Binance Pay မှာ feature အသစ်တွေပါလာတာကို သတိထားမိကြလား?
2021 ခုနှစ်မှာ စတင် launch လုပ်ခဲ့ပြီး အခုဆိုရင် သက်တမ်း 4 နှစ်ရှိလာချိန်မှာ Binance Pay ဟာ လူသုံးအတော်များလာခဲ့ပါပြီ။ လူသုံးများတယ်ဆိုရာမှာ user ပေါင်း 45 million နဲ့ Binance Pay နဲ့ ငွေလက်ခံတဲ့ merchant ပေါင်း 32,000 အထိ ရှိလာတာကို ဆိုလိုတာဖြစ်ပြီး အထူးသဖြင့် နိုင်ငံဖြတ်ကျော်ငွေပေးချေမှုတွေမှာ အသုံးများကြပါတယ်။
.
တကယ်တော့ Binance Pay ဟာ ကျနော်တို့ နေ့စဉ် ထိတွေ့သုံးစွဲနေကြရတဲ့ mobile banking တွေလိုမျိုးပါပဲ။ တယောက်နဲ့တယောက် ငွေပို့မယ်ဆိုရင် QR လေးရှိရုံ၊ UID လေးသိရုံနဲ့ အလွယ်တကူ ငွေပို့လိုက်လို့ရနိုင်အောင် ဖန်တီးပေးထားတာဖြစ်ပြီး Binance Pay က နိုင်ငံသုံးငွေကြေးမဟုတ်ဘဲ crypto တွေကို gas fees ပေးစရာမလိုဘဲ Binance user တွေ အချင်းချင်းကြားမှာ အလွယ်တကူပို့လို့ရနိုင်အောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။
.
ဒီ update မတိုင်ခင်လေးမှာပဲ Bhutan နိုင်ငံရဲ့ ဆိုင်တွေမှာ Binance Pay နဲ့ ငွေလက်ခံဖို့အတွက်ကို Bhutan အစိုးရနဲ့ Binance တို့ သဘောတူညီမှုရခဲ့ပါတယ်။ ဒါကြောင့် crypto bro တွေ Bhutan သွားရင် Binance ထဲ USDT ရှိရုံနဲ့ ငွေပေးချေလို့ရနိုင်နေပါပြီ။

Crypto Network တွေကို ငွေလွှဲလို့ ရ

အခု update မှာ ထူးခြားလာတာကတော့ Binanec Pay ကနေ crypto network တွေကိုပါ ငွေလှမ်းပို့လို့ရသွားတာဖြစ်ပြီး အရမ်းကြီးထူးခြားနေတာမျိုးတော့မဟုတ်ပေမယ့် အလုပ်ရှုပ်တာ နည်းနည်း သက်သာသွားပါတယ်။ Binance Pay ကနေ တဖက်က wallet address ရဲ့ QR ကို scan ဖတ်လိုက်ရုံနဲ့ wallet address တွေနဲ့ network တွေ တန်းဖြည့်ပေးသွားမှာဖြစ်ပြီး ကိုယ့်ဖက်ကနေ ငွေလွှဲမယ့်ပမာဏ ထည့်ပေးရုံပါပဲ။ အရင်ကလည်း ဒါမျိုး ရပေမယ့် Funding ဒါမှမဟုတ် Spot wallet ထဲကနေ Withdraw ကို နှိပ်ပြီးမှ လုပ်လို့ရတာပါ။ အခုတော့ Binance Pay ထဲကနေပဲ အလွယ်တကူ လုပ်လို့ရသွားပါပြီ။

Contact တွေကိုလည်း တိုက်ရိုက်ငွေလွှဲနိုင်

ဒါ့အပြင် Binance Pay ကနေ ကိုယ့် contact ထဲမှာ မှတ်ထားတဲ့သူတွေဆီကို ငွေလွှဲပေးလို့ရနိုင်ပြီဖြစ်ကြောင်းလည်း Binance က ဆိုထားပေမယ့် ကျနော်တို့စမ်းကြည့်ရသလောက်တော့ ဒီ feature ကို မတွေ့သေးပါဘူး။ ဒါကြောင့် တွေ့ရင်လည်း စမ်းသုံးကြည့်ကြပြီး အဆင်ပြေရဲ့လား ပြောပေးခဲ့ကြပါဦး။
.
နောက်ထပ် update တွေကတော့ security tool တွေကို အဆင့်မြှင့်ပေးထားတာဖြစ်ပြီး wallet address တွေမှာပဲဖြစ်ဖြစ်၊ UID တွေ၊ email တွေမှာပဲဖြစ်ဖြစ် စာလုံးတွေ တူနေ၊ မတူနေစစ်ပေးပြီး မသင်္ကာဘူးဆိုရင် ထပ်ပြီး အတည်ပြုခိုင်းတာမျိုးတွေ ပါဝင်လာပြီး အမှားသေးသေးလေးတွေကနေ ငွေကြေးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးထားပါတယ်။
.
အခုနောက်ပိုင်းမှာ stablecoin တွေ နာမည်ကြီးလာပြီး crypto ပိုင်းမှာသာမက နယ်စပ်ဖြတ်ကျော်ငွေပေးချေတာတွေမှာပါ stablecoin တွေကို အသုံးချလာကြတာနဲ့အတူ Binance Pay ဟာလည်း ဒီ trend ကိုလိုက်နင်းပြီး Binance လူသုံးများလာအောင် ခြေလှမ်းတွေကျဲလာနေပါတယ်။ Binance အနေနဲ့ နေ့စဉ်သုံးငွေပေးချေမှုတွေမှာ Binance Pay ကို အသုံးချလို့ရလာနိုင်အောင်အထိ လုပ်နေတာကိုလည်း တွေ့ရပြီး Bhutan မှာလိုမျိုး နောက်ထပ်ဘယ်နိုင်ငံတွေမှာ Binance Pay နဲ့ ငွေပေးချေလို့ရနိုင်လာမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
.
အဖြစ်နိုင်ဆုံးကတော့ Pakistan နိုင်ငံပါ။ Crypto ကို နိုင်ငံတော်စီမံချက်အနေနဲ့ crypto council ဖွဲ့ပြီးတော့ကို လူသုံးများလာအောင် စီစဉ်နေသလို Binance CEO ဟောင်း CZ ဟာလည်း crypto council ရဲ့ အကြံပေးဖြစ်တာကြောင့် Binance Pay ရဲ့ ဒုတိယအောင်မြေဟာ Pakistan ဖြစ်လာနိုင်ပါတယ်။

.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL