Newton protocol
June လ မကုန်ခင် HODLer Airdrop နောက်တခုထပ်လာပြန်ပါပြီ။ ဒီတခါမှာတော့ Layer-2 protocol တခုဖြစ်တဲ့ Newton protocol ဖြစ်ပြီး AI agent တွေကို protocol ပေါ်တင် run လို့ရနိုင်အောင် အဓိက စီစဉ်ပေးထားတဲ့ protocol တခုပါ။ ဥပမာ တနင်္လာနေ့တိုင်း BNB $50 ဖိုး ဝယ်မယ်ဆိုတဲ့ action တခုကို AI agent ကနေ ဝယ်ခိုင်းထားတဲ့သဘောမျိုးပါပဲ။ CEX တွေပေါ်မှာ အလွယ်တကူလုပ်လို့ရပေမယ့် DeFi မှာတော့ ဒီ process ကို blockchain အနှစ်သာရအပြည့်နဲ့ decentralized ဆန်ဆန် လုပ်လို့ရနိုင်အောင် ဖန်တီးပေးထားတာဖြစ်ပါတယ်။
.
ဒါ့အပြင် ဒီလိုဝယ်တဲ့ process အတွင်းမှာလည်း ကိုယ့် wallet ကြီးပါသွားတာမျိုးမရှိအောင် TEE (Trusted Execution Environment) အတွင်းကသာ လည်ပတ်ကြောင်း Newton protocol ရဲ့ development team ဖြစ်တဲ့ Magic Labs ဖက်က ဆိုထားပါတယ်။
Newton protocol ပေါ်မှာလည်ပတ်တဲ့ AI agent တွေကိုလည်း ကိုယ်တိုင်ဖန်တီးလို့ရသလို ဒီ agent တွေဖန်တီးပြီး အခြားသူတွေဆီကို ပြန်ရောင်းတာကနေလည်း developer တွေအနေနဲ့ ဝင်ငွေရှာလို့ရနိုင်ပါသေးတယ်။
Funding
Newton protocol ရဲ့ funding ကတော့ $90 million အထိ ရှိပြီး Polygon နဲ့ Volt Captial လိုမျိုး crypto ဖက်က လုပ်ငန်းတွေအပြင် PayPal ကပါ ပါဝင်ရင်းနှီးမြှုပ်နှံထားပါတယ်။
User base အနေနဲ့ကတော့ sign up လုပ်သူပေါင်း 862,000 အထိ ရှိပြီး agent ပေါင်း 300,000 လောက်အထိ ရှိနေသလို ဒီ agent တွေကနေတဆင့် transaction volume ဟာလည်း $275,000 ကျော်အထိ ရှိထားပါတယ်။
Binance HODLer Airdrop ပေါ်မှာ မိတ်ဆက်သွားခဲ့တဲ့ NEWT token ကတော့ Newton protocol ရဲ့ native token ဖြစ်ပြီး total supply အနေနဲ့ 1 billion NEWT ရှိသလို circulating supply အနေနဲ့ကတော့ 215 million NEWT ရှိပါတယ်။
.
Binance HODLer Airdrop တွေဟာ user တွေကို surprise တိုက်တာဖြစ်ပြီး Simple Earn product တွေထဲမှာ BNB အမြဲ stake ထားသူတွေအတွက် လက်ဆောင်တခုလိုပါပဲ။ အခု NEWT အတွက် airdrop တွက်ပုံကတော့ June လ 14 ရက်နေ့ကနေ 17 ရက်နေ့အတွင်း Simple Earn product တွေထဲ BNB stake ထားသူတွေကို airdrop ပေးသွားခဲ့တာပါ။ ဒါကြောင့် HODLer Airdrop လိုချင်ရင် BNB တွေကို Simple Earn ထဲ ထည့် HODL ထားရုံကလွဲပြီး ဘာမှလုပ်စရာမလိုပါဘူး။
.
ဒီတခေါက်မှာ BNB တွေ Simple Earn ထဲ မထည့်ထားမိလို့ NEWT မရလိုက်သူတွေအနေနဲ့လည်း အားမလျှော့ကြပါနဲ့။ အခုတည်းက BNB တွေကို Flexible ဒါမှမဟုတ် Locked Staking တွေထဲ ထည့်ထားရင်း နောက်တခါ HODLer airdrop အတွက် ကြိုတင်ပြင်ဆင်လို့ရသလို Megadrop ရော၊ Launchpool တွေရောအတွက်ပါ တခါတည်း ပြင်ဆင်ပြီးသားဖြစ်သွားမှာပါ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL