ွပိုက်ဆံရှာဖို့အတွက် ဘယ်လိုရှာမလဲပေါ့..

ပိုက်ဆံရှာနည်းအများကြီးထဲမှာမှ ကျွန်တော်ကတော့ စီးပွားရေးသမားဆန်ဆန် / အလုပ်ရှင်တစ်ယောက်ဆန်ဆန်ပြောသွားမယ်

အပြင်လောက

ကုန်စည်တစ်ခုကို ဝယ်ယူရာမှာ ၁၀ ဗူးစျေး ဗူး၁၀၀ စျေးဆိုပြီးရှိတယ် ပိုက်ဆံများများရှိသူက ကုန်စည်အများကြီးကို စျေးနှုန်းနည်းနည်းနဲ့ဝယ်ယူလို့ရတယ် အဲ့ကတစ်ဆင့် အမြတ်တင်ပြီးပြန်ဖြန့်ဖြူးတာပေါ့ အဲ့တော့ စျေးအနိမ့်မှာဝယ်ပြီး အမြင့်စျေးမှာရောင်းတဲ့ buy low... sell high ဆိုတဲ့ သီအိုရီတစ်ခု ရတယ်...

ရောင်းတိုင်းလည်းအမြတ်မရဘူး ဝယ်ယူစားသုံးသူရှိမှသာ အမြတ်ရမှာ..

ခေတ်နဲ့အညီ ဆန်းသစ်တာတွေကနေ့စဥ်နဲ့အမျှထွက်ပေါ်နေတော့ ကိုယ့်ရဲ့လက်ထဲမှာရောင်းမထွက်တော့တဲ့ကုန်စည်တစ်ချို့ကျန်ခဲ့တယ်ပေါ့ အဲ့တော့အဲ့ကုန်စည်တွေကိုဘာလုပ်မလဲ အဲ့ကုန်စည်တွေကိုမရောင်းပဲနဲ့ ကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုသုံးမလဲ... ရွေးချယ်မှုတစ်ခုချင်းဆီတိုင်းမှာ အဖြေရှိရမယ်ပေါ့

အဲ့တာဟာ ကိုယ်အရောင်းအဝယ်ပြုလုပ်ခဲ့တဲ့ ကုန်စည်အပေါ်မူတည်တယ်

ကိုယ်တစ်ယောက်တည်းနဲ့ လုပ်ငန်းတစ်ခုလုံးလည်ပတ်နိုင်အောင် လုပ်နိုင်ပါသလား..?

တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းအသေးလေးတွေကိုမပြောပါဘူး လုပ်ငန်းကြီးတစ်ခုလုံး (အရောင်းအဝယ်/service အစသဖြင့် ပေါ့ ) လည်ပတ်နိုင်ဖို့အတွက် အလုပ်သမား (ဝန်ထမ်း) လိုအပ်ပါတယ် နေရာလိုအပ်တယ်...

ဒီလိုပဲ crypto လောကထဲမှာအလုပ်လုပ်တော့မယ်ဆိုရင် ဝန်ထမ်းအတွေးမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်တစ်ယောက်အတွေးမျိုး တွေးတတ်ဖို့တော့လိုလိမ့်မယ်မိတ်ဆွေ...

$BNB