အခုတခေါက် Binance Launchpool မှာ ထပ်မံမိတ်ဆက်လာတဲ့ project ကတော့ လူအများသိပြီးသား Wallet Connect Network ဖြစ်ပါတယ်။ Platform တစ်ခုနဲ့ wallet ချိတ်ဖို့လုပ်တဲ့အခါတိုင်း တွေ့နေကြတာကတော့ Wallet Connect ပါပဲ။ ဒီတစ်ခေါက်တော့ သူတို့ရဲ့ ကိုယ်ပိုင် token ဖြစ်တဲ့ WCT ကို Launchpool မှတစ်ဆင့် စတင်မိတ်ဆက်လာတာပေါ့။
Wallet Connect က ဘာလုပ်တာလဲဆိုတာလေ ရိုးရိုးလေး ပြောမယ်ဆိုရင် တစ်ခုနဲ့တစ်ခု wallet ချိတ်ပေးတာပဲ။ ဒါပေမယ့် သေချာလေ့လာကြည့်ရင် blockchain မျိုးစုံက dApps တွေနဲ့ wallet တွေချိတ်ပေးတာဖြစ်လို့ ထင်သလို ရိုးရှင်းတာတော့ မဟုတ်ပါဘူး။
Wallet Connect Network လည်ပတ်ပုံကို အပိုင်း 3 ပိုင်းခွဲထားပါတယ်။ ပထမဆုံးတခုကတော့ Wallet Connect network ကို node operator တွေအများကြီးကြား ဖြန့်ပေးထားပြီးတော့ ဒီ node တွေကနေတဆင့် data တွေကို ကူးသန်းပေးပါတယ်။ ပြီးရင်တော့ developer တွေအတွက် အလုပ်လုပ်ရလွယ်ကူအောင် ဖန်တီးပေးထားတဲ့ SDK (Software Development Kit) တွေကနေတဆင့် blockchain တွေပေါ်က app တွေနဲ့ wallet တွေကြား ချိတ်ဆက်လို့ရနိုင်စေပါတယ်။
Binance Launchpool မှာ farming လုပ်လို့ရမယ့် WCT Token ဟာ Wallet Connect ရဲ့ main token ဖြစ်ပြီး
Staking reward
Governance voting
Network fees
အဖြစ်သုံးလို့ရသလို နောင်မှာတော့ Beta testing, Exclusive access to apps တွေလည်း ရနိုင်မယ်လို့ သတင်းထွက်နေပါပြီ။
Total supply က 1 billion ဖြစ်ပြီး Binance မှာ listing ပြီးတာနဲ့ 186.2 million WCT လောက် circulation ထဲဝင်လာမှာ ဖြစ်ပါတယ် ။
Tokenomics ကတော့ အဲဒီလိုမျိုး ခွဲထားပါတယ်...
Public Sale – 4%
Private Sale – 1%
Token Warrant – 11.25%
Protocol Development – 7%
Seasonal Airdrops – 13.5%
Binance Users – 5%
Treasury – 20.06%
Market Makers – 2.2%
Team – 18.5%
Rewards Pool – 17.5%
Launchpool မှာပါဝင်တဲ့ WCT အရေအတွက်တွေကတော့ –
BNB pool – 34 million
FDUSD pool – 2 million
USDC pool – 4 million
Farm လုပ်တဲ့အခါမှာ –
BNB နဲ့ဆိုရင် တစ်နာရီကို အများဆုံး 35,416 WCT
FDUSD နဲ့ဆိုရင် 2,083 WCT
USDC နဲ့ဆိုရင် 4,166 WCT အထိ ရနိုင်ပါတယ်။
April 15 ရက်နေ့ ည 5:30PM မှာ Binance Spot မှာ WCT trading လုပ်လို့ရပါတယ် ။#BinanceLaunchPool🔥 #BinanceUpdates #BinanceTalks