Website တခုကို ဝင်ကြည့်နေရင်း iPhone 16 pro max ကြီး ကံထူးပါတယ်၊ ဒီ link ကို နှိပ်ပြီး ဆုကို ထုတ်ယူလိုက်ပါဆိုတဲ့ pop-up ads မျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။ 2020 မတိုင်ခင်ကာလတွေမှာ အတွေ့ရများခဲ့တဲ့ scam နည်းတမျိုးဖြစ်သလို သူတို့ပေးထားတဲ့ link တွေထဲကို ဝင်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ အချက်အလက်တွေ တောင်းတာ၊ ဒါမှမဟုတ် app တခုခု၊ software တခုခုကို download ဆွဲခိုင်းတာ စသဖြင့် ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးယူနိုင်မယ့် အရာတခုခုဆီ ဦးတည်ခေါ်ဆောင်သွားတတ်ကြပါတယ်။
.
ဒါဟာ Web2 ပေါ်မှာ ဖြစ်လေ့ရှိတဲ့ airdrop scam နည်းတခုဖြစ်သလို ဆုတခုနဲ့မျှားခေါ်ပြီး ကိုယ့်ဆီက အချက်အလက် ဒါမှမဟုတ် ငွေတွေကို ပြန်ခိုးယူတဲ့နည်းမျိုးပါ။ Web3 ပေါ်မှာလည်း ဒီလိုမျိုး airdrop scam တွေ အများကြီးတွေ့ရပါတယ်။ Web2 နဲ့ Web3 ဆိုပြီး နောက်ခံနည်းပညာတွေ၊ ပုံစံတွေသာ ကွာသွားတာဖြစ်သလို အဓိကပင်မကျောရိုးကတော့ ဆုလာဘ်တခုခုနဲ့ မျှားခေါ်ပြီး လိမ်လည်ခိုးယူတဲ့ပုံစံကို အခြေခံတာပါပဲ။
.
ဒါပေမယ့် Web3 မှာတော့ လိမ်လည်ခံရနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ အခုမှ လေ့လာနေကြဆဲ နည်းပညာတခုဖြစ်သလို လူလိမ်တွေဖက်က social engineering ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ထောင်ချောက်တွေဟာ ယုံချင်စရာအရမ်းကောင်းနေလို့ပါပဲ။ ကိုယ့်စိတ်က ဒါကြီးဟာ အလိမ်ပါလို့ သိနေလျက်နဲ့တောင်မှ နှိပ်ကြည့်လိုက်ချင်စိတ်ဖြစ်နေအောင် ဆွဲဆောင်အားကောင်းတဲ့ pop-up ads တွေ ရှိပါတယ်။
Airdrop တွေဆိုတိုင်း ယူသင့်သလား
Airdrop တွေဆိုတိုင်း ယူသင့်သလားဆိုရင်တော့ မယူသင့်ပါဘူး။ Airdrop တွေရဲ့ သဘောသဘာဝကိုက ကိုယ်က သူတို့ရဲ့ feature တွေ ဒါမှမဟုတ် app တွေကို စမ်းသပ်ပေးပြီး ဒီလိုစမ်းသပ်ပေးတဲ့အတွက် ဆုတခုပြန်ပေးတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒီသဘောသဘာဝအပေါ် အခြေခံပြီး လိမ်လည်နေကြတဲ့ scam project တွေအများကြီးရှိလာပါတယ်။
.
ဥပမာ airdrop project တခုကို join လိုက်တယ်၊ airdrop ရဖို့အတွက် ကိုယ့် wallet နဲ့ချိတ်ဆက်ပြီး လုပ်ပေးရတဲ့ test တွေမှာ ကိုယ့်ရဲ့ wallet ကို ခိုးယူသွားနိုင်တဲ့ smart contract တွေ ထည့်ထားနိုင်ပါတယ်။ Wallet ထဲမှာ gas fees လောက်ပဲ ထည့်ထားတာမျိုးဆိုရင်တော့ ပြဿနာမရှိလှပေမယ့် gas fees ပမာဏထက်ပိုတဲ့ ငွေတွေအများကြီးထည့်ထားရင်တော့ ပြဿနာအများကြီးရှိနိုင်ပါတယ်။ ဒီလိုမျိုး smart contract တွေဟာ ကိုယ့် wallet ထဲကငွေတွေအပြင် အသစ်ထပ်ထည့်သမျှငွေတွေကိုလည်း လူလိမ် wallet ထဲ ချက်ချင်းရွှေ့ပစ်နိုင်ပါတယ်။
ဒါကြောင့် airdrop project တခုတွေ့ပြီဆိုရင် အလောတကြီး wallet ချိတ်ပစ်လိုက်တာမျိုးတွေ မလုပ်ဘဲ စစ်ဆေးသင့်တာလေးတွေ ရှိပါတယ်။
.
အရင်ဆုံး နာမည်ကနေ စ,စစ်ဆေးပါ။ Project သေချာမရှိဘဲ scam ရုံ သက်သက် ဖန်တီးထားတဲ့ token တွေဟာ နာမည်ဆင်တူရိုးမှားတွေပေးထားတတ်လေ့ရှိပါတယ်။ ဥပမာ Arbitrum 2.0 တို့၊ BNB-X တို့လိုမျိုး ဈေးကွက်ထဲမှာ နာမည်ကြီးပြီးသား crypto တွေကို တုပထားတဲ့ နာမည်တွေ၊ logo တွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုမျိုးနာမည်တွေတွေ့ရင်တော့ ရှင်းပါတယ်၊ အများကြီး သိပ်တွေးစရာမလိုဘဲ scam လို့သာ သတ်မှတ်လိုက်ပါ။
.
တကယ်လို့ နာမည်နဲ့တင် ဆုံးဖြတ်လို့မရဘူးဆိုရင်တော့ project ရဲ့ website ကို ကြည့်ပါ။ များသောအားဖြင့် scam project တွေဟာ .xyz ဆိုတဲ့ domain ကို သုံးထားကြလေ့ရှိပါတယ်။ ဒီနေရာမှာ တခုရှင်းလင်းချင်တာကတော့ .xyz ဆိုတိုင်း scam project မဟုတ်ပါဘူး။ .xyz domain ကို သုံးထားပြီး အမှန်တကယ် လည်ပတ်နေတဲ့ နာမည်ကြီး project တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် .xyz domain တွေဟာ .com တို့၊ .org တို့နဲ့ ယှဉ်ရင် ဈေးသက်သာတာကြောင့် scam website တွေအတွက် အဆင်ပြေစေပါတယ်။
ဒါကြောင့် website ကို ကြည့်လိုက်တဲ့အခါမှာ ဘာမှရေရေရာရာ ပြောထားနိုင်တာမရှိဘူး၊ ဖြစ်သလို ဖန်တီးထားတဲ့ website မျိုးတွေဆိုရင် scam လို့ သတ်မှတ်နိုင်ပါတယ်။
.
နောက်တခုကတော့ community ပါ။ တကယ်တမ်း သေချာလည်ပတ်နေတဲ့ project တွေဟာ community အင်အားတောင့်တောင့်တင်းတင်းရှိသလို active လည်းဖြစ်ကြပါတယ်။ Community ထဲမှာ project နဲ့ပတ်သက်တာတွေ ဆွေးနွေးနေကြတာမျိုးတွေ ရှိမယ်၊ team ဖက်ကနေ ရှင်းပြထားတဲ့စာတွေ၊ roadmap တွေ တင်ပေးထားတာတွေရှိမယ်၊ သူတို့ ဘယ် project နဲ့ အလုပ်တွဲလုပ်ခဲ့ပါကြောင်း၊ အလုပ်တွဲလုပ်ထားပါကြောင်း ကြေငြာချက်တွေ ရှိပါလိမ့်မယ်။ ဒီလို project မျိုးဆိုရင်တော့ အပြည့်အဝကြီးမဟုတ်တောင် အနည်းငယ် ယုံကြည်စိတ်ချလို့ရနိုင်မှာပါ။ တကယ်လို့ project နဲ့ အလုပ်တွဲလုပ်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ Binance၊ Bybit၊ Bitget စသဖြင့် industry ထဲမှာ နာမည်ကြီး company တွေ၊ blockchain တွေ ပါဝင်တယ်ဆိုရင်တော့ ပိုပြီး ယုံကြည်စိတ်ချရနိုင်ပါတယ်။
Airdrop အတုအစစ်ခွဲနည်း
တကယ်တော့ အတုအစစ်ခွဲနည်းဟာ ရှုပ်မလိုလိုနဲ့ ရှင်းပါတယ်။ Website တခုခုမှာ စာဖတ်နေရင်း၊ video ကြည့်နေရင်းမှာ တက်လာတဲ့ pop-up message တွေထဲက airdrop တွေဆိုရင် ရာနှုန်းပြည့်အလိမ်ပါ။ မဖြစ်နိုင်တဲ့ငွေကြေးပမာဏတွေနဲ့ ဆွဲဆောင်ထားတယ်ဆိုရင်လည်း အလိမ်ပါ။ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း နာမည်တွေ၊ website တွေက ဆင်တူရိုးမှားလုပ်ထားတာမျိုးတွေဆိုရင်လည်း အလိမ်ပါ။
.
တကယ့် project ကြီးတွေဟာ airdrop ပေးမယ်လို့ သေချာကြေငြာတာမျိုးတောင် သိပ်မရှိဘဲ ရယူခြင်းမဟုတ်တဲ့အချစ်စစ်နဲ့ ဟိုးအစတည်းက သေချာ contribute ပေးခဲ့ကြသူတွေကိုပဲ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ token လက်ဆောင်တွေပေးသွားကြတာမျိုးပါ။ တကယ်လို့ airdrop ပေးမယ် ကြေငြာတဲ့ project ကြီးတွေဆိုရင်လည်း သူတို့ရဲ့ website တွေ၊ social media တွေကအစ သေချာလေးပြင်ဆင်ထားတာကိုတွေ့ရမှာဖြစ်သလို community ထဲမှာဆိုရင်လည်း လူမပြတ်ဘဲ စည်ကားနေကြတာကိုတွေ့ရမှာပါ။
.
ဒါကြောင့် အတုအစစ်ခွဲနည်းဟာ ရုတ်တရက်ကြည့်လိုက်ရင်သာ ထင်မှတ်မှားစရာမျိုးတွေရှိနိုင်ပေမယ့် သေချာ ထဲထဲဝင်ဝင် လိုက်ကြည့်မယ်ဆိုရင်တော့ အတော်ကို ကွဲပြားနေပါလိမ့်မယ်။
.
ဒါပေမယ့် တခုသတိထားရမှာကတော့ ယုံကြည်စိတ်ချရတဲ့ project ကြီးဖြစ်တိုင်းလည်း သူတို့ရဲ့ airdrop ပေးတဲ့ပုံစံတွေဟာ တခုနဲ့တခု မတူညီနိုင်ဘဲ များများလုပ်ရပြီး အမြတ်အစွန်းနည်းနည်းပဲပြန်ရတဲ့ airdrop တွေရှိတတ်သလို ဘာမှသေချာမလုပ်လိုက်ရဘဲ အမြတ်အစွန်းအများကြီးပြန်ရတဲ့ airdrop တွေလည်း ရှိတတ်တာကြောင့် airdrop ဟာ နတ်ကြီးတယ်လို့တောင် ဆိုတတ်ကြပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL