Part 1

အဓိကသိထားရမယ့်အချက်များ

👉- အတုအယောင် Crypto ရင်းနှီးမြှုပ်နှံမှုပလပ်ဖောင်းတွေက သူတို့ကိုယ်သူတို့ ဖော်ပြတဲ့အခါ အလွယ်တကူမှားယွင်းနေတဲ့အချက်တွေရှိတတ်ပါတယ်။

👉- အများစုက အတုအယောင်သုံးသပ်ချက်တွေ၊ မှားနေတဲ့ဆက်သွယ်ရန်အချက်အလက်တွေနဲ့ လက်တွေ့မကျတဲ့ကတိတွေကို အသုံးပြုပြီး သင့်ကိုဆွဲဆောင်တတ်ပါတယ်။

👉- အကောင်းဆုံးနည်းလမ်းကတော့ သံသယဝင်နေပါ။ ဒီအန္တရာယ်လက္ခဏာတွေကို သတိထားကြည့်ရှုခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်နေစဉ် ဘေးကင်းစေနိုင်ပါတယ်။

✍️ Crypto လှည်ဖြားမှုတွေကို ဘယ်လိုသိမလဲ

Crypto ရင်းနှီးမြှုပ်နှံမှုပလပ်ဖောင်းတစ်ခုရွေးချယ်တဲ့အခါ သတိထားရမယ့် အန္တရာယ်လက္ခဏာ (၁၀) ချက် ရှိပါတယ်။

ပထမ အနေနဲ့ ၅ ချက်ကို ‌အရင်ပြောပြပေးမယ်။

🤔၁။ လက်တွေ့မကျတဲ့ အမြတ်အစွန်းတွေကတိပေးခြင်း

ဘာကိုသတိထားရမလဲ

- အတုအယောင်ပလပ်ဖောင်းတွေက "ရက်ပိုင်းအတွင်း Bitcoin ၁ ခုရမယ်" ဆိုတဲ့လက်တွေ့မကျတဲ့ကတိတွေနဲ့ သင့်ကိုဆွဲဆောင်တတ်ပါတယ်။

တကယ်အလုပ်လုပ်တဲ့ Crypto လှဲ့ပြောင်းရေးစနစ်တွေက ဒီလိုအထူးအခွင့်အရေးတွေနဲ့ မကမ်းလှမ်းပါဘူး။

$SOL

🤓ဘယ်လိုစစ်ဆေးမလဲ

- ပလပ်ဖောင်းရဲ့ဝန်ဆောင်မှုတွေကိုယ်တိုင်က အလိုလိုသိစေပါတယ်။ အထူးသဖြင့် အကောင့်ဖွင့်ပြီး ရက်ပိုင်းအတွင်း Bitcoin ရနိုင်တယ်ဆိုတဲ့ကတိတွေကို ယုံကြည်မနေပါနဲ့။

👥၂။ အတုအယောင် အဖွဲ့ဝင်များ

ဘာကိုသတိထားရမလဲ

- "ကျွန်ုပ်တို့အဖွဲ့" စာမျက်နှာတွေမှာ ဓာတ်ပုံတွေ၊ ဖော်ပြချက်တွေနဲ့ LinkedIn (သို့) အခြားအတည်ပြုထားတဲ့လူမှုကွန်ရက်လင့်ခ်တွေ မပါရှိဘူးဆိုရင် သတိထားပါ။

ဘယ်လိုစစ်ဆေးမလဲ

- အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ စီမံကိန်းသမိုင်းကို သေချာစွာလေ့လာပါ။

အတုအယောင်လူမှုကွန်ရက်စာမျက်နှာတွေလည်း ရှိနိုင်တာကြောင့် အဖွဲ့ဝင်တွေနဲ့ပတ်သက်တဲ့ တကယ့်အပြန်အလှန်ဆက်သွယ်မှုတွေရှိမရှိ စစ်ဆေးပါ။

🎂၃။ မညီညွတ်တဲ့ White Paper

ဘာကိုသတိထားရမလဲ

- White Paper ဆိုတာက ChatGPT ကနေရေးထားတာ (သို့) တခြားတကယ့်စီမံကိန်းတစ်ခုကနေ ခိုးကူးထားတာဖြစ်နိုင်ပါတယ်။

ဘယ်လိုစစ်ဆေးမလဲ - White Paper ကိုသေချာဖတ်ပြီး တကယ့်အသုံးဝင်မှုရှိမရှိ၊ တကယ့်ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်မလား၊ အနာဂတ်အတွက်အစီအစဉ်တွေက လက်တွေ့ကျမကျ စစ်ဆေးပါ။

$XRP

🍫 ၄။ အတုအယောင် ထောက်ခံချက်များ

ဘာကိုသတိထားရမလဲ

- Forbes လိုမျိုး ကုမ္ပဏီလိုဂိုတွေကို ကူးထည့်ပြီး အတုအယောင်ထောက်ခံချက်တွေကို ပလပ်ဖောင်းရဲ့ပင်မစာမျက်နှာမှာ ထည့်ထားတတ်ပါတယ်။

ဘယ်လိုစစ်ဆေးမလဲ

- သတင်းထုတ်ပြန်ချက်တွေနဲ့ အခြားအတည်ပြုထောက်ခံချက်တွေကို သီးသန့်ရှာဖွေပါ။ Cointelegraph ကဲ့သို့သော ဝက်ဘ်ဆိုဒ်တွေမှာ တရားဝင်လှဲ့ပြောင်းရေးစနစ်တွေရဲ့စာရင်းကို ကြည့်နိုင်ပါတယ်။

🤥 ၅။ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အချက်အလက်မရှိခြင်း

ဘာကိုသတိထားရမလဲ

- ဗဟိုချုပ်ကိုင်မှုရှိတဲ့ပလပ်ဖောင်းတွေဟာ သင့်အစိုးရရဲ့ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ခွင့်မရှိပါဘူး။

ဘယ်လိုစစ်ဆေးမလဲ

- အစိုးရရဲ့ဒေတာဘေ့စ်တွေမှာ ပလပ်ဖောင်းတစ်ခုရဲ့လိုင်စင်ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

ဥပမာ - Tether (USDT) ရဲ့ CEO က ဥရောပသမဂ္ဂရဲ့ MiCA စည်းမျဉ်းကို လိုက်နာဖို့ငြင်းဆန်နေပါတယ်။

😬သိထားရမယ့်အချက်

- FTC မှာ Crypto လှည်ဖြားမှုတွေကို ကုမ္ပဏီနာမည်၊ လှည်ဖြားမှုအမျိုးအစားနဲ့ အခြားသော့ချက်စာလုံးတွေနဲ့ ရှာဖွေနိုင်တဲ့ လမ်းညွှန်စာမျက်နှာရှိပါတယ်။

ဒီအချက်တွေကို သတိထားပြီး လုံခြုံစွာ ရင်းနှီးမြှုပ်နှံနိုင်ပါစေ။

Credit to Cointelegraph

#helenthant #crypto #FAKENEWS #Beginnersguide #CryptoEducation💡🚀