🇨🇳CZ _ Coinbase နဲ့ ထရမ့် USD1🇺🇸
ဘိုင်နန့်စ် (Binance) အတွက် တည်ထောင်သူဟောင်း စီအီးအို ချန်ပီယန် "CZ" ကျော်က Coinbase ဟာ Bloomberg သတင်းဌာနရဲ့ "အမည်မဖော်လိုသော အရင်းအမြစ်" ဖြစ်တယ်ဆိုတဲ့ အဆိုကို ပြန်လည်မျှဝေလိုက်ပါတယ်။
ဒီသတင်းက သမ္မတ
ဒေါ်နယ်ထရမ့် နဲ့ဆိုင်တဲ့
World Liberty Financial ရဲ့
Cryptocurrency စီမံကိန်းနဲ့
ဘိုင်နန့်စ်ကို ပစ်မှတ်ထားခဲ့ပါတယ်။
#Coinbase အပေါ် စွပ်စွဲချက်
Matt Wallaceဆိုတဲ့ Cryptocurrency ဝေဖန်သူတစ်ဦးက တနင်္ဂနွေနေ့ (ဇူလိုင် ၁၄) တွင် X (တွစ်တာ) ပေါ်မှာ အောက်ပါအတိုင်း စွပ်စွဲခဲ့ပါတယ်:
- Coinbase အမှုဆောင်တွေဟာ
CZ ကို သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် (pardon) ပေးပြီး ဘိုင်နန့်စ် အမေရိကဈေးကွက်ပြန်ဝင်လာမှာကို ကြောက်နေတယ်။
- ဘိုင်နန့်စ် ပြန်လာရင် Coinbase ရဲ့ ဈေးကွက်ဝေစုကို ကြီးကြီးမားမား ထိခိုက်နိုင်တယ်
("ဘိုင်နန့်စ်ဟာ ကမ္ဘာ့အကြီးဆုံး Cryptocurrency လဲလှယ်ရေးဌာနဖြစ်တယ်" လို့ Wallace ကဆို)။
- Coinbase ဟာ ပြိုင်ဘက်တွေကို အားနည်းအောင်လုပ်ဖို့ သမ္မတထရမ့်ကိုတောင် ပစ်မှတ်ထားခဲ့တယ်။
ဒါဟာ "အမေရိကန်နိုင်ငံကို ဆန့်ကျင်တဲ့လုပ်ရပ် (anti-American)" ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
CZ က ဒီတွစ်ကို အတည်မပြု/မငြင်းပယ်ဘဲ ပြန်လည်မျှဝေခဲ့ပါတယ်။
Coinbase နဲ့ Binance နှစ်ခုစလုံးကို ထုတ်ဖော်ပြောဆိုဖို့ မေးမြန်းထားပေမယ့် ဖြေကြားချက်မရသေးပါဘူး။
---
#Bloomberg သတင်း အဓိကအချက်များ အရ:
- ဘိုင်နန့်စ် ဟာ ထရမ့် နဲ့ဆက်စပ်နေတဲ့ World Liberty Financial
က ထုတ်ဝေတဲ့ USD1 stablecoin အတွက် စမတ်ကွန်ထရက် (smart contract)ကို ဖန်တီးပေးခဲ့တယ်။
- USD1 stablecoin ကို ယူအေအီး ရန်ပုံငွေတစ်ခု ဘိုင်နန့်စ်ကုမ္ပဏီထဲ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းမှာ သုံးပြီးချိန်မှာ
CZ က သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် (💢)
တောင်းခံခဲ့တယ်။
- USD1 token တွေရဲ့ ၉၀% ကျော် ဟာ ဘိုင်နန့်စ် ပိုက်ဆံအိတ် (wallet)တွေထဲမှာ ရှိနေပြီး၊
၎င်းကနေ နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ အတိုးဝင်ငွေ ရနိုင်တယ်။
---
CZ ၏ တုံ့ပြန်ချက်နှင့် အခြားသတင်းများ
- တနင်္ဂနွေနေ့မှာ CZ က Bloomberg သတင်းကို "ပြိုင်ဘက်တစ်ဦးကငှားရမ်းထားတဲ့ ဝေဖန်ရေးသတင်း (sponsored hit piece)" လို့ စွပ်စွဲခဲ့ပြီး "အမှားတွေအများကြီးပါတယ်" လို့ဆိုကာ"သူတို့ကို စွပ်စွဲပြောဆိုဖို့ (defamation lawsuit) စဉ်းစားနေတယ်" လို့ပြောခဲ့ပါတယ်။
- CZ ဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန် အစိုးရနဲ့သဘောတူညီမှုတစ်ခုအရ ပြစ်မှုတစ်ခုကို ဝန်ခံခဲ့ပြီး ထောင်ဒဏ် ၄ လကျခံခဲ့ရပါတယ်။
- ၂၀၂၅ မေလ မှာ CZ က ထရမ့်ထံမှ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနေကြောင်း ဖော်ပြခဲ့ပါတယ်။
အကယ်၍ လွတ်ငြိမ်းချမ်းသာခွင့်ရရင် သူဟာ အမေရိကန်မှာ Cryptocurrence လုပ်ငန်းတွေကို ပြန်လည်စီမံခန့်ခွဲခွင့် ရှိလာနိုင်ပါတယ်။
---
#CZ ၏ လက်ရှိလုပ်ဆောင်မှုများ
-ဧပြီ ၄ ရက်: ကာဂျစ္စတန်နိုင်ငံနဲ့ Blockchain နည်းဥပဒေ ဆိုင်ရာ အကြံပေးဖို့ သဘောတူညီချက် (MOU) လက်မှတ်ရေးထိုးခဲ့ပါတယ်။
-ဧပြီ ၇ ရက်: ပါကစ္စတန်နိုင်ငံရဲ့ Crypto Council (Cryptocurrency နည်းဥပဒေများ ရေးဆွဲဖို့ အဖွဲ့အစည်း) မှာ အကြံပေးအဖွဲ့ဝင် အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
---
Credit: Cointelegraph