypto_Jobs🎯
#InvestmentAccessibility
#CashFlowWatch
ZawZawAungMM
--
Crypto လောကရဲ့ တံခါးပေါက် Crypto လောကထဲကို အသစ်ဝင်လာတဲ့ Project တွေက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာကြတဲ့အခါ အသုံးအများဆုံး နည်းလမ်း (၃) ခုကတော့ ICO, IEO နဲ့ IDO တို့ပဲ ဖြစ်ပါတယ်။ . ICO (Initial Coin Offering) ICO ဆိုတာကတော့ Crypto နယ်ပယ်မှာ ရှေးအကျဆုံး ရန်ပုံငွေရှာတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုက သူတို့ရဲ့ Token တွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ တိုက်ရိုက်ရောင်းချတာ ဖြစ်ပါတယ်။ Project ပိုင်ရှင်တွေက သူတို့ရဲ့ Website ကနေတစ်ဆင့် Token တွေကို ရောင်းတာဖြစ်လို့ Project အဖွဲ့ဝင်တွေအတွက်တော့ စရိတ်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ကြားခံစစ်ဆေးမဲ့သူမရှိလို့ Scam ခံရနိုင်ချေလည်းရှိပါတယ်။ . IEO (Initial Exchange Offering) IEO ကတော့ နာမည်ကြီး Exchange တွေပေါ်မှာ Token တွေကို ရောင်းချတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုကို သေချာစစ်ဆေးပြီးမှ သူတို့ရဲ့ Exchange ပေါ်မှာ ရောင်းခွင့်ပေးတာမျိုးပါ။ Exchange ဘက်ကစစ်ဆေးပေးတာဖြစ်လို့ ယုံကြည်စိတ်ချရတာမျိုးရှိပေမဲ့ Project ဘက်ကတော့ ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။ . IDO (Initial DEX Offering) IDO ကတော့ Decentralized Exchange (DEX) တွေပေါ်မှာ Token တွေကို ရောင်းချတာပါ။ Liquidity Pool တွေကို သုံးပြီး Token တွေကို ချက်ချင်း အရောင်းအဝယ်လုပ်နိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ လူတိုင်း လွတ်လပ်စွာပါဝင်နိုင်လို့ ငွေဖော်ရ လွယ်ကူပေမဲ့ ဈေးနှုန်းအတက်အကျ မြန်တာမျိုးတော့ ကြုံရနိုင်ပါတယ်။ . ICO, IEO နဲ့ IDO ဆိုတာ Crypto လောကရဲ့ တံခါးပေါက်တွေပါပဲ။ နည်းလမ်း ၃ ခုလုံးမှာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိတာကြောင့် ကိုယ်က ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ ကိုက်ညီလဲဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့တော့ လိုပါတယ်။ ကြီးမားတဲ့ အကျိုးအမြတ်တွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ စွန့်စားရမှုတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ် Project မှာပဲ ရင်းနှီးမြှုပ်နှံပါစေ (DYOR - Do Your Own Research) လုပ်ပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ #cryptouniverseofficial #cryptojobwindow
Crypto လောကရဲ့ တံခါးပေါက်
Crypto လောကထဲကို အသစ်ဝင်လာတဲ့ Project တွေက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်နိုင်ဖို့အတွက် ရန်ပုံငွေရှာကြတဲ့အခါ အသုံးအများဆုံး နည်းလမ်း (၃) ခုကတော့ ICO, IEO နဲ့ IDO တို့ပဲ ဖြစ်ပါတယ်။
.
ICO (Initial Coin Offering)
ICO ဆိုတာကတော့ Crypto နယ်ပယ်မှာ ရှေးအကျဆုံး ရန်ပုံငွေရှာတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုက သူတို့ရဲ့ Token တွေကို ရင်းနှီးမြှုပ်နှံသူတွေဆီ တိုက်ရိုက်ရောင်းချတာ ဖြစ်ပါတယ်။ Project ပိုင်ရှင်တွေက သူတို့ရဲ့ Website ကနေတစ်ဆင့် Token တွေကို ရောင်းတာဖြစ်လို့ Project အဖွဲ့ဝင်တွေအတွက်တော့ စရိတ်သက်သာနိုင်ပါတယ်။ ဒါပေမဲ့ ကြားခံစစ်ဆေးမဲ့သူမရှိလို့ Scam ခံရနိုင်ချေလည်းရှိပါတယ်။
.
IEO (Initial Exchange Offering)
IEO ကတော့ နာမည်ကြီး Exchange တွေပေါ်မှာ Token တွေကို ရောင်းချတဲ့ နည်းလမ်းဖြစ်ပြီး Project တစ်ခုကို သေချာစစ်ဆေးပြီးမှ သူတို့ရဲ့ Exchange ပေါ်မှာ ရောင်းခွင့်ပေးတာမျိုးပါ။ Exchange ဘက်ကစစ်ဆေးပေးတာဖြစ်လို့ ယုံကြည်စိတ်ချရတာမျိုးရှိပေမဲ့ Project ဘက်ကတော့ ကုန်ကျစရိတ်ပိုများနိုင်ပါတယ်။
.
IDO (Initial DEX Offering)
IDO ကတော့ Decentralized Exchange (DEX) တွေပေါ်မှာ Token တွေကို ရောင်းချတာပါ။ Liquidity Pool တွေကို သုံးပြီး Token တွေကို ချက်ချင်း အရောင်းအဝယ်လုပ်နိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ လူတိုင်း လွတ်လပ်စွာပါဝင်နိုင်လို့ ငွေဖော်ရ လွယ်ကူပေမဲ့ ဈေးနှုန်းအတက်အကျ မြန်တာမျိုးတော့ ကြုံရနိုင်ပါတယ်။
.
ICO, IEO နဲ့ IDO ဆိုတာ Crypto လောကရဲ့ တံခါးပေါက်တွေပါပဲ။ နည်းလမ်း ၃ ခုလုံးမှာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ရှိတာကြောင့် ကိုယ်က ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးနဲ့ ကိုက်ညီလဲဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့တော့ လိုပါတယ်။ ကြီးမားတဲ့ အကျိုးအမြတ်တွေရဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ စွန့်စားရမှုတွေလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဘယ် Project မှာပဲ ရင်းနှီးမြှုပ်နှံပါစေ (DYOR - Do Your Own Research) လုပ်ပြီး ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကိုကာကွယ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။
#cryptouniverseofficial
#cryptojobwindow
ZawZawAungMM
--
ရေကိုလိုအပ်တဲ့နေရာကနေ မသွယ်နိုင်မသွင်းနိုင်ရင် လယ်သမားကောင်းမဟုတ် မြှားကိုဖြောင့်အောင်တောင်မပစ်နိုင်ရင် လေးသမားကောင်းမဖြစ်နိုင် အဲ့လိုပဲ စိတ်ကိုမှမထိန်းနိုင်ရင် Trader ကောင်းတစ်ရောက်မဖြစ်နိုင်ပါဘူး #cryptouniverseofficial #trader
ရေကိုလိုအပ်တဲ့နေရာကနေ မသွယ်နိုင်မသွင်းနိုင်ရင် လယ်သမားကောင်းမဟုတ်
မြှားကိုဖြောင့်အောင်တောင်မပစ်နိုင်ရင် လေးသမားကောင်းမဖြစ်နိုင်
အဲ့လိုပဲ စိတ်ကိုမှမထိန်းနိုင်ရင် Trader ကောင်းတစ်ရောက်မဖြစ်နိုင်ပါဘူး
#cryptouniverseofficial
#trader
ZawZawAungMM
--
Trust Wallet (Browser Extension) Update ကြောင့် ဒေါ်လာ ၇-သန်း ဆုံးရှုံးမှု ခရစ္စမတ်အလွန် ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ Crypto လောကသားတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။ ဒါကတော့ နာမည်ကြီး Trust Wallet ရဲ့ Chrome Extension ကို အသုံးပြုနေသူတွေဆီကနေ ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိတဲ့ Crypto တွေ ခိုးယူခံလိုက်ရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ထူးခြားတာက အသုံးပြုသူတွေဟာ Phishing Link တွေ နှိပ်မိလို့ မဟုတ်ဘဲ Trust Wallet ရဲ့ ဆော့ဖ်ဝဲလ် ဗားရှင်း ၂.၆၈ (v2.68) ကြောင့်ဖြစ်ပြီး ဒီဗားရှင်းကို Update လုပ်မိတဲ့သူတွေသာ ခံလိုက်ရတာပါ။ Trust Wallet ဘက်က ပြောကြားချက်အရတော့”အဲဒီဗားရှင်း(v2.67)ထဲမှာ ပါသွားတဲ့ ကုဒ်တစ်ခုက အသုံးပြုသူတွေရဲ့ လျှို့ဝှက်စကားလုံး ၁၂ လုံး (Seed Phrase) ကို ရိုက်ထည့်လိုက်တာနဲ့ အဲဒီစကားလုံးတွေကို ဟက်ကာတွေဆီ ပေးပို့လိုက်သလိုဖြစ်သွားစေတယ်” လို့ ဆိုပါတယ်။ အခုလောလောဆယ်မှာတော့ Bitcoin၊ Ethereum နဲ့ Solana ကိုင်ဆောင်ထားတဲ့ ကွန်ပျူတာ Extension အသုံးပြုသူတွေ အဓိက ထိခိုက်ခဲ့ပြီး ဖုန်းထဲကနေ Application သုံးစွဲသူတွေကတော့ လက်ရှိအချိန်ထိ ဘေးကင်းနေသေးတယ်လို့ သတင်းတွေအရ သိရပါတယ်။ အသုံးပြုသူအမှား (User Fault) ကြောင့် မဟုတ်ပဲ ဆုံးရှုံးသွားရတဲ့အပေါ် “Binance တည်ထောင်သူ CZ ကလည်း အသုံးပြုသူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ကုမ္ပဏီဘက်က တာဝန်ယူပေးသွားမှာဖြစ်ပြီး "User funds are SAFU" လို့ X ကနေတဆင့် ပြောကြားထားပါတယ်။ တကယ်လို့ ဒီစာဖတ်နေသူဟာ Trust Wallet Chrome Extension ကို သုံးနေသူဆိုရင်တော့ သင့်ရဲ့ ဗားရှင်းကို ချက်ချင်း စစ်ဆေးဖို့ လိုအပ်ပါတယ်။တကယ်လို့ v2.68 ဖြစ်နေရင်တော့ ချက်ချင်း ပိတ်ထားပြီး အမှားပြင်ဆင်ပြီးသားဖြစ်တဲ့ ဗားရှင်း ၂.၆၉ (v2.69) ကို အမြန်ဆုံး Update လုပ်ပါ။ v2.68 ထဲမှာ Seed Phrase ရိုက်ထည့်ခဲ့မိတယ်ဆိုရင်တော့ သင့် Wallet ဟာ မလုံခြုံတော့တာမို့ ကိုဘ့်ရဲ့ ပိုင်ဆိုင်မှုတွေပို Wallet အသစ်တစ်ခုဆီ အမြန်ဆုံး ရွှေ့လိုက်တာက အကောင်းဆုံးပါပဲ။ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ ရလိုက်တဲ့ သင်ခန်းစာကတော့ Browser ပေါ်က Wallet တွေဟာ ဘယ်လောက်ပဲ နာမည်ကြီးပါစေ၊ Update တစ်ခုတည်းနဲ့တင် အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။ဒါကြောင့် ပမာဏများပြားတဲ့ Crypto တွေကို သိမ်းဆည်းဖို့အတွက်ဆိုရင် အင်တာနက်နဲ့ အမြဲမချိတ်ဆက်ထားတဲ့ Hardware Wallet တွေကို သုံးစွဲသင့်တဲ့အကြောင်း သတိပေးလိုက်ပါရစေ။ #TrustWallet #browser #extension #WalletHack #CryptoNews #zawzawaungmm
Trust Wallet (Browser Extension) Update ကြောင့် ဒေါ်လာ ၇-သန်း ဆုံးရှုံးမှု
ခရစ္စမတ်အလွန် ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ Crypto လောကသားတွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
ဒါကတော့ နာမည်ကြီး Trust Wallet ရဲ့ Chrome Extension ကို အသုံးပြုနေသူတွေဆီကနေ ဒေါ်လာ ၇ သန်းကျော် တန်ဖိုးရှိတဲ့ Crypto တွေ ခိုးယူခံလိုက်ရတဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်မှာ ထူးခြားတာက အသုံးပြုသူတွေဟာ Phishing Link တွေ နှိပ်မိလို့ မဟုတ်ဘဲ Trust Wallet ရဲ့ ဆော့ဖ်ဝဲလ် ဗားရှင်း ၂.၆၈ (v2.68) ကြောင့်ဖြစ်ပြီး ဒီဗားရှင်းကို Update လုပ်မိတဲ့သူတွေသာ ခံလိုက်ရတာပါ။
Trust Wallet ဘက်က ပြောကြားချက်အရတော့”အဲဒီဗားရှင်း(v2.67)ထဲမှာ ပါသွားတဲ့ ကုဒ်တစ်ခုက အသုံးပြုသူတွေရဲ့ လျှို့ဝှက်စကားလုံး ၁၂ လုံး (Seed Phrase) ကို ရိုက်ထည့်လိုက်တာနဲ့ အဲဒီစကားလုံးတွေကို ဟက်ကာတွေဆီ ပေးပို့လိုက်သလိုဖြစ်သွားစေတယ်” လို့ ဆိုပါတယ်။
အခုလောလောဆယ်မှာတော့ Bitcoin၊ Ethereum နဲ့ Solana ကိုင်ဆောင်ထားတဲ့ ကွန်ပျူတာ Extension အသုံးပြုသူတွေ အဓိက ထိခိုက်ခဲ့ပြီး ဖုန်းထဲကနေ Application သုံးစွဲသူတွေကတော့ လက်ရှိအချိန်ထိ ဘေးကင်းနေသေးတယ်လို့ သတင်းတွေအရ သိရပါတယ်။
အသုံးပြုသူအမှား (User Fault) ကြောင့် မဟုတ်ပဲ ဆုံးရှုံးသွားရတဲ့အပေါ် “Binance တည်ထောင်သူ CZ ကလည်း အသုံးပြုသူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ကုမ္ပဏီဘက်က တာဝန်ယူပေးသွားမှာဖြစ်ပြီး "User funds are SAFU" လို့ X ကနေတဆင့် ပြောကြားထားပါတယ်။
တကယ်လို့ ဒီစာဖတ်နေသူဟာ Trust Wallet Chrome Extension ကို သုံးနေသူဆိုရင်တော့ သင့်ရဲ့ ဗားရှင်းကို ချက်ချင်း စစ်ဆေးဖို့ လိုအပ်ပါတယ်။တကယ်လို့ v2.68 ဖြစ်နေရင်တော့ ချက်ချင်း ပိတ်ထားပြီး အမှားပြင်ဆင်ပြီးသားဖြစ်တဲ့ ဗားရှင်း ၂.၆၉ (v2.69) ကို အမြန်ဆုံး Update လုပ်ပါ။
v2.68 ထဲမှာ Seed Phrase ရိုက်ထည့်ခဲ့မိတယ်ဆိုရင်တော့ သင့် Wallet ဟာ မလုံခြုံတော့တာမို့ ကိုဘ့်ရဲ့ ပိုင်ဆိုင်မှုတွေပို Wallet အသစ်တစ်ခုဆီ အမြန်ဆုံး ရွှေ့လိုက်တာက အကောင်းဆုံးပါပဲ။
ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ ရလိုက်တဲ့ သင်ခန်းစာကတော့ Browser ပေါ်က Wallet တွေဟာ ဘယ်လောက်ပဲ နာမည်ကြီးပါစေ၊ Update တစ်ခုတည်းနဲ့တင် အန္တရာယ်ရှိနိုင်တယ်ဆိုတာပါပဲ။ဒါကြောင့် ပမာဏများပြားတဲ့ Crypto တွေကို သိမ်းဆည်းဖို့အတွက်ဆိုရင် အင်တာနက်နဲ့ အမြဲမချိတ်ဆက်ထားတဲ့ Hardware Wallet တွေကို သုံးစွဲသင့်တဲ့အကြောင်း သတိပေးလိုက်ပါရစေ။
#TrustWallet #browser #extension #WalletHack #CryptoNews
#zawzawaungmm
ZawZawAungMM
--
ရွှေသမားတွေ ရွှေဖြစ်နေပေမယ့် ဒီဘက်က Crypto ရပ်ကွက်ကတော့ ရေနစ်နေပြီ #BTCVSGOLD #WriteToEarnUpgrade #meme
ရွှေသမားတွေ ရွှေဖြစ်နေပေမယ့်
ဒီဘက်က Crypto ရပ်ကွက်ကတော့ ရေနစ်နေပြီ
#BTCVSGOLD
#WriteToEarnUpgrade
#meme
ZawZawAungMM
--
တက်ရိပ်ရှိသည်
ရွှေဈေးနှုန်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်သစ် ဒေါ်လာ ၄,၅၀၀ ကို ရောက်ရှိ #GOLD #AllTimeHigh.
ရွှေဈေးနှုန်းဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်သစ် ဒေါ်လာ ၄,၅၀၀ ကို ရောက်ရှိ
#GOLD
#AllTimeHigh.
နောက်ထပ်အကြောင်းအရာများကို စူးစမ်းလေ့လာရန် အကောင့်ဝင်ပါ
အကောင့်ဝင်မည်
နောက်ဆုံးရ ခရစ်တိုသတင်းများကို စူးစမ်းလေ့လာပါ
⚡️ ခရစ်တိုဆိုင်ရာ နောက်ဆုံးပေါ် ဆွေးနွေးမှုများတွင် ပါဝင်ပါ
💬 သင်အနှစ်သက်ဆုံး ဖန်တီးသူများနှင့် အပြန်အလှန် ဆက်သွယ်ပါ
👍 သင့်ကို စိတ်ဝင်စားစေမည့် အကြောင်းအရာများကို ဖတ်ရှုလိုက်ပါ
အီးမေးလ် / ဖုန်းနံပါတ်
အကောင့်ဖွင့်မည်
အကောင့်ဝင်မည်
ရေပန်းစားနေသော ခေါင်းစဉ်များ
ZTCBinanceTGE
671,867 views
7,241 Discussing
😱🚨Big Surprise from Binance! New Pre-Sale Altcoin Coming – Date Announced🚀🚀 #Binance Wallet Causes a Stir! New Altcoin #ZTC Enters the Crypto Scene A new altcoin is going on pre-sale as part of the 44th Token Generation Event (TGE)! 🟡 Project: Zen Chain 🟡 Token: $ZTC 📢 Binance Wallet has officially announced a special pre-sale (TGE) event for ZTC, the native token of Zen Chain. Users will have the opportunity to purchase ZTC tokens early using Binance Alpha Points during this event. 🗓 Date: January 7, 2026 ⏰ Time: 08:00 – 10:00 (UTC) 📍 Location: Binance Wallet – Events Section 📊 TGE Details: • A total of 420,000,000 ZTC is allocated for current campaigns and events. • Participation can only be done with Binance Alpha Points. • The required Alpha Point score will be announced shortly before the event. • The token market will be based on the amount of points used (proportional). 📲 How to Participate? Log in to the Binance Wallet app ➝ Open the Events section ➝ Follow the steps on the ZTC TGE pages. 👉The event is expected to become active very soon. 🔍What is ZTC? What Does Zen Chain Offer? Zen Chain is a next-generation blockchain project featuring Binance Wallet + PancakeSwap. ⚡ Scalable infrastructure ⚡ User-friendly structure ⚡ Network optimized for dApps 💠 ZTC token will be used in the Zen Chain ecosystem in the following areas: • Transaction fees • Ecosystem Incentives • Governance (administration) 👀 Those who follow Binance Wallet TGEs in detail know… Early participation can be news of great opportunities! ⚠️This content is not investment advice. $BNB #ZTCBinanceTGE #BinanceHODLerBREV #CPIWatch
Crypto Ahmet
နှစ်သက်မှု 15 ခု
2.5k views
币安HODLer空投BREV
302,795 views
1,144 Discussing
BinanceHODLerBREV
2.2M views
20,027 Discussing
ပိုမို ကြည့်ရှုရန်
နောက်ဆုံးရ သတင်း
Trader Closes SOL Short Position with Profit
--
Ripple Maintains Private Status, Focuses on Growth Through Acquisitions
--
Whale Resumes Shorting ZEC with Leveraged Position
--
Ripple's GTreasury Expands with Solvexia Acquisition
--
Significant Leveraged Positions in ETH and HYPE Observed
--
ပိုမို ကြည့်ရှုရန်
ဆိုဒ်မြေပုံ
နှစ်သက်ရာ Cookie ဆက်တင်များ
ပလက်ဖောင်း စည်းမျဉ်းစည်းကမ်းများ