HODLer Airdrop STO Project
ဒီတစ်ခေါက်မှာတော့ liquidity infrastructure protocol တစ်ခုဖြစ်တဲ့ StakeStone ကနေ airdrop ပေးလိုက်တာဖြစ်ပါတယ်။
StakeStone ဆိုတာဘာလဲ?
StakeStone ဟာ Multichain Liquidity Infrastructure Protocol တစ်ခုဖြစ်ပြီး၊ blockchain များစွာပေါ်မှာ BTC liquidity ကို စည်းကမ်းရှိရှိ စီမံခန့်ခွဲပေးဖို ရည်ရွယ်ပါတယ်။ DeFi world ထဲမှာ BTC တွေကို ပိုမိုအဆင်ပြေပြီး ကျစ်လစ်အောင် အသုံးချနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။ Berachain၊ Manta နဲ့ Scroll တို့လို blockchain အသစ်တွေမှာပါ အသုံးပြုနိုင်ပြီး, protocol ရဲ့ အဓိက token ကတော့ STO ဖြစ်ပါတယ်။ ဒီ STO ကို LayerZero နည်းပညာကိုအသုံးပြုထားတဲ့ OFT (Omnichain Fungible Token) အဖြစ် တည်ဆောက်ထားတာကြောင့် blockchain များစွာကြားမှာ လွှဲပြောင်းနိုင်တာ ဖြစ်ပါတယ်။ StakeStone ရဲ့ funding ကတော့ $33 million အထိ ရှိပြီး အဓိကရင်းနှီးမြှုပ်နှံသူတွေထဲမှာ Binance Labs၊ Animoca Ventures တိုလို အဖွဲအစည်းကြီးတွေ ပါဝင်နေပါတယ်။
StakeStone ရဲ့အဓိကရည်ရွယ်ချက်တွေကတော့:
BTC liquidity ကို EVM-compatible blockchains နဲ့ layer 1, layer 2 networks တွေမှာ အသုံးချနိုင်အောင်ပြုလုပ်ခြင်း။
BTC-backed yield bearing tokens (STONEBTC, SBTC) ထုတ်ခြင်း။
Real world assets (RWA), Artificial Intelligence (AI), Intellectual Property (IP) စတဲ့ ecosystem များနဲ့ အပြန်အလှန်ပေါင်းဆက်ထားခြင်းပဲဖြစ်ပါတယ်။
လက်ရှိမှာ StakeStone ပေါ်မှာ staking လုပ်သူ 330,000 ကျော် ရှိပြီး, transaction အရေအတွက်ကလည်း 476 million ကျော်ရှိနေပြီ ဖြစ်ပါတယ်။ Protocol ဟာ Layer 1, Layer 2, AI, RWA, IP စတဲ့ ecosystem များ 100 ကျော်မှာလည်း လည်ပတ်နေပါတယ်။ Funding ပိုင်းမှာတော့ $33 million ရှိပြီး, Binance Labs, Animoca Ventures တို့လို ထင်ရှားတဲ့ investor တွေအပါအဝင် ပါဝင်ထားပါတယ်။ STO token ရဲ့ total supply ကတော့ 1 billion ဖြစ်ပြီး, Binance listing အပြီးမှာ circulating supply က 225.33 million ဖြစ်ပါတယ်။
Binance HODLer Airdrop တွေကတော့ BNB ကို Simple Earn ထဲမှာ stake ထားသူတွေကို surprise လက်ဆောင်အဖြစ်ပေးတဲ့အရာဖြစ်ပါတယ်။ ဒီတခေါက် STO airdrop အတွက်လည်း April 27 - 29 ကြားမှာ BNB ကို Simple Earn ထဲမှာရှိနေသူတွေကိုပေးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နောက်ထပ် HODLer Airdrop တွေကို မလွတ်ချင်ရင် BNB ကို Flexible ဒါမှမဟုတ် Locked Staking ထဲမှာ ထည့်ထားလိုက်ရုံနဲ့ ရပါတယ်။ ထို့အပြင် future မှာရှိမယ့် Megadrop နဲ့ Launchpool event တွေအတွက်ပါ ကြိုတင်ပြင်ဆင်ထားတာဖြစ်လာမှာပါ။