Binance Megadrop ပေါ်မှာ Ethereum နဲ့ BNB Chain ပေါ်က restaking ecosystem တခုဖြစ်တဲ့ KernelDAO ကို Megadrop တကျော့ပြန် project အဖြစ် မိတ်ဆက်လာခဲ့တာဖြစ်ပြီး ETH၊ BTC နဲ့ BNB တို့လိုမျိုး asset တွေကို လုံခြုံရေးစိတ်ချလက်ချနဲ့ liquidity အဖြစ်ရော၊ reward ပြန်ပေးနိုင်တဲ့ staking platform ပုံစံတခုအနေနဲ့ပါ ဖန်တီးပေးထားတာပါ။
.

Ecosystem

KernelDAO ecosystem ထဲမှာ BNB Chain ပေါ်က Kernel ဆိုတဲ့ security product တခု၊ Kelp LRT (rsETH) ဆိုတဲ့ ETH အခြေပြု အပေါင်ပစ္စည်းတွေကို လက်ခံတဲ့ product တခုနဲ့ Gain ဆိုတဲ့ non-custodial vault လိုမျိုး product တွေ ပါဝင်ပါတယ်။ Gain ထဲမှာကတော့ network မျိုးစုံပေါ်က airdrop တွေ၊ reward တွေနဲ့ point တွေကို reward တွေအသွင်ပြောင်းပေးထားတာလည်း ဖြစ်ပါတယ်။
.
KernelDAO ရဲ့ funding အနေနဲ့ကတော့ private token sale နှစ်ခါကနေတဆင့် $10.5 million အထိ ရထားပြီး total supply ထဲက 15.88% ကို ထုတ်ရောင်းထားပြီးပါပြီ။
Partnership တွေအနေနဲ့ကတော့ DeFi project ပေါင်း 150 ကျော်နဲ့ အလုပ်တွဲလုပ်နေသလို layer 2 network ပေါင်း 10 ခုကျော်မှာလည်း KernelDAO service တွေကို သုံးလို့ရနိုင်နေပါတယ်။
.
KernelDAO ပေါ်က Gain vault တွေထဲမှာ ဆိုရင်လည်း TVL က $130 million ကျော်ဖိုး အထိ asset တွေ ရှိနေပြီးတော့ userbase အနေနဲ့ကတော့ လက်ရှိမှာ 15,000 ဝန်းကျင်ရှိနေပါတယ်။ နောက်ပိုင်းမှာလည်း Operator mainnet launch လုပ်ဖို့တွေ၊ Gain vault တွေကို stablecoin တွေနဲ့ BTC vault တွေအပါအဝင် RWA (Real-World Assets) တွေပါ သုံးလို့ရနိုင်မယ့် vault တွေအဖြစ် တိုးချဲ့သွားဖို့တွေ ရှိနေပါတယ်။
.
KernelDAO ရဲ့ native token ကတော့ KERNEL ဖြစ်ပြီး native token တို့ရဲ့ ဂုဏ်သတ္တိတွေဖြစ်တဲ့ gas fees တို့၊ governance တို့၊ staking reward တို့မှာ KERNEL ကို အဓိကသုံးသွားမှာပါ။
KERNEL ရဲ့ total supply ကတော့ 1 billion ရှိပြီး Binance မှာ list ပြီးချိန်မှာတော့ circulating supply ဟာ 162 million ကျော် ရှိလာမှာပါ။
.

Tokenomics

Tokenomics အနေနဲ့ကတော့
Community reward တွေနဲ့ airdrop အတွက် 45.85%
Binance Megadrop အတွက် 8%
CEX တွေမှာ marketing လုပ်ဖို့အတွက် 1.15%
Kernel team နဲ့ advisor တွေအတွက် 20%
Ecosystem နဲ့ strategic partner တွေအတွက် 5% နဲ့
Future reserve တွေအတွက် 4.12% စီ အသီးသီး သတ်မှတ်ထားပါတယ်။
.
Binance Megadrop နဲ့ launchpool တို့ရဲ့ ကွာခြားချက်ကတော့ Megadrop ဟာ အပြင်မှာ မရှိသေးတဲ့ အသစ်စက်စက် token တွေကို launch လုပ်တာဖြစ်ပြီး launchpool ကတော့ အပြင်မှာ airdrop တွေပေးထားပြီးသား၊ ဒါမှမဟုတ် အချို့ exchange တွေမှာ ဝယ်လို့ရနေပြီးသား token တွေကို launch လုပ်တာပါ။
.
Megadrop ရဲ့ ထူးခြားချက်တစ်ခုကတော့ score ပေါ်မှာ အခြေခံထားတဲ့အချက်ဖြစ်ပြီး BNB တွေကို အချိန်ကြာကြာ၊ ပမာဏများများ locked stake ထားနိုင်လေ၊ ပြန်ရနိုင်မယ့် score များလေဖြစ်ပြီး သတ်မှတ်ထားတဲ့ Web3 quest တွေလုပ်ပြီးရင်လည်း score တွေ ထပ်ရနိုင်ဦးမှာပါ။
.
ပြီးရင်တော့ ဒီ score တွေပေါ်မူတည်ပြီး token ခွဲတမ်းတွေပြန်ချ၊ distribute လုပ်ပေးတာဖြစ်ပါတယ်။
.
KernelDAO Megadrop အတွက် Web3 quest တွေကိုတော့ အခုချိန်ထိ မကြေငြာသေးတာကြောင့် ကြေငြာတဲ့အချိန်မှာ Web3 quest လုပ်ပုံလုပ်နည်း video ကိုပါ ထပ်တင်ပေးသွားပါမယ်။
အားလုံးပဲ Megadrop ကနေ Mega profit တွေ ရနိုင်ကြပါစေ။
.
Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=SBKZZWWJ
.
Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL