Binance Launchpool ပေါ်တွင် Nillion ဆိုသော project အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ မကြာသေးမီကစ၍ Binance သည် security နှင့်ပတ်သက်သော project များစွာကို list လုပ်လာနေပြီး၊ Nillion သည်လည်း blockchain ပေါ်တွင် data privacy နှင့် security ကို အထူးသဖြင့် အာရုံစိုက်ထားသည့် decentralized network တစ်ခုဖြစ်ပါသည်။ Privacy ကို ထိန်းသိမ်းပေးလိုက်သည့်အပြင် data များကို သိမ်းဆည်း၊ တွက်ချက်နိုင်စေရန် ဖန်တီးထားပါသည်။

Nillion network ၏ အဓိကနည်းပညာမှာ NMC (Nil Message Compute) ဖြစ်ပြီး၊ ဒီနည်းပညာက decentralized network တစ်ခုလုံးတွင် data များကို သူ့သီးသန့်နည်းလမ်းဖြင့် သိမ်းဆည်း၊ ဖြန့်ဝေ၊ တွက်ချက်နိုင်စေရန် တီထွင်ထားခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် data များကို encrypt - ဝှက်စာထားပြီးမှ decrypt - ပြန်ဖြည်ပြီးသာ အသုံးပြုနိုင်သော်လည်း NMC မှာတော့ decrypt ပြုလုပ်ရန် မလိုဘဲ encrypt ဖြစ်နေသော data များကို တိုက်ရိုက် ပြန်လည်အသုံးပြုနိုင်စေရန် ဖန်တီးထားသည်။

ထို့အပြင် Privacy Enhancing Technologies (PETs) ဟုခေါ်သော နည်းပညာကိုလည်း ထောက်ပံ့ထားပြီး ထိလွယ်ရှလွယ်သော၊ လျှို့ဝှက်ထားရမည့် တန်ဖိုးကြီး data များကို အဆင့်မြင့်သော cryptography security များဖြင့် ထိန်းသိမ်းပေးနိုင်သည်။

ထိုကဲ့သို့ security ပိုင်းအပြင် AI ပိုင်းတွင်လည်း Nillion မှ nilAI ဟုခေါ်သော feature တစ်ခုကို ထည့်သွင်းထားသည်။ nilAI သည် AI model များကို data security ပြည့်စုံစွာဖြင့် လေ့ကျင့်နိုင်စေရန် ဖန်တီးထားပြီး၊ personal AI application များအတွက်လည်း အသုံးပြုနိုင်သည်။ အချုပ်ပြောရလျှင် Nillion network သည် "Data security first" ဆိုသည့် မူဝါဒဖြင့် ဖန်တီးထားသဖြင့် decentralized ecosystem အတွင်းထဲတွင် တမူထူးခြားနေပါသည်။

လောလောဆယ်တွင် Nillion ကို decentralized private storage များ၊ လျှို့ဝှက် AI model training များနှင့် DePIN (Decentralized Physical Infrastructure Network) အတွက် data security အနေနဲ့ အသုံးပြုနိုင်သည်။

Funding ရရှိမှုအနေနဲ့တော့ Nillion သည် $20 million အထိ ရရှိထားပြီး HashKey Capital နှင့် Big Brain Holdings တို့က အဓိကရင်းနှီးမြှုပ်နှံထားသည်။

Binance Launchpool ပေါ်တွင် မိတ်ဆက်ထားသော NIL သည် Nillion network ၏ native token ဖြစ်ပြီး၊ network ပေါ်ရှိ transactions များအတွက် အသုံးပြုနိုင်သည်။ NIL ၏ total supply သည် 1 billion ဖြစ်ပြီး tokenomics အရ သတ်မှတ်ထားသည်မှာ -

- Binance Launchpool – 6%

- Core Contributor – 20%

- Early Investors – 21%

- Community – 20%

- Ecosystem & Research – 29%

- Protocol Development – 10%

Launchpool ပေါ်တွင် NIL ကို 2025 ခုနှစ် မတ်လ 21 ရက်နေ့ မနက် 6:30 ကနေ မတ်လ 23 ရက်နေ့ မနက် 6:30 အထိ BNB, USDC, FDUSD တို့ကို stake ပြုလုပ်၍ farm ခြင်းဖြင့် ရရှိနိုင်သည်။


Launchpool သည် BNB holder များအတွက် အဓိကရည်ရွယ်ထားသဖြင့် BNB pool ထဲတွင် 28,000,000 NIL ပါဝင်မည်ဖြစ်ပြီး၊ FDUSD နှင့် USDC pool များတွင် 3,500,000 NIL စီ ပါဝင်မည်ဖြစ်သည်။ BNB ဖြင့် stake ပြုလုပ်ပါက တစ်နာရီလျှင် 38,888 NIL အများဆုံးရရှိနိုင်ပြီး၊ FDUSD နှင့် USDC ဖြင့် stake ပြုလုပ်ပါက တစ်နာရီလျှင် 4,861 NIL အများဆုံးရနိုင်မည်။

မတ်လ 23 ရက်နေ့ မနက် 7:30 တွင် NIL ကို Binance Spot Marketplace တွင် listing ပြုလုပ်မည်ဖြစ်ပြီး pre-market မစောင့်ဆိုင်းပဲ တိုက်ရိုက် ရောင်းဝယ်နိုင်မည်ဖြစ်သည်။

Security သည် crypto industry အတွင်း အရေးပါမှုကြီးသောအရာဖြစ်သည့်အတွက်၊ data security ကို အခြေခံဖန်တီးထားသော Nillion network သည် အနာဂတ်တွင် အလားအလာကောင်းမြင်ရမည့် project တစ်ခုဖြစ်နိုင်သည် #NIL #BinanceLaunchPool🔥 #Listing