ရွှေနှစ်ရွေ ယှဉ်ကြရအောင်ပါ
Digital ရွှေအဖြစ် တင်စားကြလေ့ရှိတဲ့ Bitcoin နဲ့ ခေတ်အဆက်ဆက်မှာ စုဆောင်းစရာ၊ တန်ဖိုးကြီးပစ္စည်းတခုအနေနဲ့ မားမားမတ်မတ် ရပ်တည်နိုင်နေတဲ့ ရွှေတို့ကို ယှဉ်ကြပါမယ်။
.
နှစ်ခုစလုံးကိုတော့ တန်ဖိုးထိန်းသိမ်းရာ asset တွေအဖြစ် သတ်မှတ်ကြပေမယ့် Bitcoin က ရွှေနဲ့ နှိုင်းသင့်၊ မနှိုင်းသင့် အငြင်းပွားမှုတွေ အခုချိန်ထိ ရှိနေဆဲပါ။ အကြောင်းကတော့ ပေါ်လာတာ ဆယ်စုနှစ်တခုကျော်ရုံလေးပဲရှိသေးတဲ့အပြင် 2020 ခုနှစ်ဝန်းကျင်တွေမှာမှ လူတွေအတော်များများ လက်ခံသုံးစွဲလာလို့ တန်ဖိုးတက်လာတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရေးရာအဖြာဖြာပေါ်မူတည်ပြီး ဈေးအတက်အကျ ကြမ်းလွန်းတာကြောင့် တန်ဖိုးထိန်းသိမ်းရာ asset တခုအဖြစ် မသတ်မှတ်သင့်ဘူးလို့ ငြင်းခုန်သူတွေရှိကြပါတယ်။
.
ဒါကြောင့် ဒီဆောင်းပါးမှာတော့ ဘာတွေ ဘယ်လိုကွာခြားနေသလဲဆိုတာကို တချက်ချင်းနှိုင်းယှဉ်ကြည့်ကြပါမယ်။
ဈေးအတက်အကျ
ပထမဆုံးတချက်ကတော့ ဈေးအတက်အကျ စွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်ကြည့်ရအောင်ပါ။
Bitcoin ကတော့ အားလုံးသိကြတဲ့အတိုင်း အတက်ကြမ်း၊ အကျကြမ်းပါတယ်။ ရွှေကတော့ ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ ငွေကြေးဖောင်းပွမှုတွေပေါ်မူတည်ပြီး အတက်အကျဖြစ်နေသလို မကြာသေးခင်ကာလတွေတုန်းကပဲ ကုန်သွယ်စစ်ပွဲတွေကြောင့် stock ဈေးကွက်နဲ့ crypto ဈေးကွက် ပြိုဆင်းခဲ့ချိန်မှာ ရွှေဈေးတွေ ထိုးတက်ခဲ့ပါတယ်။
.
ဈေးနှုန်းစွမ်းဆောင်ရည်ပိုင်း ပြန်ယှဉ်မယ်ဆိုရင်တော့
Bitcoin ဟာ
January 1၊ 2020 ခုနစ်မှာ ပျမ်းမျှဈေး $7,200
December 31၊ 2020 ခုနစ်မှာ ပျမ်းမျှဈေး $28,900
December 31, 2021 ခုနစ်မှာ ပျမ်းမျှဈေး $46,300
December 31, 2022 ခုနစ်မှာ ပျမ်းမျှဈေး $16,500
December 31, 2023 ခုနစ်မှာ ပျမ်းမျှဈေး $42,000
December 31, 2024 ခုနစ်မှာ ပျမ်းမျှဈေး $85,000
May 17, 2025 ခုနစ်မှာ ပျမ်းမျှဈေး $103,000 ဝန်းကျင်ရှိနေပြီး 2020 ခုနှစ်ကနေ 2025 ခုနှစ် May လအတွင်း ဈေးတက်နှုန်းဟာ 1,330% အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ $69,000 လောက်ကနေ $16,000 လောက်အထိ ဈေးကျသွားခဲ့တာတွေကိုတော့ မေ့ထားခဲ့လို့မရပါဘူး။
.
ရွှေကတော့ ကမ္ဘာ့ရွှေတအောင်စကို
January 1, 2020 ခုနစ်မှာ ပျမ်းမျှဈေး $1,520
December 31, 2020 ခုနစ်မှာ ပျမ်းမျှဈေး $1,895
December 31, 2021 ခုနစ်မှာ ပျမ်းမျှဈေး $1,800
December 31, 2022 ခုနစ်မှာ ပျမ်းမျှဈေး $1,825
December 31, 2023 ခုနစ်မှာ ပျမ်းမျှဈေး $2,050
December 31, 2024 ခုနစ်မှာ ပျမ်းမျှဈေး $2,700
May 17, 2025 ခုနစ်မှာ ပျမ်းမျှဈေး $3,250 စီ အသီးသီးဈေးပေါက်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ ရွှေဈေးဟာ ဈေးအတက်အကျပိုင်းမှာတော့ ထူးခြားဖြစ်စဉ်ကြီးကြီးမားမား မရှိသရွေ့ တအိအိတက်၊ တအိအိဆင်းလေ့ရှိတဲ့ asset မျိုးဖြစ်ပြီး 2020 ခုနှစ်ကနေ 2025 ခုနှစ် May လအတွင်း ဈေးတက်နှုန်းကတော့ 114% ဖြစ်ပါတယ်။
.
ဒီနေရာမှာ သတိထားမိကြမယ့် ကွာခြားချက်ကြီးတခုကတော့ Bitcoin ဟာ ရွှေထက် ဈေးတက်အား အဆ 100 မက ကောင်းလွန်းနေတာပါပဲ။ အကြောင်းရင်းကတော့ ရွှေဟာ ကမ္ဘာမြေကြီးထဲက တူးရင်တူးသလို ထွက်နေဦးမှာဖြစ်ပေမယ့် Bitcoin ကတော့ စုစုပေါင်း 21 million သာ ထွက်မှာဖြစ်လို့ အချိန်ကြာလာတာနဲ့အမျှ ပို,ပိုပြီးရှားပါးလာမှာကြောင့် ဖြစ်ပါတယ်။
.
ဒါပေမယ့်လည်း Bitcoin ကို လူတွေလက်ခံနေမှသာ ဒီလိုမျိုးတန်ဖိုးရှိနေမှာဖြစ်ပြီး Bitcoin ကို မယုံကြည်ကြတော့ဘဲ လူတွေကလည်း လက်မခံကြတော့ဘူးဆိုရင် Bitcoin ရဲ့ တန်ဖိုးဟာ တဖြည်းဖြည်း ကျဆင်းသွားမှာပါ။ ရွှေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီကာလတွေမှာတည်းက တန်ဖိုးရှိပစ္စည်းတခုအဖြစ် သတ်မှတ်ခဲ့ကြပြီး အခုချိန်ထိလည်း ရွှေဆိုတာ နိုင်ငံသုံးငွေကြေးတွေထက် ပိုခိုင်မာမှုရှိပြီး ယုံကြည်စိတ်ချလို့ရတဲ့ တန်ဖိုးကြီးပစ္စည်းအဖြစ် သတ်မှတ်ထားကြဆဲပါ။
တန်ဖိုး
ဒီအခါမှာ ထပ်ပြီး စဉ်းစားစရာပေါ်လာတာကတော့ Bitcoin ဟာ လွန်ခဲ့တဲ့ 15 နှစ်လောက်ကမှ $0 ကနေ စခဲ့ပေမယ့် အခုချိန်မှာ $100,000 ကျော်အထိ ဘာကြောင့် တန်ဖိုးတက်လာတာပါလဲ?
အကြောင်းကတော့ လူတွေ ပို,ပိုပြီးလက်ခံလာလို့ဖြစ်သလို အစိုးရတွေ၊ ဘဏ္ဍာရေးအဖွဲ့အစည်းကြီးတွေကိုယ်တိုင်ကိုက Bitcoin နဲ့ blockchain နည်းပညာတွေကို အသိအမှတ်ပြုလာကြပြီး industry ရဲ့ တီထွင်ဆန်းသစ်မှုအားတွေ ကောင်းခဲ့ကြလို့ ဒီလောက်အထိ တန်ဖိုးတက်လာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရတာဖြစ်ပါတယ်။
.
ဒီနေရာမှာ စည်းကြပ်ခွန်မင်းတြားကြီး Trump ရဲ့ အခန်းကဏ္ဍကိုလည်း ထည့်မပြောလို့မရပါဘူး။ သူ့လက်ထက်မှာ Bitcoin အပါအဝင် blockchain နည်းပညာတွေကို မြေတောင်မြှောက်ပေးသွားမယ်လို့ မဲဆွယ်ပွဲတွေမှာ အကြိမ်ကြိမ် မဲဆွယ်ခဲ့တာကြောင့် Bitcoin ရဲ့ ဈေးဟာ ဒီလောက်အထိ တက်လာခဲ့တာပါ။ ဒါ့အပြင် BlackRock တို့လို $ trillion နဲ့ချီ တန်ကြေးရှိတဲ့ အဖွဲ့အစည်းကြီးတွေရဲ့ Bitcoin ETF တွေဟာလည်း Bitcoin ဈေးတက်စေဖို့ လောင်စာတွေဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း အစိုးရတွေ၊ အဖွဲ့အစည်းကြီးတွေမှာ Bitcoin နဲ့ blockchain နည်းပညာတွေကို များများလက်ခံလာလေလေ၊ Bitcoin ရဲ့ တန်ဖိုးဟာလည်း တက်လာလေလေဖြစ်ဦးမှာဖြစ်ပြီး 4 နှစ်တခါ Bitcoin halving ကြောင့်လည်း Bitcoin တွေဟာ ရှားပါးသထက်ရှားပါးလာဦးမှာပါ။
.
အဓိကကတော့ လူတွေက Bitcoin ကို ယုံကြည်လက်ခံနေသရွေ့၊ Bitcoin ရဲ့ နည်းပညာနဲ့ စနစ်ကို ယုံကြည်နေသရွေ့ Bitcoin ဟာ တန်ဖိုးရှိနေဦးမှာဖြစ်ပါတယ်။
ဒါဆို ရွှေဖြစ်ဖြစ်၊ Bitcoin ဖြစ်ဖြစ်၊ ဝယ်မယ်ဆို ဘာတွေသိထားရမလဲ?
ရွှေကတော့ ဈေးသိသိသာသာထိုးကျသွားဖို့ဆိုတာ အတော်လေးခဲယဉ်းတဲ့ asset တခုဖြစ်တာကြောင့် ဈေးကျမှာကို စိတ်မပူတတ်ကြဘဲ ထိန်းသိမ်းဖို့၊ ရွှေ့ပြောင်းဖို့ကိုသာ စိုးရိမ်တတ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ အာဏာရူးတွေက ထုတ်ပြန်ထားတာကတဈေး၊ ရွှေဆိုင်တွေကို ဖုန်းဆက်မေးရင်က တဈေး၊ ဆိုင်မှာသွားဝယ်ရင်က တဈေး၊ ဘောင်ချာဖြတ်ရင်က တဈေးနဲ့ဆိုတော့ ဝယ်တဲ့ရောင်းတဲ့နေရာမှာပါ ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။
နောက်တချက်ကတော့ ထိန်းသိမ်းတဲ့နေရာဖြစ်ပါတယ်။ နေရာတကာခိုးဆိုးလုနှိုက်တွေ ပေါများနေချိန်မှာ မရှိဝမ်းစာ၊ ရှိတန်ဆာအဖြစ် ရွှေဝယ်ထားပြီးလည်း နေရာတကာ ရွှေတဝင်းဝင်းနဲ့ သွားလို့လာလို့မရသလို အိမ်မှာထားခဲ့ပြန်ရင်လည်း သူခိုးဝင်ခိုးသွားမှာ၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အိမ်တွေပြိုကျပျက်စီးရာမှာ ပါသွားမှာ စသဖြင့် စိုးရိမ်ပူပန်စရာတွေရှိပါတယ်။
ဒါပေမယ့် အတော်များများကတော့ ရွှေဝယ်ရင် ဒါမျိုးအချက်တွေကို ထည့်စဉ်းစားကြတာနည်းပြီး ငွေကြေးဖောင်းပွမှုကနေ ကာကွယ်ဖို့၊ နောင်ရေးသေချာချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့သာ ရွှေဝယ်စုကြတာများပါတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေရဲ့ ရွေးချယ်မှုတခုဖြစ်သလို အမြတ်နည်းနည်း၊ risk နည်းနည်းနဲ့ တန်ဖိုးထိန်းသိမ်းတဲ့ asset တခုလည်းဖြစ်ပါတယ်။
.
Bitcoin ဝယ်မယ်ဆိုရင်တော့ ကမ္ဘာ့ရေးရာအဖြာဖြာပေါ်မူတည်ပြီး ဈေးအတက်အကျကြမ်းတာကို သိထားရပါမယ်။ ထိန်းသိမ်းတဲ့အခါမှာလည်း exchange တွေမှာ သိမ်းတာမျိုးထက် ကိုယ်ပိုင် wallet ထဲမှာ ထည့်သိမ်းတာက အလုံခြုံဆုံးဖြစ်ပါတယ်။ ဒါပေမယ့် အခုမှ Bitcoin စဝယ်မယ့်သူတွေအတွက်တော့ ရွှေလိုမျိုး ဆိုင်ကနေ ဝယ်လာပြီး မီးခံသေတ္တာထဲ ထည့်သိမ်းတာလိုမျိုးတော့ လွယ်ကူမှာမဟုတ်ဘဲ အရင်ဆုံး Bitcoin နဲ့ပတ်သက်တဲ့ အခြေခံလုံခြုံရေး ဆောင်ရန်၊ ရှောင်ရန်တွေ လေ့လာထားမှသာ အလိမ်ခံရတာတွေ၊ အမှားအယွင်းဖြစ်တာမျိုးတွေ မရှိနိုင်မှာပါ။
.
နောက်တချက်ကတော့ အခုချိန်မှာ Bitcoin ကို ကမ္ဘာ့နိုင်ငံအစိုးရတွေက လက်ခံလာကြပြီဆိုပေမယ့် ဥပဒေတွေကတော့ အတည်တကျမဟုတ်သေးဘဲ ပြောင်းလဲပြင်ဆင်တာတွေ အများကြီးရှိလာနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအချက်တွေပေါ်မူတည်ပြီး ဈေးအတက်အကျကြမ်းနိုင်တာကိုလည်း သတိထားသင့်ပါတယ်။ Bitcoin စုကြသူတွေထဲမှာ လူငယ်တွေနဲ့ သက်လတ်ပိုင်းအရွယ်တွေ ပါဝင်ပြီး risk လည်းများများယူရဲ၊ အမြတ်လည်း များများလိုချင်တဲ့သူမျိုးတွေလို့ ဆိုနိုင်ပါတယ်။
.
နိဂုံးချုပ်ရရင်တော့ Bitcoin နဲ့ ရွှေ ဘယ်ဟာပိုသာလဲလို့မေးရင် ကိုယ့်အကြိုက်နဲ့ကိုယ်ပဲလို့ ဖြေရမှာပါပဲ။ ဖြစ်လာနိုင်တဲ့ဆုံးရှုံးမှုတွေကို သိထားတယ်ဆိုရင် ကိုယ်နဲ့ကိုက်ညီတဲ့ asset ကို ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် နှစ်ခုလုံး မျှကိုင်ချင်တယ်ဆိုလည်း အဆင်ပြေတာပါပဲ။ နှစ်ခုလုံးမျှကိုင်ချင်တာမဟုတ်ဘဲ ရွှေမှရွှေပဲ၊ ဒါပေမယ့် လက်ထဲမှာကိုင်ထားရတာ စိတ်မချဘူးဆိုသူတွေအတွက်လည်း blockchain နည်းပညာက အဖြေထုတ်ပေးထားပါတယ်။
ဒီဆောင်းပါးကနေ တွေးစရာတခုရသွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL