Binance Charity နှင့် CZ တို့ ပူးပေါင်း၍ မြန်မာနှင့် ထိုင်းနိုင်ငံမှ ငလျင်ဘေးသင့်ပြည်သူများအတွက် $1.5 Million အထောက်အပံ့ပေးမည့်အစီအစဉ်

မြန်မာနဲ့ ထိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်အတွက် အထောက်အကူဖြစ်စေဖို့ Binance Charity နဲ့ CZ တို့ ပူးပေါင်းပြီး $1.5 million တန်ဖိုးရှိ BNB ကို အလှူအဖြစ် ပေးအပ်မည်ဖြစ်သည်။

Myanmar Binance User များအတွက် BNB Airdrop

March 31 ရက်နေ့ မတိုင်ခင် KYC အောင်ပြီး Active ဖြစ်နေတဲ့ မြန်မာ Binance Account များအတွက် $5 တန်ဖိုးရှိ BNB ကို Binance Reward Hub မှတဆင့် Airdrop လုပ်ပေးသွားမည်ဖြစ်ပြီး၊ လိပ်စာဖော်ပြထားသည့် မြန်မာဒေသများမှ Account များအတွက်တော့ $50 တန်ဖိုးရှိ BNB ထပ်မံရရှိမည်ဖြစ်သည်။

KYC မအောင်သေးသူများအတွက် KYC တင်နိုင်မည့် Deadline သည် April 14 ဖြစ်သည်။

အလှူရရှိသူများ

မြန်မာနိုင်ငံတွင် Binance Account ပိုင်ဆိုင်ထားသူများအနေနဲ့ BNB Airdrop ရရှိခြင်းသည် ငလျင်သင့်ဒေသမှ တကယ်လိုအပ်သူများထံ မပြည့်စုံနိုင်ဘဲဖြစ်နိုင်သည်။ လျှပ်စစ်၊ အင်တာနက် ပြဿနာများနှင့် မြေပြင်မှငွေကြေးလည်ပတ်မှုအခက်အခဲများကြောင့် Airdrop ရရှိသူများသည် BNB ကို ငွေသားအဖြစ် ပြောင်းလဲဖို့ အခက်အခဲရှိနိုင်ကြောင်း မျှဝေခံရသည်။

Binance နှင့် မြန်မာ Community KOL များ၏ တုံ့ပြန်မှု

ငလျင်ဖြစ်ပြီးမကြာခင်တွင် CZ မှ 500 BNB ကို Airdrop အဖြစ်ကြေငြာခဲ့ပြီး၊ Binance KOL များအပါအဝင် Myan Crypto Team မှ လိုအပ်သော မြေပြင်အချက်အလက်များကို စတင်ကူညီပေးခဲ့သည်။ Binance နှင့် ဆက်သွယ်မှုတိုးမြှင့်ပြီး meeting တဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

Binance အနေနှင့် user ကို တိုက်ရိုက်ပေးသောလှူမှုနည်းလမ်းကို စဉ်းစားခဲ့ပြီး၊ စကစနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းများနှင့်အစား တိုက်ရိုက်ပြည်သူ့လက်ထဲသို့ ပေးချင်သော ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း သိရှိရသည်။

April 1 ကြေငြာမှုနှင့် ပြန်လည်ရှင်းပြချက်များ

April Fool နေ့မှာကြေငြာချင်ခြင်းမရှိသဖြင့် Feedback မစုဘဲ အလောတကြီး ဆုံးဖြတ်ချက်ချခဲ့ကြောင်း Binance သဘောဖော်ပြခဲ့သည်။ မည်သည့်အဖွဲ့အစည်းမျိုးနဲ့မဆို ပူးပေါင်းမည်ဆိုပါက Binance ၏ စံနှုန်းများအရ စည်းကမ်းတွေအောက်မှသာ ဆောင်ရွက်နိုင်သောကြောင့် မဖြစ်နိုင်မှုရှိနေသည်ဟုလည်း ဖော်ပြခဲ့သည်။


ထပ်မံကူညီနိုင်ရေး အကြံပြုချက်များ

Binance ရဲ့ BNB Airdrop များသည် မည်သူမဆိုရရှိနိုင်သော်လည်း ဒုက္ခရောက်နေသူများအတွက် ပြန်လှူနိုင်ပါသည်။ အဆိုပါ BNB များကို USDT ပြောင်းပြီးနောက် နည်းလမ်း ၂ မျိုးဖြင့် ကူညီနိုင်ပါသည်။

နည်း (၁) – P2P ဖြင့် MMK ပြောင်းပြီး အကူအညီပေးသော အဖွဲ့များထံ လွှဲပြောင်းကူညီနိုင်သည်။

နည်း (၂) – On-chain Withdrawal ဖြင့် Polygon Chain မှ USDT ကို Spring Development Bank (SDB) သို့ထုတ်ပြီး Spring CrowdFund (နွေဦးလူထုရန်ပုံငွေ) သို့မဟုတ် ကယ်ဆယ်ရေးအဖွဲ့များသို့ ကူညီနိုင်သည်။ Withdrawal fee သည် $0.05 သာဖြစ်သည်။

အနည်းဆုံး Deposit $10 ဖြစ်သောကြောင့် Binance Account ၂ခု ၃ခုကို SDB Account တစ်ခုတွင် ပေါင်းထုတ်နိုင်ပါသည်။


သတိပြုရန်အချက်


Binance Pay သုံးပြီး $5 BNB များကို Account တစ်ခုတည်းတွင် စုမထားရန်။ မဟုတ်ပါက “တစ်ဦးတည်းအတွက်အလှူငွေစုဆောင်း” ဆိုသော သံသယဖြစ်နိုင်ပြီး Account ပိတ်ခံရနိုင်ပါသည်။


Binance နှင့် MCM သဘောတူချက်

Binance မှ BNB Airdrop တင်သာမက ထပ်မံကူညီနိုင်သည့်နည်းလမ်းများကိုလည်း ဆက်လက်ရှာဖွေနေကြောင်း သဘောတူခဲ့ကြသည်။

Crypto Community ထံမှ အကူအညီတောင်းခံခြင်း

ဒီအစီအစဉ်ကို ပိုမိုထိထိရောက်ရေအောင် Crypto Community တစ်ခုလုံး၏ပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေပါသည်။ ဒုက္ခရောက်နေသူများအတွက် ကောင်းမွန်သောအနာဂတ်ဖန်တီးနိုင်ဖို့အတွက် လူတိုင်း ပါဝင်ပေးဖို့ ဖိတ်ခေါ်အပ်ပါသည်။

မှတ်ချက် –

Binance ရဲ့ မူဝါဒအရ အခုမှအကောင့်ဖွင့်မယ့်သူများ၊ POA အသစ်တင်မယ့်သူများသည် Airdrop မရနိုင်ပါ။ ယခင်ကဖွင့်ထားပြီး KYC မအောင်သေးသူများသာ April 14 ရက်နေ့အထိ KYC တင်ခွင့်ရှိနေပါသည်။