Crypto Day Trading ကို ဘာကြောင့်လုပ်သင့်သလဲ?

crypto ဈေးကွက်ဟာ မကြာသေးခင်က အရမ်းကို အတက်အကျဖြစ်နေတာကို သတိထားမိမှာပါ။ SEC က Bitcoin spot ETF ကို အတည်ပြုပေးပြီး Bitcoin ရဲ့ halving event က ၂၀၂၄ ခုနှစ် ဧပြီလမှာ ဖြစ်ပွားမှာကြောင့်၊ ဒီဈေးကွက်ဟာ ယခင်ကထက် ပိုမို အရောင်းသွက် အဝယ်သွက် ဖြစ်လာပါတယ်။ ဒီလို ဈေးကွက်အပြောင်းအလဲတွေကို အကျိုးရှိရှိအသုံးချနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ Day Trading ပါပဲ။

Day Trading ဆိုတာက တစ်ရက်အတွင်းမှာ crypto ကိုဝယ်ပြီး ရောင်းတာကို ဆိုလိုတာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဈေးနှုန်းအတက်အကျတွေကို အခွင့်ကောင်းယူပြီး အမြတ်ရနိုင်ပါတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံသူတွေနဲ့မတူဘဲ၊ day trader တွေဟာ ညဘက်မှာ ကိုယ့်ရဲ့ positions တွေကို ဖွင့် မထားဘဲ တစ်ရက်အတွင်း(24 hours) မှာ ရောင်းဝယ်မှုတွေကို အကြိမ်ကြိမ်လုပ်ပြီး အမြတ်ရနိုင်ပါတယ်။

အောင်မြင်တဲ့ crypto day trader တွေဟာ အဓိကအားဖြင့် နည်းလမ်းနှစ်ခုကို အသုံးပြုပါတယ်:

1. အခြေခံဆန်းစစ်ခြင်း (Fundamental analysis) – Cryptocurrency နောက်ကွယ်က သတင်းတွေ၊ ဈေးကွက်စိတ်ခံစားမှုတွေကို နားလည်ခြင်း။

2. နည်းပညာဆန်းစစ်ခြင်း (Technical analysis) – ဇယားများ၊ ညွှန်းကိန်းများနှင့် ယခင်ဈေးနှုန်းများကို အသုံးပြုပြီး ရေတိုဈေးနှုန်းပြောင်းလဲမှုတွေကို ခန့်မှန်းခြင်း။

Crypto Day Trading ကို ဘယ်လိုစတင်မလဲ

အဆင့် ၁: သင့်ရဲ့ Trading Platform ကို ရွေးချယ်ပါ

Binance လို crypto exchange ပေါ်မှာ ရောင်းဝယ်မှာလား၊ ဒါမှမဟုတ် CFDs (Contracts for Difference) ကို ရွေးချယ်မှာလား? တစ်ခုချင်းစီမှာ အားသာချက်နဲ့ အားနည်းချက်တွေရှိပါတယ်:

- Crypto exchanges မှာ ကိုယ်က ကိုယ်ပိုင်ငွေကြေးကို ပိုင်ဆိုင်ထားဖို့လိုပါတယ်။ ဒါကြောင့် သင့်ရဲ့ငွေတွေကို သိမ်းဆည်းဖို့ crypto wallet လိုအပ်ပါတယ်။

- Crypto CFDs မှာတော့ ကိုယ်က ကိုယ်ပိုင်ငွေကြေးကို မပိုင်ဆိုင်ဘဲ ဈေးနှုန်းပြောင်းလဲမှုတွေကို ခန့်မှန်းပြီး ရောင်းဝယ်နိုင်ပါတယ်။ ကိုယ်က ဈေးနှုန်းတက်မယ်လို့ ထင်ရင် ဝယ်မယ်၊ ကျမယ်လို့ထင်ရင် ရောင်းမယ်ဆိုပြီး ရောင်းဝယ်နိုင်ပါတယ်။

အဆင့် ၂: စွန့်စားမှု risk management ကို လေ့လာပါ

Crypto ရဲ့ ဈေးနှုန်းပြောင်းလဲမှုဟာ ကောင်းကျိုးနဲ့ ဆိုးကျိုးနှစ်မျိုးလုံးရှိပါတယ်။ ၂၄ နာရီအတွင်း ၅-၁၀% အထိ ပြောင်းလဲနိုင်တာကြောင့်၊ သင့်ရဲ့ငွေကြေးကို ကာကွယ်ဖို့ stop-loss နဲ့ take-profit orders တွေကို သတ်မှတ်ထားဖို့ အရေးကြီးပါတယ်။

အဆင့် ၃: Trading strategy တစ်ခု ဖန်တီးပါ

Crypto day trading အတွက် သက်သေပြထားတဲ့ ဗျူဟာလေးခုကို ပြောပြပေးမယ်:

၁. Scalping

ဒီနည်းလမ်းကတော့ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှုတွေကို အခွင့်ကောင်းယူပြီး အမြတ်ရတာပါ။ Scalpers တွေဟာ stop-loss ကို တင်းကြပ်စွာသတ်မှတ်ထားပြီး၊ မြင့်မားတဲ့အကြိမ်ရေနဲ့ ရောင်းဝယ်ပါတယ်။

၂. Range Trading

ဒီနည်းလမ်းကတော့ support နဲ့ resistance level တွေကို ဖော်ထုတ်ပြီး၊ support မှာဝယ်၊ resistance မှာရောင်းပြီး အမြတ်ရတာပါ။

၃. Fundamental Analysis

ဒီနည်းလမ်းမှာတော့ သတင်းတွေ၊ လူမှုမီဒီယာတွေနဲ့ ကမ္ဘာ့ဖြစ်ရပ်တွေကို စောင့်ကြည့်ပြီး၊ ဈေးကွက်စိတ်ခံစားမှု market sentimental ကို ခန့်မှန်းပါတယ်။ သတင်းကောင်းတစ်ခုက ဈေးနှုန်းကို မြင့်တက်စေနိုင်ပြီး၊ သတင်းဆိုးတစ်ခုက ဈေးနှုန်းကို ထိုးကျစေနိုင်ပါတယ်။

၄. Arbitrage

တချို့ trader တွေက exchange တစ်ခုနဲ့ တစ်ခုကြားက ဈေးနှုန်းကွာခြားမှုတွေကို အခွင့်ကောင်းယူပြီး၊ risk အရမ်းမများ တဲ့အမြတ်တွေရနိုင်ပါတယ်။

မေးလေ့ရှိသောမေးခွန်းများ

Day Trading အတွက် ဘယ် Cryptos တွေက အကောင်းဆုံးလဲ?

- Bitcoin (BTC): အရည်အသွေးအများဆုံး cryptocurrency ဖြစ်ပြီး၊ ဝယ်ရောင်းရတာ ပိုမိုလွယ်ကူပါတယ်။

- Ethereum (ETH): မြင့်မားတဲ့ trading volume နဲ့ DeFi integrations တွေကြောင့်၊ ရေတိုရောင်းဝယ်ဖို့ စိတ်ဝင်စားစရာကောင်းပါတယ်။

- Altcoins: Solana (SOL) နဲ့ Avalanche (AVAX) လို coins တွေက ပိုမိုမြင့်မားတဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကို ပေးနိုင်ပေမယ့်၊ risk management ကို ပိုမိုလုပ်ဆောင်ဖို့လိုပါတယ်။

စတင်ဖို့ ဘယ်လောက်ငွေလိုအပ်သလဲ?

သတ်မှတ်ထားတဲ့ပမာဏမရှိပေမယ့်၊ စွန့်စားမှုစီမံခန့်ခွဲမှုက အရေးကြီးပါတယ်။ 1% rule ကို လိုက်နာပြီး၊ တစ်ကြိမ်ရောင်းဝယ်မှုမှာ သင့်ရဲ့ငွေကြေးရဲ့ 1% ကိုပဲ စွန့်စားပါ။

Crypto သို့မဟုတ် CFDs Trading ကို ဘယ်လိုစတင်မလဲ?

1. Binance လို ယုံကြည်စိတ်ချရတဲ့ exchange မှာ အကောင့်ဖွင့်ပါ။

2. Trading ဗျူဟာတစ်ခုကို ရွေးချယ်ပြီး demo account နဲ့ စမ်းသပ်ပါ။

3. ဘတ်ဂျက်သတ်မှတ်ပြီး၊ risk management သေချာနားလည်တဲ့အခါ trading ကို စလုပ်ပါ။

Crypto Day Trading ရဲ့ risk တွေက ဘာတွေလဲ?

- မြင့်မားတဲ့ ဈေးနှုန်းပြောင်းလဲမှုတွေကြောင့်၊ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်။

- မယုံကြည်စိတ်ချရတဲ့ exchange သို့မဟုတ် brokerage ကို ရွေးချယ်မိရင်၊ သင့်ရဲ့ငွေကြေးကို ဆုံးရှုံးနိုင်ပါတယ်။

- စည်းကမ်းမရှိရင်၊ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်တွေ ချမိပါလိမ့်မယ်။

🚀 update သတင်းများ ပို၍သိရှိနိုင်ရန် ယခု Binance Square account ကို follow လုပ်ထားပါ!

Binance အကောင့်ဖွင့်ရန် ၂၀% ရာသက်ပန် discount link
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
Binance account lifetime 20% discount link (Click Here)

#crypto #daytrading #Bitcoin